Wednesday, January 2, 2013

သခင်စိတ်ဓါတ်၊ သခင်အကျင့်

သခင်စိတ်ဓာတ်၊ သခင်အကျင့် By မင်းသုည
''သခင်လား ကျွန်လား ရိုးရိုးကျင့် မြင့်မြင့်ကြံ မှန်တာလုပ် ဟုတ်တာပြော'' တဲ့ … ဒါ … သခင်တယောက်ရဲ့ စိတ်ဓာတ်နဲ့ သခင်တယောက်ရဲ့ အကျင့်မြတ်ပဲ။ သခင်ဆိုတာ မရ,သင့်တဲ့ အခွင့်အရေး ဘယ်သူပေးပေး မယူဘူး၊ "ထမင်းကြမ်းခဲ" ပြလို့ အမြီးနှံ့ပြရ,တာ သခင်မဟုတ် ကျွန်ရဲ့အလုပ်ပဲ။ သခင်ဆိုတာ ဗဟုသုတ,နဲ့ ယုံကြည်မှုရှိ စိန်ရွှေငွေ ဏ သ တ န မ တွေ သူမကြည့် တိုင်းပြည်ရဲ့ တာဝန်ကို သိတယ်။ တိုင်းပြည်နဲ့ မိမိတာဝန် ချိန်ခွင်လျှာ တင်ကြည့်ရင် တိုင်းပြည်က အလေးသာတယ်။ ကျွန်ဆိုတာ … ခံမပြောရဲဘူး ဟောက်ငေါက်သမျှ ဖိခံ မှန်မမှန် သူမသိ သူသိတာက သခင်အလိုကျ အမြီးနှံ့ပြဖို့။ သခင်ဆိုတာ … ခိုင်းလို့မဟုတ် တာဝန်သိလို့ လုပ်တယ်၊ မဟောက်နဲ့ မငေါက်နဲ့ ကြောက်တတ်တဲ့ အလေ့မရှိ မမှန်တာ သူသိရင် ဖွင့်ဟ,ဖို့ ၀န်မလေး အသက်ပေးဆောင်ရွက် ဒါ … သခင်စိတ်ဓာတ်နဲ့ သခင်တယောက်ရဲ့ အကျင့်မြတ်ပဲ။ သခင်နဲ့ ကျွန် ချိန်ခွင်လျှာတင်ကြည့် သခင်လား? ကျွန်လား? ခွဲခွဲခြားခြား သိချင်တယ် ကွဲကွဲပြားပြား သိချင်တယ် အဖြေ …။ မင်းသုည ၁၃-၁၁-၂၀၀၈ Copy from http://www.mizzimaburmese.com/yatha-bank/poem/1984-2008-11-14-11-00-20.html
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment