ဗိုလ်မှူး စောလုံးလုံ ဗိုလ်ချုပ်စောလားပွယ် မန်းရောဘတ်ဇန် နဲ့ စောဂုဏ်အောင်
ကလိုထူးဘောကရင်အစည်းအရုံး (K.K.O) ၏ ၁/၂၀၁၃ ကြေငြာချက်
ရက်စွဲ ။ ။ ၂၀၁၃ မတ်လ ( )ရက်
အကြောင်းအရာ။ ။ ကလိုထူးဘောနာယက ဗိုလ်ချုပ်စောလားပွယ်၏၂၀၁၂
စက်တင်ဘာလ(၁၁)ရက်
နေ့တွင်ထုတ်ပြန်ခဲ့သော
ကြေငြာချက်အား ပြန်လည်ရုတ်သိမ်းခြင်း။
ကလိုထူးဘောကရင့်အစည်းအရုံးသည်
ကရင်လူမျိုးများ၏ နိုင်ငံရေး၊ လူမှုရေး၊
စီးပွားရေး ကိုမြှင့်တင်ဆောင်ရွက်ရန်ရည်ရွယ်ပြီး
ကလိုထူးဘောတပ်ဖွဲ့ကိုအခြေခံ၍ဖွဲ့စည်း
ခဲ့သော အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။
ကလိုထူးဘောအစည်းအရုံး
ဥက္ကဋ္ဌ မန်းရောဘတ်ဘဇန်နှင့် အတွင်းရေးမှုး
စောသောမတ်(ခေါ်)စောဂုဏ်အောင်တို့၏လုပ်ဆောင်ချက်အချို့တို့သည်
တပ်နှင့်ပါတီအကြား
နားလည်မှုသဘောထားများ ကွဲလွဲမည်ကို
စိုးရိမ်ရသောကြောင့် ၎င်းပုဂ္ဂိုလ်နှစ်ဦးတို့အား
တာဝန်မှယာယီရပ်ဆိုင်းထားရခြင်းဖြစ်သည်။
ယခုအခါ တပ်နှင့်ပါတီအကြား
ညှိနှိုင်းဆောင်ရွက်၍ သဘောပေါက်နားလည်မှုများ
ရရှိပြီးဖြစ်သောကြောင့် မိမိတို့၏မူလတာဝန်များကို ယခင်အတိုင်းပြန်လည်တာဝန်ယူလုပ်ကိုင်
နိုင်ရန် ဤကြေငြာချက်အား ထုတ်ပြန်လိုက်သည်။
ဗိုလ်ချုပ်စောလားပွယ်
ကလိုထူးဘော ကရင်အစည်းအရုံး
(D.K.B.A)