Saturday, May 11, 2013

မြိုင်ကြီးငူဒေသမှ ဆုတ်ခွာရေး ဒီကေဘီအေအတွက် ခက်ခဲ

ကရင်ပြည်နယ် မြိုင်ကြီးငူဒေသအတွင်း ၌ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုး သား
တပ်ဖွဲ့ (DKBA) နှင့် နယ်ခြားစောင့် တပ်တို့အကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး နောက်
ဒီကေဘီအေတပ်ဖွဲ့အား မြိုင်ကြီး ငူဒေသမှ ဆုတ်ခွာပေးရန် တောင်းဆိုမှု ကို သဘော
တူညီရန်ခက်ခဲကြောင်း ယခု လ ၆ ရက်နေ့က ပြောကြားသည်။
"ကျွန်တော်တို့ကို တကယ်ဆုတ်ခွာ ခိုင်းရင် ခွာစရာနေရာမရှိတော့ဘူး။ ဟိုဘက်ဆိုလည်း
ထိုင်းနဲ့နီးနေပြီ။ ထိုင်း ကလည်း လက်ခံမှာမဟုတ်ဘူး။ မြိုင်ကြီး ငူကနေ ထပ်ဆုတ်ရရင် တကယ့်
လူမနေ ငှက်မနေတဲ့ နေရာရောက်တော့မယ်" ဟု ဒီကေဘီအေမှ ဗိုလ်မှူးစောဆန်းအောင် က မေ
လ ၆ ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သော မြ၀တီရှိ ကရင်အမျိုး သားအစည်းအရုံး
(KNU) ၏ အခြေစိုက် စခန်း၌ ပြုလုပ်သည့်သတင်းစာရှင်းလင်း ပွဲတွင် ပြောသည်။
အဆိုပါတောင်းဆိုမှုနှင့် ပတ်သက်၍ မြိုင်ကြီးငူဒေသအတွင်း လက်နက်ကိုင် ဆောင်ကာ နေထိုင်
နေကြခြင်းသည် မလိုလားအပ်သော ပဋိပက္ခများဖြစ်ပွား ရ၍ ဖြစ်သည်ဟူ၍လည်းကောင်း၊ အစိုး
ရဘက်မှ မြိုင်ကြီးငူဒေသအတွင်း ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်း လုပ် ကိုင်ဆောင်ရွက်ရန်အတွက်
တိုင်းရင်း သား လက်နက်ကိုင်များ ထွက်သွားပေး ကြရန်ဟူ၍လည်းကောင်း ပြောဆိုမှု များ
ရှိနေသည်။
"ခမရ (၃၃၈) မှ စစ်ကြောင်းမှူး ဗိုလ်မှူး ထွန်းထွန်းဝင်းမှ မိမိတို့ထံ စာရေးသား ပေးပို့သည်။ ရောပို့
နှင့် ကလူးထော စစ် ဆင်ရေးဒေသအတွင်း ဗမာစစ်အစိုးရမှ ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်း လုပ်
ကိုင်ဆောင်ရွက်ရန်အတွက် ၎င်းဒေသ အတွင်း တရားမ၀င် လက်နက်ကိုင် အဖွဲ့ အစည်းများမနေ
ရန်၊ အဖွဲ့အစည်းများ ၂-၅-၂၀၁၃ ရက်မှ ၄-၅-၂၀၁၃ ရက် ၁၂ နာရီ နောက်ဆုံးထားပြီး မဲ့ပါနှင့် မယ်
ကချောဒေသဘက်သို့ ဆုတ်ခွာပေး ရန်"ဟု မေလ ၂ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်က ၀င်စာကို
ပြသခဲ့သည်။
အဆိုပါနေ့ ညနေ ၅ နာရီ ၄၅ မိနစ် အချိန်ကလည်း တပ်ဖွဲ့များအား မြိုင်ကြီး ငူအ၀ ဘေးပတ်
လည်တွင်မနေရန်၊ ကျုံပျော်ရေတံခွန်အထက်ဘက် ဝေးဝေး သို့ပြောင်းရွှေ့ရန်၊ တစ်ရက်နှစ်ရက်
အတွင်းရွှေ့ပြောင်းပေးရန်နှင့် ရွှေ့ ပြောင်းပြီးပါက နယ်မြေရှင်းလင်းမည် ဖြစ်ကြောင်း တယ်လီဖုန်း
ဖြင့် အကြောင်း ကြားခဲ့သည်ဟု သိရသည်။
မြိုင်ကြီးငူဒေသအား စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ထားပြီး ဖြစ်သော်လည်း ဧပြီလ ၂၇ ရက်နေ့တွင်
နယ်ခြားစောင့်တပ်နှင့် ဒီကေဘီအေ တပ်ဖွဲ့တို့အကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ယခင် ဒီကေ
ဘီအေအဖွဲ့ မှနေ၍ နယ်ခြားစောင့်တပ်ဖွဲ့စည်းချိန် တွင် အဆိုပါဘက်သို့ ပြောင်းသွားသူက
ဒီကေဘီအေအဖွဲ့ဆီ ပြန်လည်ရောက်ရှိ လာခဲ့ပြီး ဒီကေဘီအေအဖွဲ့မှ လက်နက် ကိုဆွဲယူ
ကာ နယ်ခြားစောင့်တပ်အား ပစ်ခတ်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်။
"ပစ်တဲ့လူကို စည်းကမ်းနဲ့အညီ အပ် လိုက်ပြီ။ ကျွန်တော်တို့ဘက်က လူက ပစ်တာလည်း
မဟုတ်ဘူး။ ဒါပေမဲ့ အခု ဒီကေဘီအေကို မြိုင်ကြီးငူက ထွက်သွား ခိုင်းနေတယ်။ မျှတရင်
လက်ခံမယ်။ မြိုင်ကြီးငူမှာ ဒီကေဘီအေ မနေရဘူးဆို ရင် နယ်ခြားစောင့်တပ်လည်း မနေနဲ့။
အဲဒီလိုဆို သဘောတူတယ်" ဟု ဗိုလ်မှူး က ပြောသည်။
The Myanmar Times
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment