Thursday, September 5, 2013

အန္တရာယ် ရှိသည့် စွန့်လွှတ်မိုင်း များကိုလည်း ထပ်မံ ဖော်ထုတ် ရှင်းလင်းရန် ဆုံးဖြတ်

ကရင်ပြည်နယ် ကေအဲန်ယူ ထိန်းချုပ် ဒေသ တပ်မဟာ (၆) မော်လမြိုင် ခရိုင် တွင်းမှ မြေမြုပ်မိုင်း သားကောင် ဖြစ်ရသည့် ပြည်သူ တစ်ဦး ကရင်ပြည်နယ် ကေအဲန်ယူ ထိန်းချုပ် ဒေသ တပ်မဟာ (၆) မော်လမြိုင် ခရိုင် တွင်းမှ မြေမြုပ်မိုင်း သားကောင် ဖြစ်ရသည့် ပြည်သူ တစ်ဦး (ဓါတ်ပုံ - Brennan O`Connor)
ကရင် ပြည်နယ် မြိုင်ကြီးငူ ဒေသ၌ ကျန်ရှိ နေသည့် အန္တရာယ် ရှိသည့် စွန့်လွှတ်မိုင်း များကို ထပ်မံ ရှင်းလင်း ဖော်ထုတ်ရန် စက်တင် ဘာလ (၃) ရက်နေ့က ပြုလုပ်သည့် ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မီတီ အစည်း အဝေး၌ ထပ်မံ၍ အတည်ပြု ဆုံးဖြတ် ခဲ့ကြောင်း တက်ရောက် ခဲ့သည့် DKBA ကလို့ထူးဘော ထောက်လှမ်းရေး အရာရှိ ဗိုလ်ကြီး သရီးတူးက ပြောသည်။
ကျနော်တို့ ဝိုင်းဝန်း ပြီးတော့ ဆက်လက် ပြန်ဖော် ထုတ်မယ်။ DKBA, KNU, BGF ရယ် အဓိက သုံးဖွဲ့ ပြန်ဖော်မယ်။ ကျွှန်တော်တို့ လူ (၃) ယောက် ဒဏ်ရာ ရတယ်၊ နောက်ဆုံး တစ်ယောက် ဒဏ်ရာ ရတဲ့ အချိန်က စပြီး (၈) လပိုင်း အတွင်းမှာပဲ တစ်ချက် နားလိုက်တယ်၊ စက်တင်ဘာ လလယ် လောက် ပြန်ဖော်ဖို့ ဆုံးဖြတ် ထားတယ်” ဟု ဗိုလ်ကြီး သရီးတူးက ပြောသည်။
နောက်ဆုံး မြေမြုပ်မိုင်း ပေါက်ကွဲကာ ဒဏ်ရာ ရသည့် ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၄.၈.၂၀၁၃ မနက် ၁၀ နာရီ အချိန်တွင် ဖြစ်ပွား ခဲ့ကာ DKBA မှ ဒု-ဗိုလ်ချစ်သန်း ဖာပွန်မြို့နယ် မိဇိုင်းဒေသ မောကဲမု နေရာ၌ မိုင်းပေါက်ကွဲ၍ ဘယ်ဘက် မျက်လုံး ဒဏ်ရာ ရရှိခဲ့ အပြီးတွင် ခေတ္တ ရပ်နား ထားခဲ့သည်။
ထိုမတိုင်ခင် ပြီးခဲ့သည့် ၂၉.၇.၂၀၁၃ နေ့လယ် ၁ နာရီမှာ DKBA မှ ဗိုလ်ကီး မောင်သိန်းဝင်လှိုင်းဘွဲမြို့နယ် တောင်ကြား တနေရာ၌ မိုင်းရှင်းနေစဉ် မြေမြုပ်မိုင်း ပေါက်ကွဲ၍ ဘယ်ဘက် မျက်နှာ၌ ဒဏ်ရာ ရခဲ့သည်။
၎င်းမတိုင်ခင် ပြီးခဲ့သည့် ၂၃.၅.၂၀၁၃ နေ့လယ် ၁၂ နာရီ အချိန်တွင် DKBA မှ ဗိုလ်ကီး မောင်သန်းဦးမှ လှိုင်းဘွဲမြို့နယ် ကွယ်စုထု ကျေးရွာတွင် မိုင်းရှင်းနေစဉ် မိုင်းပေါက်ကွဲကာ မျက်လုံး အပြင် တစ်ကိုယ်လုံး အပြင်းအထန် ဒဏ်ရာ ရရှိ ခဲ့ကာ ၄င်းအား မဲဆောက် ဆေးရုံသို့ ပို့ဆောင်၍ ကုသ စေခဲ့ ရသည်။
၎င်းသည် မြေမြုပ်မိုင်း ရှင်းလင်းစဉ် ပေါက်ကွဲ မှုကြောင့် ဒဏ်ရာ ရသူ များအနက် အဆိုးရွားဆုံး ဒဏ်ရာ ရသူ ဖြစ်ကာ မျက်လုံး နှစ်လုံးလည်း မမြင်ရ တော့ကာ ၄င်းအား လက်ရှိ၌ မဲဆောက် ဆေးရုံမှ ဆင်းကာ လှိုင်းဘွဲမြို့နယ် မယ်သဝေါဆးရုံ၌ ဆက်လက် ကုသလျက် ရှိကြောင်း သိရှိ ရသည်။
ယခု အကြိမ် အန္တရာယ် ရှိသော ကျန်ရှိ နေသေးသည့် မြေမြုပ်မိုင်း များအား ထပ်မံ စုပေါင်း ဖော်ထုတ်ရန် ဆုံးဖြတ် ခြင်းသည် ကရင် လက်နက်ကိုင် တပ်ဖွဲ့ များ၏ ညီညွတ်မှု၊ စုစည်းမှုကို ပြသ နိုင်ရန် အတွက် ရည်ရွယ်၍ ဆုံးဖြတ်ခြင်း ဖြစ်သည် ဟုလည်း ဗိုလ်ကြီး သရီတူးက ဆက်ပြောသည်။
၎င်း မြေမြုပ်မိုင်း ရှင်းလင်း ဖော်ထုတ်ရေးကို ယခင် ဦးဆောင် ခဲ့သည့် လူများပင် ဖြစ်သည့် DKBA ဘက်က ဒု-ဗိုလ်မှူးကီး ရဲချစ်KNU ဘက်က တပ်မဟာ (၇) ဒု-ဗိုလ်မှူးကီး စောတာမလာနှင့် BGF ဘက်က ၁၀၁၄ တပ်ရင်းမှူး ဗိုလ်မှူး မောင်ချစ် တို့ကပင် ဆက်လက် ဦးဆောင် သွားကြမည် ဖြစ်သည်။
ယခင် မြေမြုပ်မိုင်း များကို တူးဖော် ရှင်းလင်း ဖယ်ရှား ခဲ့ရာ၌ စက်ကိရိယာ အကူအညီ မပါပဲ ဓါးမြှောင် များဖြင့်သာ တူးဖော် ခဲ့ကြပြီး ယခု အပတ် ပူးပေါင်း ဖော်ထုတ်မှု၌ စက်ကိရိယာ အကူအညီ ပါလာနိုင်ဖွယ် ရှိကြောင်း ဆိုပါသည်။
မြေမြုပ်မိုင်း ထူထပ်သည့် နေရာများမှာကရင်ပြည်နယ်၊ မြိုင်ကြီးငူ ဒေသ တွင်းရှိ DKBA ကလို့ထူးလား ကွပ်ကဲရေး လက်အောက်ခံ (၉၀၆) တပ်ရင်း ဧရိယာနှင့် BGF (၁၀၁၄) တပ်ရင်း တို့၏ ထိန်းချုပ် နယ်မြေ ဖြစ်သည့် ၀ါးဒူးရွာ၊ ၀ါးတမော့ရွာ၊ ၀ါးသောခို့ရွာ၊ မီဇိုင်း ရွာလေး၊ မီဇိုင်း ရွာကြီးနှင့်ကောဟဲ ကျေးရွာ အနီး တ၀ိုက်ပင် ဖြစ်ပါသည်။
ဇွန်လ လယ်၌ ပြုလုပ် ခဲ့သည့် ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး အရေးပေါ် ကော်မီတီ အစည်အဝေး၌ ထိုဒေသ မြေမြုပ်မိုင်း များအား ဖော်ထုတ်ရန် ဆုံးဖြတ် ခဲ့ပြီး ရှင်းလင်း ဖော်ထုတ် ခဲ့စဉ် ယခုကဲ့သို့ DKBA တပ်ဖွဲ့မှ သုံးဦး ဒဏ်ရာ ရရှိ ခဲ့ခြင်း ဖြစ်သည်။
စတင်ဖော်ထုတ် ချိန်မှ စ၍ မြေမြုပ်မိုင်းပေါင်း အလုံး (၅၀) ကျော်အား ရှင်းလင်း ဖော်ထုတ် နိုင်ခဲ့ပြီး ဖြစ်ကာ ဖော်ထုတ်ရန် ခက်ခဲနေသည့် မြေမြုပ်မိုင်း တည်ရှိရာ နေရာ များကိုလည်း သတိပေး အမှတ် အသားများ ပြုလုပ် ထားသည်ဟု ဆိုပါသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment