Saturday, June 22, 2013

ဗမာစစ်အစိုးရ(မြန်မာအစိုးရ) ကရင်ဒုက္ခသည်တွေကို သိသွားပြီ

President’s Office Minister Aung Min poses for photos with Japan Platform representative Keiko Kiyama at the Japanese Embassy in Rangoon on March 25.
(Photo: Nippon Foundation)


By မင်းစိုးစံ

ခေါင်းစည်းလေးက ရိုးလွန်းပါတယ်။ ရိုးတော့ မဆန်းဘူးပေါ့။ မရိုးပဲနဲ့ဆန်းတဲ့ မရိုးဆန်း ဆိုတဲ့ရုပ်ရှင်ရုံ ဆို
တာ တာမွေဘက်မှာရှိခဲ့ဘူးပါတယ်။
အခု မရိုးဆန်း ဆိုတဲ့အတိုင်း ဗမာစစ်အစိုးရ က နှစ်ပေါင်း ၂၀ကျော်ကျော် ဒုက္ခသည်ဖြစ်နေခဲ့ရတဲ့ ကရင်
ဒုက္ခသည်တွေကို အခုအသိအမှတ်ပြုပြီဆိုတော့ မရိုးပဲ ဆန်းနေတယ်လို့ပြောချင်ပါတယ်။

မရိုးတာက ၁၉၆၂ခုကတည်းက မရိုးမသားနဲ့လုပ်ကိုင်စားသောက်လာကြတဲ့ ဗမာစစ်အုပ်စုမို့လို့ မရိုးတာ
ဖြစ်ပြီး ဆန်းတာကတော့ နှစ်ပေါင်း ၂၀ကျော်ဒုက္ခရောက်နေတဲ့ ကရင်ဒုက္ခသည်တွေကို အခုမှ အသိအ
မှတ်ပြုတာက ဆန်းနေလို့ပါ။

အများအမြင်မှာ ဗမာစစ်အစိုးရ လူစိတ်ဝင်လာပြီ၊ ကျောင်းမှန်း ကန်မှန်းသိလာပြီ၊ နောင်တတွေ အတုံး
လိုက် အတစ်လိုက် ရနေပြီ စသည်ဖြင့်ပေါ့လေ။ အဲဒါဆိုလျင်တော့ မှားသွားပါပြီ။
ပြောကြပါလိမ့်မယ် ဗမာစစ်အစိုးရ ဘာပဲလုပ်လုပ် ဘယ်တော့မျှအကောင်းမမြင်တဲ့လူ ဆိုပြီးတော့လေ။
ဗမာစစ်အစိုးရဟာ သူတို့သက်တမ်းတလျှောက်လုံး ကောင်းမယ်လို့ထင်သမျှ အကုန်လုပ်ခဲ့တာချည်းပါပဲ။
မကောင်းခဲ့တာအမှန်ပါ။ မကောင်းဆို စေတနာကမကောင်းသလို ဗီဇကလည်း မကောင်းတော့ ဘာပဲလုပ်
လုပ် ဘာတခုမျှ အကောင်းမဖြစ်ခဲ့သလို ဒီစစ်အုပ်စုရဲ့လက်ထက် ဘယ်တော့မျှ ကောင်းလာမှာမဟုတ်ပါ
ဘူး။

ကရင်တွေ နှစ်ပေါင်း ၂၀လောက် သူများနိုင်ငံမှာ ဒုက္ခသည်အဖြစ်သောင်တင်နေတာကို အသိအမှတ်မပြု
တာက ဗမာစစ်အစိုးရမှာ မျက်လုံးတွေ ကန်းနေလို့လား၊ နားတွေ ကန်းနေလို့လား၊ မျက်လုံးမကန်းပါဘူး၊
နားလည်းပြကတေ့ကောင်းနေလျှက်ပါ။
အခုမှ အသိအမှတ်ပြုတယ် ဆိုတော့ စဉ်းစားစရာအင်မတန်ကောင်းနေပါတယ်။ ပြောင်းလဲလာပြီလေ၊ အခု
ကရင်တွေနဲ့ ငြိမ်းချမ်းရေးလုပ်ဘို့ အပစ်အခတ်ရပ်စဲ လုပ်နေပြီ၊ တခြားတိုင်းရင်းသား လက်နက်ကိုင်တွေနဲ့
လည်း ဆွေးနွေးနေပြီလေ၊ လို့ပြောမလား။ သိပ်မှန်တာပေါ့ဗျာ။
အပြင်ပန်းအနေနဲ့ကတော့ အလွန်ကို ကြည်နူးဝမ်းသာစရာကောင်းတဲ့ ကြက်သရေမင်္ဂလာရှိတဲ့ ရုပ်ကလေး
ပေါ့။

အခြေအနေမှန်က ဘယ်လိုတွေဖြစ်နေပြီး ဘယ်လိုရှိနေသလဲ ဆိုတာကို သတင်းဌာနပေါင်းစုံက ကဏ္ဍ
ပေါင်းစုံ ကို တစိုက်မတ်မတ် ကြည့်ရှုနားဆင်နေကြသူတွေ အသိဆုံးပါ။ ဒီတော့ အပစ်အခတ်ရပ်စဲတာတွေ
ငြိမ်းချမ်းရေး ကိစ္စဆွေးနွေးပွဲတွေ ဖုတ်ပူမီးတိုက် လုပ်ပြနေရတာတွေက ဘာကြောင့်များလဲ ဆိုပြီး၊ လေ့လာ
ကြည့်လိုက်တော့ နိုင်ငံတကာက ငွေတွေသောက်သောက်လဲရတယ်လေ။
အရမ်းလျှောက်ပြောနေတယ်များ မှတ်သလား။ MPC Myanmar Peace Center ဆိုတာ နည်းနည်းနော
နောမဟုတ်ဘူး။

လုပ်ရတော့မှာပေါ့ ပြရတော့မှာပေါ့ ပြောရ တော့မှာပေါ့။ မပြောပဲ မပြပဲနေလို့ မရဘူးလေ။ ဒုက္ခသည်တွေ
ရွာပုန်းရွာရှောင်ကနေအစ အိမ်နီးချင်းနိုင်ငံမှာ တရားမ၀င် အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေအဆုံး
ပြန်လာမယ်ဆိုလျင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုကတည်းက နိုင်ငံတ
ကာရဲ့ အကူအညီမရလျင်(ပိုက်ဆံမပေးလျင်) ဘာမျှ မလုပ်ဘူးလို့ ၀န်ခံလိုက်တာပဲမဟုတ်ပါလား။

ဒါကြောင့်မို့လို့လည်း ကရင်ဒုက္ခသည်တွေထဲက အိမ်ထောင်စု ၅၀လောက် အစမ်းသဘောနဲ့ပြန်လာပေးကြ
ပါဗျာ ဆိုပြီး တစာစာပြောနေတာပေါ့။ ပြရမယ်လေ မပြလျင် ဒေါ်ဒေါ် မလာဘူးလေ။ ပြန်လာမယ်ဆိုလျင်
မိုင်းတွေရှင်းပေးမယ် အိမ်ဆောက်ပေးမယ် အစားအသောက်တွေ စီစဉ်ပေးမယ် အလုပ်အကိုင်တွေ ဖန်
တည်းပေးမယ် အဲဒါတွေကိုလည်း ကိုယ့်ကိုယ်ကို အစိုးရပါလို့ပြောပြီး နိုင်ငံတကာက အကူအညီနဲ့လုပ်မယ်
လို့ ပြောပြန်ပါတယ်။ အဲဒီလို ပြောလိုက်ကတည်းကိုက သဘောပေါက်ပြီးဖြစ်ပါလိမ့်မယ်။

ကဲ ဒေါ်လာတွေ ရလာပါပြီတဲ့ တကယ်လုပ်ပါ့မလား။ ဝေးသေး။ ဘယ်တော့မျှမလုပ်ဘူး။
ဘာကြောင့်လဲလို့မေးလျင် ဗမာစစ်အစိုးရ(မြန်မာအစိုးရ)ဆိုတာ ကောင်းရောင်းကောင်းဝယ်လုပ်စားရမယ်
ဆိုတဲ့အသိတရားတွေ သူတို့မှာမရှိတော့တဲ့အတွက် ဘာကိုပဲလုပ်လုပ် ခိုးဝှက်စားသောက်ရမှ နေသာထိုင်
သာရှိတဲ့အကျင့်ကို မဖျောက်နိုင်ကြတော့လို့ပါ။

ကျုပ်က စစ်အစိုးရ(မြန်မာအစိုးရ)ကို ပက်ပက်စက်စက်ပြောမှ မကောင်းကြောင်းရေးမှ ထမင်းစားမြိန်တယ်
လို့ ထင်ကြမလားမသိဘူး။ ထမင်းစားမြိန်အောင် ရေးနေတာမဟုတ်ပါဘူး။
အောက်က ဓါတ်ပုံလေးတွေကို ကြည့်ကြပါ။
ပြည်တွင်းက လူထုတွေကိုတောင် ဘာတခုမျှလုပ်မပေးပဲ နေနိုင်တဲ့ စစ်အုပ်စုက သူတပါးတိုင်းပြည်မှာ နေ
နေတဲ့ လူတွေအတွက် လုပ်ပေးမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။
Sein Maung, holding his baby, lives with his wife and children in New Dagon Township, a slum that has not benefited from the changes sweeping Myanmar.
More information
http://www.nytimes.com/2012/11/17/world/asia/obama-visit-underscores-lack-of-change-for-myanmars-poor.html?_r=0

ပြန်မယ့် ဒုက္ခသည်တွေအတွက် နေထိုင်နိုင်ရေးအတွက် မြေမြှုပ်မိုင်းတွေရှင်းပေးမယ် ဟုတ်ရဲ့လား။
လယ်သမားတွေရဲ့ မြေတွေကိုတောင် မတရားသိမ်းနေတဲ့ လူစုက ဒုက္ခသည်တွေနေဘို့ မြေနေရာပေးမယ်
ဆိုတာ နားရှိလို့ သာကြားနေရတာ တစက်ကလေးမျှ ယုံချင်စရာမရှိဘူး။
ယုတ္တိရှိရှိလိမ်ချင်တယ်ဆိုလျင် မတရားသိမ်းထားတဲ့လယ်မြေတွေအားလုံး ပိုင်ရှင်တွေရဲ့လက်ထဲကို အေး
အေးဆေးဆေးပြန်ပေးလိုက်ပါလား။

စစ်အုပ်စုအနေနဲ့ ဒုက္ခသည်တွေပြန်လာလျင် အလုပ်အကိုင်ရှာပေးမယ်ဆိုတာ ဒေါ်လာလိုချင်လို့ပြောနေ
တာ မဟုတ်လား။
မဟုတ်ဘူးဆိုလျင် သက်သေပြတဲ့အနေနဲ့ ပြည်တွင်းက အလုပ်သမားတွေအတွက် ထိုက်သင့်တဲ့ လုပ်အား
ခ ခံစားခွင့် စတာတွေကို အလျင်လုပ်ပေးလိုက်လေ။
ဒါဆိုလျင် စစ်အုပ်စုကို အလုပ်သမား လယ်သမားတွေက လေးစားအားကိုးလာတာနဲ့အတူ ငြိမ်းချမ်းရေးဆို
တာလည်း အတင်းအကြပ်လုပ်ယူနေစရာ မလိုတဲ့အတွက် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်လာပြီး
အတူတကွပူးပေါင်းယှဉ်တွဲ နေထိုင်ရေးဆိုတာလည်း သူ့အလိုလိုပါလာပြီးသားပဲ။

A Buddhist monk (R) offers some of his food, donated to him by local people at dawn, to poor people at the Maha Gent Nar Youn Monastery in Mandalay on September 29, 2009. (Nicolas Asfouri - AFP/Getty Images)
More information
http://www.globalpost.com/photo-galleries/planet-pic/5682929/clinton-visits-burma-steps-toward-openness-pariah-state

ကျုပ်ပြောချင်တာက ဒေါ်လာလည်းယူပါ အလုပ်လည်းတကယ်လုပ်ပါ။
ရှင်းရှင်းပြောချင်တာကတော့ ဘဲကျောင်းတဲ့လူဟာ ဘဲဥတော့ စားမှာပါ၊ ဘဲကျောင်းတဲ့လူ ဘဲဥမစားရဘူး
လို့ မပြောလိုပါဘူး။
စားပါ ဘဲဥကိုကြိုက်သလိုစားပါ။ ဘဲကိုလည်း အစာကျွေးဘို့ ခေါင်းထဲထည့်ပါဦး။
ဘဲဥကိုသာ တွင်တွင်စားပြီး ဘဲကိုနေလှန်းတဲ့အလုပ်မျိုး လုပ်လို့ရတဲ့ခေတ်မဟုတ်တော့ဘူးဆိုတာ စစ်အုပ်
စု(ဗမာစစ်အစိုးရ) သိဘို့ကောင်းပါပြီ။
ကရင်ဒုက္ခသည်တွေလည်း အမြင်ကျယ်ဘို့လိုပါတယ်၊ ဒုက္ခသည်စခန်းထဲမှာပဲဆက်နေမယ်ဆိုလျင် နောက်
ပိုင်းမှာ ကိုယ်ရလာမယ့် စားနပ်ရိက္ခာတွေဟာ ဒီထက်ပိုမိုနည်းပါးလာမယ် ဆိုတဲ့ စကားလေးတစ်ခွန်း
ကြောင့်နဲ့တော့ ဗမာစစ်အစိုးရ(မြန်မာအစိုးရ) လက်ထဲကို ကိုယ့်ရဲ့ဘ၀တွေကို ထိုးအပ်ပစ်ဘို့ မစဉ်းစားကြပါ
နဲ့။
ဒုက္ခသည်တွေအားလုံး စုစည်းညီညွတ်စွာနဲ့ အချိန်ကိုတန်ဘိုးရှိရှိအသုံးချတဲ့အနေနဲ့ တပတ်(၇ရက်)တကြိမ်
ဒါမှမဟုတ်အနည်းဆုံး တလနှစ်ကြိမ်လောက် လူမှုကူညီရေးအသင်းအဖွဲ့တွေနဲ့ တိုင်ပင်ဆွေးနွေးကြပါ။

ဒုက္ခသည်အရေးမှာ နားလည်တတ်ကြွမ်းသူတွေနဲ့ အတွေ့အကြုံတွေဖလှယ်ပြီး တကယ်တမ်း ကိုယ့်နေရပ်
ရင်းကို ပြန်ရပြီဆိုလျင် ဗမာစစ်အစိုးရ(မြန်မာအစိုးရ)နဲ့ မဆက်ဆံချင် မပတ်သက်ချင်လို့ မရနိုင်တဲ့အတွက်
ဗမာစစ်အစိုးရဘက်က ပေးထားတဲ့ ကတိတွေဖျက်လျင် ဘယ်လိုနည်းတွေနဲ့ ဖေါက်ထွက်ရမလဲ ဆိုတာကို
ကြိုပြီးဆွေးနွေးထားဘို့ လိုပါတယ်။ နည်းလမ်းတွေ ရှာထားရမှာဖြစ်ပါတယ်။

ဗမာစစ်အစိုးရ(မြန်မာအစိုးရ)ဆိုတာ ဘယ်တော့မျှ ကတိမတည်တဲ့ အစိုးရဖြစ်တဲ့အတွက် ဖြစ်နိုင်မယ်ဆို
လျင် သူတို့အကူအညီမလိုပဲ၊(ဗမာစစ်အစိုးရကို ခြားခံအဖြစ်မသုံးပဲ) ဒုက္ခသည်တွေအနေနဲ့ မိမိတို့ဘ၀ကို
ပြန်လည် ထူထောင်နိုင်မယ့် နည်းလမ်းတွေကို အတတ်နိုင်ဆုံး ကြိုးစားရှာဖွေထားကြဘို့လိုအပ်ပါတယ်။

အခုလောလောလတ်လတ်ကာလမှာတော့ သက်ဆိုင်ရာအသင်းအဖွဲ့တွေက သင်ကြားပို့ချပေးမယ်လို့ပြော
ထားတဲ့ သင်တန်းမှန်သမျှကို လေးလေးစားစားနဲ့ အချိန်မှန်မှန်တက်ရောက်သင်ကြားကြပြီး လက်တွေ့လုပ်
ဆောင်ကြပါ။
မတော်တဆ မင်းတို့ ဒုက္ခသည်တွေ ဘယ်တော့ ကိုယ့်မြေကိုယ့်ဒေသကို ပြန်မလဲ လို့ မေးတာကိုခံရလျင် ကျုပ်တို့တတွေရဲ့ ခေါင်းဆောင် ဖီးမေရီအုန်း ပြောသလို ဒီနေ့ ငြိမ်းချမ်းရေးရလျင် ဒီညနေပဲပြန်မယ်၊ မနက်
ဖြန်ကို မစောင့်ဘူး လို့ ပြန်ပြောလိုက်ကြရုံသာ ရှိပါတော့တယ်ခင်ဗျား။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment