
KNU ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ၏ သားဖြစ်သူ ဗိုလ်မှူးကြီးနယ်ဒါးမြကို ဇူလိုင်လ ၈ရက်မှ ၉ရက်နေ့အထိ KNU ထိန်းချုပ်ရာ နယ်မြေတစ်နေရာတွင် ကျင်းပပြုလုပ်သည့် KNDO တပ်ဖွဲ့၏ တပ်ဖက်ဆိုင်ရာ အစည်းအဝေး၌ ယခင် KNDO ဥက္ကဌဟောင်း ဗိုလ်ချုပ်မန်းကျော်ဖေ၏ တာဝန်ကို ယာယီလွှဲပြောင်းခံရခြင်းဖြစ်ပြီး ရုပ်သံမှတ်တမ်းတွင် တွေ့မြင်ရသည့်အတိုင်း KNDOတပ်ဖွဲ့ဝင်များနှင့် အတူ မဟာမိတ် ရခိုင်တပ်မတော်သားတွေကို အပြင်းအထန် စစ်ရေးလေ့ကျင့်နေသည့် သင်တန်းများကို ပေးအပ်နေခြင်း ဖြစ်သည်။
ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ဟု အမည်ရသည့် KNDOသည် ကရင်အမျိုးသား ခုခံတော်လှန်စစ် မစတင်မှီ ၁၉၄၇ခုနှစ်၊ ဇူလိုင်လ ၁၆ရက်နေ့တွင် ကရင်ပြည်သူများ၏ လွတ်လပ်မှုနှင့် တရားသော ရပိုင်ခွင့်များအတွက် လှုပ်ရှားမှုအပေါ် တိုက်ခိုက်လာကြမည့် အန္တရာယ်မှ မိမိကိုယ်ကို ခုခံကာ ကွယ်နိုင်ရန် ကေအဲန်ယူ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တဦးဖြစ်ခဲ့သူ ကာကွယ်ရေးဌာနတာဝန်ခံ မန်းဘဇံက စတင် ဦးဆောင်ဖွဲ့စည်းခဲ့သည်။
လက်ရှိ KNDOသည် ကေအဲန်ယူ ကာကွယ်ရေး ဌာနအောက်တွင် ရှိပြီး တပ်မဟာ ၇ခုအတွင်း တွင် တပ်ရင်းတခုဆီဖြင့် လှုပ်ရှားဆောင်ရွက်နေသည်။ (သတင်း-အဲခေါင်သောင့်)