Wednesday, January 2, 2013

ကေအဲန်ယူ ဥက္ကဌနှင့် ခေါင်းဆောင်အချို့ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံမည်

ဇန်န၀ါရီလ ၃ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)
ထိပ်ပိုင်း ကေအဲန်ယူ ခေါင်းဆောင်များရဲ့ အစည်းအဝေး။ ဓါတ်ပုံ-ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၏ ဥက္ကဌ အပါအ၀င် ထိပ်ပိုင်းခေါင်းဆောင်အချို့သည် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ်ချက်အရ နေပြည်တော်သို့ သွားရောက်တွေ့ဆုံရန် ထိုင်း-မြန်မာနယ်စပ်မှ ယနေ့ စတင် ထွက်ခွာသွားပြီဖြစ်သည်။

ယခုခရီးစဉ်ကို ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးမှ ဦးဆောင်၍ ကျန်ပါဝင်သူ ခေါင်းဆောင်များမှာ အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ တွဲဖက် အတွင်းရေးမှူး(၂) ပဒိုမန်းမန်းမန်း၊ ပဒိုမန်းငြိမ်းမောင်နှင့် ပဒိုစောလှထွန်းတို့ ဖြစ်ကြပြီး အသေး စိတ်ကို ကေအိုင်စီမှ မကြာခင် ဆက်လက် ဖော်ပြသွားမည်ဖြစ်သည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment