Thursday, May 9, 2013

သြစီရောက် ကရင်တွေရဲ့ ပိုးကရင်စာပေ သင်တန်းဆင်းပွဲနှင့် ဗုဒ္ဓစာပေ ယဉ်ကျေးမှု သင်တန်းဆင်းပွဲ (ရုပ်သံ)

မိမိတို့ရဲ့ ရင်သွေးငယ် သားသမီးများ မိမိတို့ ဘာသာစကား စာပေကို တတ်ကျွမ်းအောင်နှင့် ဗုဒ္ဓစာပေယဉ်ကျေးမှုတွေကို နားလည် သိရှိနိုင်ရန် ရည်ရွယ်ပြီး သြစတြေးလျားနိုင်ငံရောက် ကရင်အမျိုးသားများက ပိုးကရင်စာပေနှင့် ဗုဒ္ဓစာပေ ယဉ်ကျေးမှုကို ဖွင့်လာခဲ့သည်မှာ ယခုဆိုလျှင် ၄ကြိမ် ရှိပြီ ဖြစ်ပါတယ်။ သြစတြေးလျားနိုင်ငံ ဗစ်တိုရီးယားပြည်နယ် မဲဘုန်းဘ်မြို့ရှိ MKBAလို့ ခေါ်တဲ့ မဲဘုန်းဘ်ကရင် ဗုဒ္ဓအစည်းအရုံးက အဲဒီ သင်တန်းကို ဦးစီး ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး အဆိုပါ သင်တန်းကို မဲဘုန်းမြို့ရှိ ကရင်အများအပြား စုစည်းနေထိုင်ရာ Werribee ကရင်ရပ်ကွက်က ကရင်ဘုန်းတော်ကြီးကျောင်းတွင် အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့တဲ့ မှတ်တမ်းဖြစ်ပါတယ်။ မှတ်တမ်းရှယ်ပေးသူ စောကျော်ထူးကို ကျေးဇူးတင်ရှိပါတယ်။






Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment