Sunday, August 25, 2013

မြ၀တီ၌ အယောင်ဆောင်လက်နက်ကိုင်အဖွဲ့အစည်းများ ရှိလာ

By ကျော်ဇင်မန်း (မြစ်မခ)


ကရင်ပြည်နယ် မြဝတီနယ်စပ်ဒေသအတွင်း၌ လက်နက်ကိုင်အဖွဲ့အစည်း အယောင်ဆောင်မှုများရှိလာသည်ဟု နယ်ခြားစောင့်တပ်ဖွဲ့ Boder Gward Force တပ်မှ ဗိုလ်မှူးကြီး စောချစ်သူက ပြောကြားသည်။ “အားလုံးသိထားဖို့က ဒီမှာအတုအယောင်တွေ တော်တော်များတယ်။ အတုအယောင်ဆိုတာက BGF လိုလို၊ KNU ယောင် ယောင်၊ DKBA ယောင်ယောင်တွေ အများကြီးရှိတယ်ဟု BGFတပ်မှ ဗိုလ်မှူးကြီးစောချစ်သူက ပြောသည်။
နယ်စပ်မြို့များ၌ လက်နက်များ တရားမဝင်ဝယ်ယူကိုင်ဆောင်မှုများကြောင့် ယခုကဲ့သို့ လက်နက်ကိုင်အဖွဲ့ အစည်း အယောင် ဆောင်သူများ ရှိလာခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့အယောင်ဆောင်များကို ထိန်းချုပ်နိုင်ရေး ကရင့် လက်နက်ကိုင် အဖွဲ့အစည်း ညီညွတ်ရေး ကော်မတီကို ဖွဲ့စည်းထားသည်ဟု သိရှိရသည်။
ဒီကိစ္စက ဝုန်းဒိုင်းဝုန်းဒိုင်းလုပ်လို့မရဘူး။ အချိန်ယူပြီးတော့ အတုအယောင်ရယ် မှန်ကုန်တဲ့ အဖွဲ့အစည်းရယ်လို့ ကွဲကွဲ ပြားပြားသိလာရအောင် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှုတွေ များများလုပ်ရမယ်ဟု ဗိုလ်မှူးကြီး စောချစ်သူက ပြောသည်။
နယ်ခြားစောင့်တပ်(BGF)များသည် တရားဝင်အဖွဲ့အစည်းများဖြစ်သည့်အတွက်ကရင်ပြည်နယ်တစ်ခုလုံးတွင် လက်နက်ကိုင် ဆောင်ခွင့်ရှိကြောင်းနှင့် တာဝန်အရဆိုပါက တစ်နိုင်ငံလုံး၌ပင် လက်နက်ကိုင်ဆောင်ခွင့်ရှိသည်ဟု အဆိုပါအဖွဲ့အစည်းမှ သိရှိ ရသည်။
ဗဟို ကွပ်ကဲရေးနှင့် အကြံပေး အထွေထွေအတွင်းရေးမှူးအပြင် BGF တပ်မှ ဗိုလ်မှူးချုပ် စောချစ်သူသည် ကရင် အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်ကာ တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) အဖြစ် ထူထောင်ခဲ့သူများတွင် ခေါင်းဆောင် တစ်ဦးအဖြစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၀၇ ခုနှစ်တွင် ၎င်းဦးဆောင်သော DKBA တပ်ဖွဲ့ဝင်များအနေဖြင့် အစိုးရမှ နယ်ခြားစောင့်တပ်အဖြစ် လက်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သြဂုတ်၃ရက် က မြဝတီမြို့ပေါ်၌  နယ်ခြားစောင့်တပ်တပ်ဖွဲ့ဝင်တစ်ဦးထံမှ သေနတ်နှင့် ကျည်ဆန်များ ဖမ်းဆီး ရမိခဲ့သည်ဟု နယ်စပ်ဒေသလုံခြုံရေးဝန်ထမ်းတစ်ဦးက ဆိုသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment