Thursday, January 3, 2013

ကေအဲန်ယူ မြို့နယ်အဆင့် ဥက္ကဌတဦး သေဆုံး

ကေအဲန်ယူ တပ်မဟာ ၄၊ ဘိတ်ထားဝယ် ခရိုင်မှ မုလား မြို့နယ် ဥက္ကဌ ပဒို စောအယ်ထူးသည် ဇန်န၀ါရီလ ၁ရက်နေ့တွင် သေဆုံးသွားခဲ့သည်ဟု ကွယ်ကလူ သတင်းအရ သိရှိရသည်။


မည်သည့် ရောဂါဖြင့် သေဆုံးခဲ့ရသည်ကို တိတိကျကျ မသိရကြောင်းနှင့် မျက်မြင်သက်သေတွေ အဆိုအရ  သေဆုံးချိန်တွင် တကိုယ်လုံး နီရဲလာသည်ကို တွေ့မြင်ရကြောင်း မုလား မြို့နယ် အတွင်းရေးမှူး ပဒိုအယ်ကော်၏ ပြောဆိုချက်ကို ကိုးကားပြီး ကွယ်ကလူ သတင်းတွင် ဖော်ပြထားသည်။

သတင်းအပြည့်အစုံကို အောက်က လင့်ခ်တွင် ကြည့်ရှူနိုင်သည်။
http://www.kwekalu.net/updatenews/pdoh%20ehhtoo%20passaway.html

(မှတ်ချက်- တချိန်က ဗိုလ်ချုပ်မြရဲ့ သားကြီး ၂၀၂ဗဟို အထူးတပ်ရင်းမှူး စောနေကော်မြ ရန်သူတွေနဲ့ အရက်သွားသောက်ပြီး ပြန်အလာ အဆိပ်ခတ်ခံထိပြီး သေဆုံးသွားတဲ့ လက္ခာဏာနှင့် ဆင်တူနေသဖြင့် ယခု ပဒိုအယ်ထူး သေဆုံးသွားတဲ့ အကြောင်းရင်းကို ဆက်လက် စုံစမ်း ဖော်ထုတ်ဖို့ လိုပါတယ်)








Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment