Saturday, June 22, 2013

အရှင်ဝီရသူ- စစ်အာဏာရှင်သက်တမ်းရှည်ရေးအတွက်နောက်ကြောင်းပြန်လှည့်ရန် ကူညီနေသူလော ဗုဒ္ဒဘာသာသာကို အကြမ်းဖက်ဟုကမ္ဘာက အသိအမှတ် ပြုအောင် ဆောင်ရွက် နေသူပေလော

ဆောင်းပါး

 - အရှင်ဝီရသူ- စစ်အာဏာရှင်သက်တမ်းရှည်ရေးအတွက်နောက်ကြောင်းပြန်လှည့်ရန် ကူညီနေသူလော
ဗုဒ္ဒဘာသာသာကို အကြမ်းဖက်ဟုကမ္ဘာက အသိအမှတ် ပြုအောင် ဆောင်ရွက် နေသူပေလော

- မာတလိ(မဲဆောက်)--၂၂ -၆ -၂၀၁၃

ခုတလော မြန်မာ့ နိုင်ငံရေးမှာ ရှေ့ တိုးမလား။ နောက်ကြောင်းပြန်မလား ဆိုတဲ့ အရေးနဲ့ အပြိုင် အရှင်ဝီရသူ- ဘာလဲ ဘယ်လဲ ဆိုတာစိတ်ဝင်စားစရာ ဖြစ်နေသည်။
အရှင်ဝီရသူဟာ စစ်တပ်ကြိုးကိုင် ဒီမိုကရေစီ ဟန်ပြအစိုးရ နောက်ကြောင်း ပြန်နိုင်အောင် ကူညီနေသည်ဟု ထင်ကြေးပေး ပြောဆိုသည့် အသံများ ထွက်လာသည်ကို ကြားလာရသည်။

အရှင် ၀ီရသူ၏ အမည်ရင်းမှာ ၀င်းခိုင်ဦးဖြစ်သည်။
အဖ ဦးခင်မောင်ဝင်းဖြစ်ပြီး မိခင်မှာ ဒေါ်တင်ဦးဖြစ်သည်။
၁၉၈၀မှ ခုနှစ် ၁၉၈၈ ထိ ဖခင်နှင့်အတူ နေခဲ့သည်။
အဖ ဦးခင်မောင်ဝင်းမှာ ရွှေတော်တွင်ကွယ်လွန်၍ မိခင် ဒေါ်တင်ဦးသည် ဒုတိယအိမ်ထောင်ပြုရာ ထိုခင်ပွန်း အမည်မှာ ဦးချစ်ညွန့်ဖြစ်သည်။
အဖေတူ မောင်နှမ ၃ ယောက်ရှိသည်။
အမ တစ်ယောက် ညီမတစ်ယောက်ဖြစ်ပြီး အမနာမည်မှာ မချိုဖြစ်သည်။ (ညီမနာမည်မသိရသေး)။

ကျောက်ဆည်မြို့တွင်ကြီးပြင်းပြီး ဆူးကုန်းအုပ်စု အောက်ချိုင်းရပ် အ.ထ.က (၁) ကျောင်းလမ်း စာတိုက်ဝင်းကြီးဘေး သမရုံး ဘေးအိမ်ယာတွင် နေထိုင်ခဲ့သည်။
ကျောက်ဆည်မြို့ ဆူးကုန်းရပ် အ.မ.က ၆ ကျောင်းအုပ်ဆရာမကြီး ဒေါ်အုန်းကျောင်းတွင် ၄ တန်းအောင်ပြီးနောက် အ.ထ.က ၁ ကျောင်းတွင် နေခဲ့သည်။
၈၈ အရေးခင်းပြီးနောက် ကျောက်ဆည်မြို့ ကံဦးရပ်ရှိ မင်းကွန်း မဟာစာသင်တိုက် ဘုန်းတော်ကြီးကျောင်းတွင် ဘုန်းကြီးဝတ်ခဲ့ပြီး မန္တလေး စိုးရိမ်ကျောင်းသို့ ပြောင်းခဲ့သည်။

၁၅ရက် ၁၀လ ၂၀၀၃ ကျောက်ဆည်မြို့ဈေးတန်းရပ် လေးမျက်နှာဘုရားကွင်းတွင် ၀ီရသူ အမျိုးသားရေး တရားပွဲကျင်းပသည်။
ထို့နောက် ကျောက်ဆည်တွင် အေ၇းအခင်း ဖြစ်သည်။ အရေးခင်းအပြီး ၇ရက်ပြည့်သည့်နေ့ အရှင် ဝီရသူဟာ လူမျိုးရေး အဓိကရုဏ်း များ ဖြစ် ပွားစေသော စာရွက်စာတမ်း များ ဖြန့်သည်ဟုဆိုကာ ၂၀၀၃ ခုနှစ်တွင် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၂၅ နှစ် ထောင်ဒဏ် အပြစ်ပေးလို့ ပြန်အလွတ်မှာ ပိုမို ထင်ရှားလာခဲ့သူ ဖြစ်သည်။




၁။“သေနေ့ မင်္ဂလာ”တရားစာအုပ်--

၂။ “နှလုံးသားကို သဖန်းပင်ပေါ်မှာ ထားခဲ့သူ”--

၃။ ထေရဝါဒ တိုက်ပွဲ--
ထိုစာအုပ်တွင် မဟန အားဝေဖန်ထားပြီး အစိုးရမှ ဆက်ကပ်သည့် ဘွဲ့တံဆိပ်တော်များ အကြောင်း၊ သံဃာ့ ဒီမိုကရေစီ အရေး ရှေ့ တန်းတင်ကာ ရေးသားထားသည်။

၎။ (အကျဉ်းစံ အရှုံးသမား၏ အညှင်းခံ နှလုံးသားနှင့် သမိုင်း၏တရားခံ )--

၅။“ဝီရသူ သဘောထား များ“ ကို ၁/၇၄ မှ ၁၄/၇၄ ထိ ကြေညာချက် (၁၄)ချက်-- ထုတ်ပြန်ဖြစ်ခဲ့ပါသည်။
ရေးသားမှု အားလုံးမှာ ထင်ရှား လူကြိုက်များခဲ့သည်။

လတ်တလော ပြည်တွင်းပြည်ပ ဂျာနယ်၊၀က်ဘ်ဆိုက်၊ ရေဒီယို သတင်းဌာနတွေမှာ - ဇွန် ၁၃နဲ့ ၁၄ ရက်က မှော်ဘီမြို့၊ ဓမ္မဒူတ ဇေတဝန် တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ဗုဒ္ဓ သာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြို ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ရာ၊ ကျင်းပနေစဉ်အတွင်း အရှင်ဝီရသူနှင့် သံဃာတော်များက မျိုးစောင့်ဥပဒေပြဌာန်းပြီး ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ ဘာသာခြားနှင့် မယူရအောင် တားမြစ်မည်ဟု သတင်းများ၊ ပြောဆိုဝေဖန်မှုများ အပေါ် အမေးအဖြေ လုပ်နေတာကြား နေရတယ် ။

ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသား အမျိုးသမီးများ ဘာသာခြား အမျိုးသားတဦးနှင့် လက်ထပ်မည်ဆိုပါက ထိုဘာသာခြား အမျိုးသားသည် ဗုဒ္ဓဘာသာသို့ ကူးပြောင်းရမည် ဆိုတာကို ဥပဒေအဖြစ် ပြဌာန်းဖို့ ဘုန်းတော်ကြီး စတန့် ထွင် တာကို ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူများ၏ ကန့်ကွက် ဆန့်ကျင်မှုနှင့် ကြုံနေရပြီ ဖြစ်ပါတယ်။

ဒီအဆိုကိုပြန်ကြည့်ပြီး သုံးသပ်လိုက်တဲ့အခါ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသား အမျိုးသမီးများကို ကာကွယ်ပေးဖို့ဟု ရည်စူးထားဟန် တူသော်လည်း လက်တွေ့တွင် အမျိုးသမီးများအား ချုပ်ချယ်ကန့် သတ်ထားသော လူ့အခွင့်အရေးကို သွယ်ဝိုက်၍ ချိုးဖောက်ထားသော အဆိုဖြစ်နေတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ "ဗုဒ္ဒသာဘာသာဝင် မြန်မာ အမျိုးသမီးများ ဘာသာခြားနှင့် လက်ထပ်ရာတွင် ကာကွယ်ပေးခြင်းဆိုင်ရာဥပဒေ" ဆိုတာ ရှေးယခင် ကတည်းက ရှိပြိးသားပါ။ မျိုးစောင့် ဥပဒေ ကို ထပ်ပြောမယ်ဆိုရင် ဥပဒေ နားလည် တတ်ကျွမ်းတဲ့ ရှေ့ နေ တွေဆီမှာ ယခင်ဥပဒေဟောင်းမှာ ဘာအားနည်းချက် တွေ ရှိသလဲ -စုံစမ်းမေးမြန်းပြီးမှ အရှင် ဝီရသူနဲ့ တကွ ဒီအဆိုကို သဘောကျသူများ အုပ်စုက ပြောဆိုသင့်ပါတယ်။


အရှင် ဝီရသူနှင့် ပတ်သကှ်ု လေ့လာကြည့်သော် အောက်ပါ အချက်များတွေ့ ရသည်။
၁။ နိုင်ငံရေးအကျဉ်းသားအဘိဓာန် အင်တာနက် စာမျက်နှာတွင် ။။-
မွတ်စလင်ဆန့်ကျင်ရေး ဟောပြောမှုများဖြင့် နာမည်ကျော်ကြားလာပြီး လတ်တလော ဗုဒ္ဓဘာသာဝင်တို့၏ သင်္ကေတအဖြစ် ၉၆၉ ကို အမှတ်တံဆိပ်ကို သတ်မှတ်ရေး ဦးဆောင်ဟောပြောနေသည့် မန္တလေး၊ မစိုး ရိမ်ကျောင်းတိုက်မှ သက်တော် ၄၅ နှစ် အရွယ်ရှိ ဦးဝီရသူသည် ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်း များ ဖြစ် ပွားစေသော စာရွက်စာတမ်း များ ဖြန့်သည်ဟုဆိုကာ ၂၀၀၃ ခုနှစ်တွင် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၂၅ နှစ် အပြစ်ပေးခံခဲ့ရသည်။
၂၀၁၂ ခုနှစ် ဇန်န ဝါရီလတွင် လွတ်ငြိမ်း ချမ်းသာ ခွင့်ဖြင့် မြစ်ကြီးနား အကျဉ်းထောင် မှ ပြန်လည်လွတ်မြောက်လာပြီး မတ်လတွင် အကျဉ်းကျနိုင်ငံရေး ဘုန်းတော်ကြီးများ လွတ်မြောက်ရေး ဆန္ဒပြပွဲ၊ အောက်တို ဘာလတွင် အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်မှုအသင်း ဆန့် ကျင်ရေး ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သည်။ လက်ရှိဖြစ်ပွားနေသော ဘာသာရေးပဋိပက္ခများနှင့် စပ်လျဉ်းပြီး ဧရာဝတီ အထူး အကြီးတန်း သတင်းထောက် သာလွန်ဇောင်းထက် ဆက်သွယ်မေးမြန်းခန်းတွင် ဖ်ာပြထားသည်ကို တွေ့ရသည်။
နိုင်ငံရေးအကျဉ်းသားအဘိဓာန် အင်တာနက် စာမျက်နှာ(ဖတ်ရန်နှိပ်ပါ)

၂။ အင်တာနက် ဖေ့စ်ဘုတ် တခုတွင် အမေရိကန်ရောက် နိုင်ငံရေးအကျဉ်းသာေးဟာင်း ကိုမျိုးမြင့်( ပြည်ပ၀က်ဆိုက်များတွင် ဆောင်းပါးများရေးခြင်း၊ အာအက်ဖ်အေ အသံလွှင့်ဌာနတွင် အခန်းဆက် ဆောင်ပါးများတင်ပြပြောဆိုနေသူ) က အရှင်ဝီရသူသည် ဦးခင်ညွှန့် နှင့် ဦးအောင်သောင်း တို့ မွေးထားသည့် ဒလံဟု အတိအလင်း အထောက်အထား များစွာဖြင့် ထုတ်ဖော်ပြောဆိုပြီး ၊ ၉၆၉ အမည်ဖြင့် ၁၉၉၈ ကတည်းက ပေါ်ပေါက်ခဲ့ကြောင်း၊ သို့သော် ၉၆၉ အဖွဲ့သည် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် လက်ရှောင်နေတာ တွေ့ ရကြောင်း စသည်များကို နားနှင့် ဆတ်ဆတ် ကြားရသည်။

၃။ ဧရာဝတီ ၀က်ဆိုက်မှ -- ဆောင်ပါးရှင် (ဇော်မင်း) ၏ ထိမ်းမြားခြင်း ဥပဒေသစ် ဘာလဲ ဘယ်လဲ ။-တွင်မူ
ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသား အမျိုးသမီးများ ဘာသာခြား အမျိုးသားတဦးနှင့် လက်ထပ်မည်ဆိုပါက ထိုဘာသာခြား အမျိုးသားသည် ဗုဒ္ဓဘာသာသို့ ကူးပြောင်းရမည် ဆိုတာကို ဥပဒေအဖြစ် ပြဌာန်းဖို့ -အဆိုဟာ ယခုဖြစ်နေသော နိုင်ငံရေးဖြစ်စဉ်များကို လမ်းလွှဲရန် ရည်စူးသည်ဟု မြင်သည်။ လူမျိုးရေး သွေးထိုးသည်မဟုတ် သို့သော် ကိုယ့်တိုင်းပြည်ကို ကြေမွအောင် သမနေသည့် တရုတ်ကုမ္ပဏီနှင့် နိုင်ငံသားအတု တရုတ်မုန်းတီးရေးကိုတော့ ဘာကြောင့် မလုပ်ကြသလဲဟု မေးခွန်းမေးစရာ ဖြစ်လာသည်။ မွတ်စလင်မုန်းတီးရေးကို ဦးပိုင်နှင့် တရုတ်ကုမ္ပဏီများက နောက်ကွယ်ကနေ ငွေကြေးထောက်ပံ့ နေသလားဟုပင် ထင်ရသည်။ ဆောင်ပါးရှင် (ဇော်မင်း) ၏ ထိမ်းမြားခြင်း ဥပဒေသစ် ဘာလဲ ဘယ်လဲ အပြည့်အစုံ (ဖတ်ရန်နှိပ်ပါ)

၎။ ဒေါက်တာ ကိုကိုကြီး ဆိုသူ၏ အမြင်တွင်မူ။--
ဦးခင်ညွန့် နှင့် အရှင် ဝီရသူတို့ ဆက်ဆံရေးကိုကြည့်ပြီး ရိပ်မိတဲ့ လူတွေ ရိပ်မိနေပါပြီ။ တားဖို့ ကြိုးစားမှုတွေ မြင်တွေ့ ရတာလဲ ရှိနေပါတယ်။ အကြံကတော့ ထင်မထားလောက်အောင် ကြောက်စရာ ကောင်းနေပြီး မိမိအာဏာ လက်မလွတ်ရေး ကိုပဲစဉ်းစားပြီး တိုင်းပြည်အတွက် တစုံတရာ မှမစဉ်းစားတဲ့ စစ်အစိုးရ တို့ ရဲ့ ကြံစည်မှုလို့ ထုတ်ဖော်ရေး သားမှုတွေ ပေါ်ထွက်လာတယ်။ သူတို့ အကြံအစည်က ၂၀၁၅ မှာ n.l.d လုးံဝ အာဏာ မရအောင် လုပ်ချင်တာဖြစ်ပြီး တိုင်ပြည်ကို လည်း လုးံဝ ဖျက်ဆီးဖို့ ထိ ကြံစည်ထားမှုလို့ မှန်းဆကြတယ်။
၉၆၉ အဖွဲ့ ဆိုတာ ခု အစိုးရ ကိုယ်တိုင် ပါဝင်အားပေး တည်ထောင်ခဲ့တဲ့ အဖွဲ့ စစ်စစ်လို့ ဆိုသူများ ပေါ်ထွက်နေတယ် ။ ၉၆၉ လှုပ်ရှားမှု မှန်သမျှနောက်ကွယ်မှာ အစိုးရ ပါဝင်နေပြီး ဗုဒ္ဓဘာသာဝင် အားလုးံ ရဲ့ ထောက်ခံမှု ကို ရဖို့ ဝီရသူ ဦးဆောင်တဲ့ ဘုန်းကြီး များ ကို တာဝန်ပေးထားကြောင်း၊ အရှင် ဝီရသူ ရဲ့ တာဝန်က မြန်မာနိုင်ငံ ထဲက ဗုဒ္ဓဘာသာတွေ အားလုးံ ၉၆၉ တွေဖြစ်လာဖို့ ဖြစ်ကြောင်း၊ အမျိုးသားရေး တာဝန် ။ သာသနာ စောင့်ရှောက်ရေး စတဲ့ စကားလုးံတွေနဲ့ on lineပေါ် မှာရော ။ နေရာအနှံ့ မှာပါ မှိုင်းတိုက်ထားတားပါ။ မှိုင်းတိုက်တဲ့နေရာမှာ ဘုန်းကြီးမှားနဲ့ အတူ ကြံ့ ဖွတ်စတဲ့ လူတွေ တာဝန် ယူထားပြီး အစ္ဖလာမ် ဘာသာကို အသုးံချပြီး မှိုင်းတိုက်ဖို့  အစီအစဉ် ချမှတ်ထားကြောင်း ထုတ်ဖော်ဖွင့်ဟ ကြတာလဲတွေ့ ရတယ်။

၂ဒေါက်တာ ကိုကိုကြီး ဆိုသူ၏ အမြင် အပြည့်အစုံ (ဖတ်ရန်နှိပ်ပါ)

၅။ လွန်ခဲ့ ၂၀၁၃- ဇွန်လ (၁၆)ရကနေ့က သော ဦးဝီရသူ၏ ဖေ့စ်ဘစ်စာမျက်နှာတွင်။။-
မနေ့က နေ့လည် ၁၂ နာရီဝန်းကျင်၌် ရွှေတိဂုံဘုရားပေါ်သို့ မွတ်စ်လင်မ် အမျိုးသမီးတစ်ဦးက အစ္စလာမ် အမျိုးသမီးတွေ ဝတ်ဆင်ကြတဲ့ ပုံစံမျိုး ဝတ်ဆင်ပြီး အဖော်အမျိုးသမီးငယ်တစ်ဦးနဲ့ တက်လာတယ် ဆိုပြီး ဖော်ပြထားတာတွေ့ရပါသည်။
နှင်းဆီပန်းအနီရောင်တွေ “တစ်သောင်းဖိုး” (အတိအကျ ကိုသိနေ၏) ဝယ်လာပါတယ် ဟုလည်းဖော်ပြထားပါသည်။ ထို့နောက် အဲဒီအမျိုးသမီး နှစ်ယောက်ဟာ ဓါတ်ပုံ အကျအန အရိုက်ခံခဲ့သေးတာ ကိုလည်း တွေ့ရပါတယ်။

ရွှေတိဂုံဘုရားပေါ်သို့ မွတ်စ်လင်မ် အမျိုးသမီးတစ်ဦး ပန်းကျဲ (ဖတ်ရန်နှိပ်ပါ)



ပုပ်လို့ပေါ်လေသလား။ ဟုတ်လို့ ကျော်လေသလား မသိနိုင်သည့် အရှင်ဝီရသူနှင့် ဦးခင်ညွန့် ၊ ဦးအောင်သောင်းတို့ ဆက်ဆံရေး များ ဘွင်ဘွင်းကြီး ပေါ်ထွက်ခဲ့သဖြင့် ပြည်သူများ သံသယ ပွါးခဲ့ကြသည်။
အင်တာနက် ဘလော့များတွင်လည်း ဦးခင်ညွန့် ကိုယ်တိုင် အရှင် ဝီရသူအား လှူဖွယ် ၀တ္တုများ ဆက်ကပ်နေသည့် ပုံများ ပလူပျံအောင် တက်လာကြသည်။

ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး နှင့် ခမည်းခမက် တော်ပြီး ဒီပဲယင်း အရေး ကြိုးကိုင်သူဟု အစွပ်စွဲခံရသူ ဦးအောင်သောင်း၊ စစ်အစိုးရကို ပြန်လည် အကြံပေး လုပ်နေသည်ဟု သံသယ အဖြစ်ခံနေရသူ ဦးခင်ညွန့် (ပါတီနိုင်ငံရေး မလုပ်ဘဲ အမျိုးသားနိုင်ငံရေး လုပ်မည်ဟု ဆက်လက် ကြွေးကျော် ပြောဆိုနေသူ)နှင့် အရှင်ဝီရသူ ရင်းနှီးစွာ ဆရာဒကာ ဖြစ်နေခြင်းမှာ တိုင်းပြည်ရှေ့ ရေး ရင်မအေးဖွယ်ဟု တွက်ဆ ကြသူများလည်း ရှိပြန်သည်။

ဒီအချိန်မှာပဲ မြန်မာပြည်တွင် ဗုဒ္ဓဘာသာဝင်မြန်မာများအရေးကို အလေးပေး တရားဟောသည့် ဆရာတော် ဦးဝီရသူ၏ မျက်နှာဖုံးဖော်ပြထားပြီး ခေါင်းစဉ်မှာ အကြမ်းဖက် ဗုဒ္ဓဘာသာ၏ မျက်နှာဟု ပေးထားသည့် ဇူလိုင်လထုတ် တိုင်းမဂ္ဂဇင်းကြီး၏ အာရှနှင့် အရှေ့အလယ်ပိုင်း၊ ဥရောပထုတ် ပုံနှိပ်ခြင်းတွင်Hannah Beech ဆိုသူ အမျိုးသမီးက ရေးသား ဖော်ပြလာတယ်။

စာရေးသူမှာ Hannah Beech က ဆရာတော်၏ တရားများမှာ လူနည်းစု မူဆလင်ဘာသာဝင်တို့ကို ဝေဖန်ခြင်းဖြစ်ပြီး ကြားရသူတို့ကို သွေးဆူစေသည်ဟု ၄င်း၊ ဘာသာရေးသူရဲကောင်းဝါဒီ၊ လူနည်းစု မူဆလင်တို့အပေါ် တင်းမာသည့် သဘောထားရှိသူဟု ၄င်း၊ စာရေးသူက ဘုန်းတော်ကြီးကို မြန်မာဘင်လာဒင်ဟု ၄င်း ရေးသား ထားတယ်။

အရှင် ဝီရသူနှင့်တကွ နောက်လိုက် များဖြစ်သည့် The First Weekly News Journal နှင့် The First Media Group တို့မှ တိုင်းမဂ္ဂဇင်းကြီး ပါ ဆောင်းပါးကို သစ်ထူးလွင် ၀ကဘ်တိုက်တွင် ကန့် ကွက်နေသည်များကို ဝေဆာစွာဖော်ပြနေတယ်။



မည်သို့ပင်ဆိုစေ--
ယခုဖြစ်နေသော နိုင်ငံရေးဖြစ်စဉ်များကို လမ်းလွှဲရန် ရည်စူးသည်ဟု မြင်ကြတယ်။ ဦးပိုင်နှင့် ပေါင်းစားနေသော တရုတ်ကုမ္ပဏီများ စစ်တပ်လူတန်းစားနှင့် တရုတ်တို့သာ အမြတ်ထွက်နေသည်ကို အားပေးနေတယ်လို့ အရှင်ဝီရသူကိုမြင်နေကြတာလဲရှိတယ်။
ဥပမာအဖြစ် မန္တလေးကို စီးပွားရေး လူမျိုးရေးအရ စီးထားသည်မှာ နောက်ဝင်လာသော မြန်မာစကား မတတ်သည့်  တရုတ်တွေ ငွေပေး၍ မြန်မာမှတ်ပုံ တင်ကိုင်ထားသည့် ကိစ္စကိုတော့ ဘာကြောင့်မပြောသလဲ ။ မှတ်ပုံတင်ကို ကိုင်ရုံမဟုတ် မြေတွေယာတွေပါ တစတစ သူတို့ဝယ်ယူပိုင်ဆိုင် ထားသည်များစတဲ့ ကိစ္စကိုတော့ အရှင် ဝီရသူ နှုတ်ဆိတ် နေတာထောက်ပြ တာလဲရှိပြန်ပါတယ်။

မြစ်ဆုံကိစ္စ၊ လက်ပံတောင်းကိစ္စ၊ လယ်မြေယာမြေ သိမ်းသည့်ကိစ္စ၊ ရခိုင်က ဓာတ်ငွေ့ပိုက်လိုင်းကိစ္စ၊ ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်ဆင်လိုသည့် ကိစ္စ အစရှိသော များပြားလှသည့် ကိစ္စရပ်များအပေါ် လူတွေ အာရုံ မရောက်စေရန် လမ်းလွှဲသော လုပ်ရပ်ဟု ၄င်း၊ ကုလားမုန်းတီးရေး မွတ်စလင် မုန်းတီးရေး ဟု၎င်း၊ လူမျိုးရေး သွေးထိုးသည်မဟုတ် သို့သော် ကိုယ့်တိုင်းပြည်ကို ကြေမွအောင် သမနေသည့် တရုတ်ကုမ္ပဏီနှင့် နိုင်ငံသားအတု တရုတ်မုန်းတီးရေး ကိုတော့ ဘာကြောင့် မလုပ်ကြသလဲဟု ၄င်း အရှင် ဝီရသူကို ထင်လာကြတယ်။

အဆိုးဝါးဆုံးအချက်မှာ -- မွတ်စလင်မုန်းတီးရေး လှုပ်ရှားမှုများသည့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် တဖြည်းဖြည်းနှင့် လက်နက် တခုသဖွယ် ဖြစ်လာသည်။
လူ့အခွင့်အရေးဟု မွတ်စလင်များဘက်မှ ပြောမိသူနိုင်ငံရေး သမားသည် ရွေးကောက်ပွဲတွင် မဲရှုံးနိုင်သည့်ကိန်း ဆိုက်နေသည်ဟု တွက်ချက်ခန့် မှန်းကြသည်။

ဘာပဲဖြစ်ဖြစ် ယခုလို ကမ္ဘာကျော် တိုင်းမဂ္ဂဇင်းကြီးတွင် အကြမ်းဖက် ဗုဒ္ဓဘာသာ၏ မျက်နှာဟု ၄င်း၊ မြန်မာဘင်လာဒင်ဟု ၄င်း ရေးသားခံရခြင်းသည် "အကြောင်းတရားနောက် အကျိုးတရား ကပ်လိုက်ခြင်း" ဆိုလျှင် ငြင်းရခက်ပေမည်။

နိဂုံးချုပ် ခြုံငုံ၍ ကောက်ချက် ဆွဲရသော်- အရှင်ဝီရသူသည်
စစ်အာဏာရှင်သက်တမ်းရှည်ရေးအတွက်နောက်ကြောင်းပြန်လှည့်ရန် ကူညီနေသူလော
ဗုဒ္ဒဘာသာသာကို အကြမ်းဖက်ဟုကမ္ဘာက အသိအမှတ် ပြုအောင်ဆောင်ရွက်နေသူပေလော


မာတလိ(မဲဆောက်)-
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဝီရသူ သဘောထား (၆/၇၄)
လူမှုရေးပုဒ်မတပ်၍ တား မြစ်လာခြင်းနှင့်ပတ်သက်၍ အရှင်ဝီရသူ၏ သဘောထား(ဖတ်ရန်နှိပ်ပါ)

“ဝီရသူ သဘောထား ၇/၇၄”
မောင်တောမြို့နယ်မှ စတင်ဖြစ်ပွားခဲ့သော ရခိုင်အရေးခင်းနှင့် ပက်သက်၍ သဘောထာ(ဖတ်ရန်နှိပ်ပါ)

“ဝီရသူ သဘောထား ၉/၇၄”
၂၀၁၂-ခုနှစ်၊ စက်တင်ဘာလ(၂၉)ရက်နေ့၊ ညဥ့်နက်သန်းခေါင်ကျော်နှင့် (၃၀)ရက်နေ့ မနက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း၊ ကော့ဘဇားဒေသ၊ ရာမူး(ပန်းဝါ)မြို့နှင့် အချို့ရပ်ရွာများရှိ ဗုဒ္ဓဘာသာဝင်များနှင့် သာသနိက အဆောက်အအုံများ၊ လူနေအဆောက်အအုံများ၊ ဈေးဆိုင်များ အကြမ်းဖက်ဖျက်ဆီးခံရမှုနှင့် ပတ်သက်၍ သဘောထား(ဖတ်ရန်နှိပ်ပါ)

“ဝီရသူ သဘောထားထုတ်ပြန်ကြေညာ ၁၂/၇၄”
လက်ပံတောင်းတောင် ပြည်သူ့အရေးတော်ပုံ၌ သွေးမြေကျခဲ့ရသော စော်ကားခံရသူ နှင့် ပက်သက်၍ သဘောထား(ဖတ်ရန်နှိပ်ပါ)

“ဝီရသူ သဘောထား ၁၄/၇၄”
၂၀-၃-၂၀၁၃ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့ အဓိကရုဏ်မှစ၍ အခြားသော ကူးစက် အဓိကရုဏ်းသဘောထား (ဖတ်ရန်နှိပ်ပါ)


“ဝီရသူ သဘောထား ၁/၇၅”
၂၀၁၃- ခုနှစ်၊ မေလ (၆)ရက်- ရက်စွဲပါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ သဘောထားကြေညာချက် ၃/၂၀၁၃ နှင့် ပတ်သက်၍ သဘောထား (ဖတ်ရန်နှိပ်ပါ)
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment