Tuesday, September 3, 2013

နံမည်ကျော်"အောဟုအောဟောင်" ကရင်တေးသီချင်းကိုရေးတဲ့တိမွေးကုဆရာဝန်



သြဂုတ် ၁၆

သတင်းနှင့်ဓာတ်ပုံ-မန်းမျိုးမြင့်(မီဒီယာ)

ကရင်ပြည်နယ်အပါအ၀င် ပြည်တွင်းပြည်ပမှာကျင်းပတဲ့ ကရင်အမျိုးသားဆိုင်ရာပွဲ
တော်တွေရဲ့အပိတ်သီချင်းဖြစ်တဲ့"အောဟုအောဟောင်"သီချင်းဆိုရင်ကရင်အမျိုးသားတွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ပါတယ်။

ဒီသီချင်းရဲ့စာသားက စည်းလုံးညီညွတ်မှုတည်ဆောက်ဘို့အတွက် ရှေ့ဆောင်ပေး
ထားတာဖြစ်ပြီး ဆန်းသစ်နုပျိုတဲ့စကားလုံးတွေနဲ့ ရေးဖွဲ့သီကုံးထားတဲ့သီချင်းဖြစ်လို့ ဘယ်အချိန်မှာဘဲဆိုဆို အမြဲဆန်းသစ်နေတဲ့သီချင်းဆိုပြီး နံမည်ရကရင်တေးရေးဆ
ရာတဦးက မှတ်ချက်ပေးပါတယ်။

ဒီတေးသီချင်းကို လွန်ခဲ့တဲ့အနှစ် ၃၀ လောက်က ဆေးကျောင်းတက်ရင်းနဲ့ အဆောင်
မှာနေရင်းစိတ်ကူးပေါက်လာလို့ ရေးလိုက်တာပါဆိုပြီး ဒေါက်တာဖေသိန်းကပြောပါတယ်။

"ဒီသီချင်းရေးတုံးက ဒီလောက်ကြီးပေါက်လိမ့်မယ်လို့မထင်ခဲ့ဘူး၊ ဒီအပေါ်မှာကိုယ့် အမျိုးသားအတွက်ဂုဏ်ယူမိသလို၊တာဝန်ကြီးတရပ်ပိုကြီးလာသလိုခံစားရတယ်"ဆို
ပြီး စာရေးသူကိုပြောပါတယ်။

အထူးသဖြင့်ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ ခံယူချက်နဲ့နိုင်ငံရေးအမြင်တွေမတူ
ညီကြပေမဲ့ ဒီသီချင်းကိုတော့ ဘယ်အဖွဲ့ကမှစောဒကတက်တာမရှိဘဲ လက်ခံကြတာ
ပါ၊

ဒေါက်တာဖေသိန်းဟာ အခုလက်ရှိမှာတော့မိသားစုနဲ့အတူ ပဲခူးတိုင်းဖြူးမြို့မှာ မိ
သားစုနဲအတူနေထိုင်ပြီး တိမွေးကုဆရာဝန်အနေနဲ့ အသက်မွေးဝမ်းကြောင်းနေပါ
တယ်။

အခုတင်ထားတဲ့ပုံကတော့ ဒေါက်တာဖေသိန်းဖြစ်ပြီး မနှစ်က လှိုင်းဘွဲမြို့နယ်ကစိုကျေးရွာမှာကျင်းပခဲ့တဲ့ ကရင်နှစ်သစ်ကူးပွဲမှာ ရိုက်ကူးထား တာ
ပါ။

အဲဒီနှစ်သစ်ကူးညမှာ ဒေါက်တာဖေသိန်းက သူ့ရဲ့တေးသီချင်းကို သူကိုယ်တိုင်ဘဲမယ်ဒလင်နဲ့တွဲဖက်သီဆိုခဲ့အတွက် ပရိသတ်တွေဆီက အံ့သြလောက်တဲ့ လက်ခုပ်သြဘာသံတွေကိုရရှိခဲ့ပါတယ်။

ဒီတေးသီချင်းကို ပိုးကရင်ဘာသာနဲ့သီကုံးထားတာဖြစ်ပြီး ကရင်မျိုးနွယ်စုတိုင်းလက်
ခံကြတဲ့အကြောင်းရင်းက အစဉ်ဆန်းသစ်နေတဲ့ စာသားတွေကြောင့်ဖြစ်တယ်ဆိုပြီး ကရင်အမျိုးသားအများစုက သုံးသပ်ပြောဆိုပါတယ်။
မူးရင်းသီချင်းကတော့ အောက်မှာ ဖြစ်ပါတယ်။

Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment