"သေနတ်မပေါက်ရုံနဲ့ ငြိမ်းချမ်းရေးခေါ်လို့ မဟုတ်ဘူး"…
၂၀၁၅ရွေးကောက်ပွဲဝင်တာနဲ့ ကရင်နီအမျိုးသားတော်လှန်ရေးချုပ်ငြိမ်းပြီ…
သတင်းတွေမှာ ကြားရလေ့မရှိတဲ့ အကြောင်းအရာနဲ့ အဖြစ်အပျက်တွေ ကြားသိရတော့မှာပါ….
သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်ကို
ဗမာပြည်ထဲသိမ်းသွင်းဖို့ ၁၉၄၈ခုနှစ် သြဂုတ်လ (၉)ရက်နေ့မှာ
ကရင်နီအမျိုးသားခေါင်းဆောင် ဦးဘီတူရီ တည်ရှိရာမြလဲရွာကို ဖဆပလ
ဗမာစစ်အစိုးရတပ်တွေက စတင်ဝင်ရောက် တိုက်ခဲ့တဲ့အတွက် ကရင်နီအမျိုးသားတွေက
ရရာလက်နက်နဲ့ ပြန်လှည်ခုခံ တိုက်ခိုက်ခဲ့ရာကနေ ကရင်နီအမျိုးသား
တော်လှန်ရေးဖြစ်ပေါ်လာခဲ့တာပါ။၂၀၁၅ရွေးကောက်ပွဲဝင်တာနဲ့ ကရင်နီအမျိုးသားတော်လှန်ရေးချုပ်ငြိမ်းပြီ…
သတင်းတွေမှာ ကြားရလေ့မရှိတဲ့ အကြောင်းအရာနဲ့ အဖြစ်အပျက်တွေ ကြားသိရတော့မှာပါ….
ယခုဆိုရင် လက်နက်ကိုင်တော်လှန်ရေးဟာ နှစ်ပေါင်း(၆၅)နှစ်ရှိသွားခဲ့ပါပြီ။ အမျိုးသားလွတ်မြောက်ရေး၊ တန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြန်လှည်ရရှိရေးအတွက် ယနေ့ထိတိုင် လက်နက်ကိုင်တော်လှန်နေဆဲရှိတဲ့အတွက် နှစ်ပေါင်း (၆၅)နှစ်ကို ဘယ်လိုကျော်ဖြတ်ခဲ့ကြလဲ… ယနေ့မြန်မာပြည်နိုင်ငံရေး အပြောင်းအလဲမှာကော တော်လှန်ရေးရဲ့ အခြေအနေက ဘယ်လို ဆက်သွားမလဲ… ဒီအကြောင်းအရာနဲ့ ပါတ်သက်ပြီး ယနေ့အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေး ထိုးထားတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ပါတီအမြဲတမ်း ဗဟိုကော်မီတီဝင် ဦးရီမာန်ထူး နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။
ကေတီ။ ။ ပထမဦးဆုံးအနေနဲ့ ဦးက ဒီကရင်နီအမျိုးသား ခုခံတော်လှန်ရေးထဲ ရောက်လာရတဲ့ အကြောင်းအရင်းနဲ့ ပါတ်သက်ပြီး ရှင်းပြပေးစေချင်ပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ပါတီအမြဲတမ်း ဗဟိုကော်မီတီဝင် ဦးရီမာန်ထူး (ဓါတ်ပုံ-ကေတီ)
ဦးရီမာန်ထူး။ ။အမှန်ကျတော့ ဆင့်ကဲဆင့်ကဲ အောင်မြင်မှုတွေတော့ ရှိပါတယ် ဥပမာ အစတုန်းကဆိုရင်တော့တကယ့် သူများကျွန်တော်တို့ ကိုပြောသလိုပေါ့ သူပုန်ဆိုတာ တကယ့်သူပုန်အစစ်ပါဘဲ ဒါပေမယ့် တဖြည်းဖြည်းနဲ့ လက်နက်ခဲယမ်း မီးကျောက်တွေ တခါတလေ စစ်တပ်အင်အား တောင့်တင်းတဲ့စစ်တပ်ရယ် စည်းမျဉ်းစည်းကမ်းတွေ နောက်ပြီး နိုင်ငံရေးတွေ အများကြီး တိုးတက်မှုတွေရှိလာခဲ့ပါတယ် ဥပမာ ဟိုတုန်းကဆိုရင်ပြောရမယ်ဆိုရင် တကယ့် ဥပဒေမဲ့ သာသာလောက်ရှိပါတယ် ဒါပေမယ့် ၁၉၈၀ နောက်ပိုင်းမှာဆိုရင် ဥပဒေသေချာ ချမှတ်ခဲ့တယ် နောက်ပြီး စည်းမျဉ်းစည်းကမ်းတွေ သေချာ ချမှတ်ခဲ့တယ် နောက်ပြီး နိုင်ငံရေးလည်း တော်တော်လေးကိုခေတ်နဲ့အညီ လိုက်လျောပြီးတော့ လုပ်သွားနိုင်တဲ့ အနေအထား ရှိပါတယ်။
ကေတီ။ ။ တော်လှန်ရေးသက်တန်း တလျောက်မှာ ဆုံးရှုံးမှုတွေလဲရှိမှာပါ။ ဦးတယောက်ထဲအနေနဲ့ တော်လှန်ရေးရဲ့ ဆုံးရှုံးမှုတွေက ဘာလဲလို့ပြောနိုင်လဲ…
ဦးရီမာန်ထူး။ ။ဆုံးရှုံးမှုတွေကတော့ ရန်သူရဲ့ဖိနှိပ်မှု ရဲ့နှိပ်စက်မှုကြောင့် ကျေးရွာလူထုတွေ တော်တော်လေး ခံကြရပါတယ် ကျေးရွာတွေ မီးရှို့ ဖျက်ဆီးလိုက်တာတို့  ပြည်သူလူထု တရပ်လုံးကို မောင်းထုတ်ပစ်တာတို့  အဲလိုမောင်းထုတ်လို့ဘဲ ဒီနယ်စပ်မှာ ပြည်သူ ၁၀၀၀၀ ကျော်ကျော် ရောက်နေတာပေါ့ အိုးမဲ့အိမ်မဲ့ ရွာတွေလည်း တချို့ မရှိတော့ပါဘူး အဲလိုမျိုးဖြစ်တယ် အဲဒါက အဲလိုအခက်အခဲတွေနဲ့ကြုံတွေ့ နေရတယ် ဒီသက်တမ်းတလျှောက်မှာပေါ့။

ကွန်ကရက်အတွင်းဆွေးနွေးအားကောင်းရန် အစည်းအဝေးအားလပ်ချိန်အတွင်း KNPP ပါတီဝင်အချို့နဲ့ဆွေးနွေးနေစဉ် (ဓါတ်ပုံ-ကေတီ)
ကေတီ။ ။ KNPP ရဲ့ ၀ါရင့်ခေါင်းဆောင်တဦးအနေနဲ့ ဒီ ကလလတတို့၊ နဂါးတို့၊ ကယောနီတို့အပေါ်မှာ အမှန်တကယ်ထားရှိတဲ့ အမြင်သဘောထားကို သိချင်ပါတယ်။

၂၀၁၃ ဇွန်လ ၅ ရက်နေ့ KNPP ကွန်ကရက်မစမှီ ကရင်နီတပ်မတော် ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြနှင့်တွေ့ရစဉ် (ဓါတ်ပုံ-ကေတီ)
ဦးရီမာန်ထူး။ ။အမှန်က ဦးကနိုင်ငံရေးတခုတည်း ကြည့်တဲ့အခါကြတော့ ဒီ ငြိမ်းချမ်းရေးဆိုတာက သေနတ်မပေါက် ရုံနဲ့ ငြိမ်းချမ်းရေးခေါ်လို့ မဟုတ်ဘူးလေး တကယ်ငြိမ်းချမ်းရေးဆိုတာ တကယ့်အခြေခံကျတဲ့ ပဋိပက္ခတွေကိုနော ဥပမာ ဗမာပြည်မှာဒီ ပဋိပက္ခ ဖြစ်တဲ့ အကြေင်းအရင်းကဘာလဲ ဦးတို့ကြည့်တော ဒါ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေဘဲ ဒီပြည်ထောင်စုရဲ့ဥပဒေကို ပြင်လိုက်လို့ရှိရင် သေနတ်မပေါက်တော့ဘူး ဆိုတာထက် ငြိမ်းချမ်းရေးကတော့ အမှန်တကယ်ထာဝစဉ် ရရှိမှာဖြစ်တယ် ဒီသေနတ်မပေါက်တာလောက်ဘဲ လုပ်မယ်ဆိုရင် ဥပမာတိုင်းရင်းသားတွေရဲ့ အခွင့်အရေးက ဘာမှရမှာမဟုတ်ဘူး အဲဒီ ၂၀၀၈ ခုနှစ်မှာ ရေးဆွဲထားတဲ့အခြေခံဥပဒေ အတိုင်းဆိုရင် တသက်လုံး လူတမျိုးက အာဏာရလာတာမကလို့  အဲဒီလူတမျိုးထဲက လူတစုကဘဲ အာဏာရသွားမယ် လူတစုအာဏာရလို့ ရှိရင် တပ်ကဘဲ တိုင်းပြည်အာဏာ ကိုဆက်ပြီး စိုးမိုးသွားမှာဘဲဖြစ်တယ်
အဲဒါကြောင့် ဦးတို့ ကသူတို့ နဲ့ မြင်တိုင်းတွေ့ တိုင်းပြောပါတယ် မင်းတို့ စေတနာ မှန်မှန်နဲ့လုပ်ပါ တကယ့်အရင်းခံဖြစ်တဲ့ ပြသာနာကို ဖြေရှင်းပါ သူတို့ကအဖျားလောက်ဘဲ သွားဖြေရှင်းတယ် သူများကို မလှိမ့်တပတ် မလှိမ့်တပတ် သွားလုပ်တဲ့အခါကြတော့ ဒါကတကယ့် နိုင်ငံရေးကို ရှေးရှုပြီးတော့ မရမချင်း တိုက်ပွဲဝင်အုံးမယ်ဆိုရင်တော့ အခုလုပ်တဲ့ငြိမ်းချမ်းရေးက တည်ငြိမ်မှု မရှိနိုင်ဘူး ငြိမ်းချမ်းရေးဆိုတာကလည်း ထာဝရငြိမ်းချမ်းရေး မဖြစ်နိုင်ဘူး ဦးလေးမြင်တာအဲဒါဘဲ။
ကေတီ။ ။ KNPP က လက်ရှိ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ဆန့်ကျင်ထားတယ်။ လာမည့် ၂၀၁၅ ခုနှစ်ရွှေးကောက်ပွဲကိုလဲ ၀င်ဖို့အကြောင်းအရင်းမရှိဘူးလို့ ဒီ ၂၀၁၃ခုနှစ် KNPP ပါတီကွန်ကရက်မှာ အသိအလင်း ချမှတ်ထားကြတာကို တွေ့ရတယ်။ အဲ့လိုဆိုရင် ကရင်နီအမျိုးသားအရေး ဒါမှမဟုတ်ရင်လဲ ကရင်နီတိုင်းရင်းသားအရေးကို အခုလိုပြောင်းအလဲကာလမှာ ဘယ်လို လုပ်ဆောင်မလဲ။

ကွန်ကရက်အစည်းအဝေး အတောအတွင်း (ဓါတ်ပုံ-ကေတီ)
ပါတဲ့ စာလုံးကို ပြောမိတာနဲ့ဘဲ ရွှေမန်းက တူထုပြီးတော့ လွှတ်တော်နဲ့ဆိုင်တဲ့စကားဘဲပြောပါ ဆိုပြီးတော့ ပြောတယ်မလား အဲဒါဘဲကြည့်လေး အဲဒါကြောင့် ဘယ်လိုမှ တသက်လုံး တိုက်ပွဲဝင်လာပြီး ကျတော် တို့လိုချင်တဲ့ ကျနော်တို့တောင်းဆိုတဲ့ နိုင်ငံရေးလမ်းကြောင်းပေါ် ဘယ်လိုမှရောက်မှာမဟုတ်ဘူး အဲဒီလွှတ်တော်မှာဆိုရင် တကယ်လို့ ဒါကို တိုင်းရင်းသားအားလုံး ဝင်စေချင်ရင် နော အဲဒါဆိုရင် ၂၀၀၈ ဥပဒေကိုပြင် သို့ မဟုတ် ကျတော်တို့ ရေးဆွဲထားတဲ့ မူကြမ်းရှိတယ် ပြည်ထောင်စု တည်ဆောက်ဖို့ နောက် အနာဂတ် ပြည်ထောင်စုတည်ဆောက်ဖို့ အဲဒီအတိုင်းလုပ်မယ်ဆိုရင်ရတယ် တကယ်တမ်း နိုင်ငံရေးကိုရှေးရှုမယ် ဆိုလို့ ရှိရင် ဒါပေမယ့် ဒီ ဝန်ကြီးဖြစ်ဖို့ လောက်ဘဲ အမတ်တွေဖြစ်ဖို့ လောက်ဘဲဆိုရင် တမျိုးပေါ့။ ကေတီ။ ။ နောက်ဆုံးမေးခွန်းအနေနဲ့ ကျနော်တို့မေးမြန်းသွားတဲ့အပေါ်မှာ ဘာတွေထပ်ပြီးဖြည့်စွက်ပြောချင်ပါသလဲ။
ဦးရီမာန်ထူး။ ။ကျတော့အနေနဲ့ ခုနပြောသလို ဒီ ကျတော်တို့ နိုင်ငံရေးလုပ်လာခဲ့တာ နှစ်ပေါင်း ၆၀ လောက်ရှိပြီနော နှစ်ပေါင်း၆၀ ကျတော်တို့ ကြွေးကြော် တသက်လုံးကြွေးကြော် ကျတော်တို့ အရေး ကြွေးကြော်တဲ့ အချိန်မှာ ကျတော်တို့က လုပ်ပိုင်ခွင့်ရှိမှနော ကိုယ်ပိုင်ပြဌာန်းခွင့်ရှိမှဘဲ ကျတော်တို့  အမျိုးသား ဖွိ့ ဖြိုးတိုးတက်ရေး ကို ကျတော်တို့  လုပ်မယ် ဒါပေမယ့်လို့ အဲလောက် မစဉ်းစားဘဲနဲ့ ဒီ ၂၀၁၅ ရွေးကောက်ပွဲဝင်လိုက်လို့ ရှိရင် သူတို့  ခြယ်လှယ်တဲ့ သူတို့ ရဲ့စိုးမိုးထားတဲ့ ဥပဒေ အရဘဲ သူတို့ ဆုပ်ကိုင်မယ်ဆိုရင် ကျတော်တို့ ဘယ်လိုဘဲလုပ်လုပ် တို့မှာလုပ်ပိုင်ခွင့် အာဏာမရှိဘူး အခု ကယားပြည်နယ် ဝန်ကြီးချုပ်ကိုယ်တိုင်ဘဲ ပြောတယ် ငါဝန်ကြီးချုပ်သာဖြစ်တယ် ငါ့မှာ လုပ်ပိုင်ခွင့်အာဏာ ဘာမှ မရှိဘူး ဆိုကတည်းကအဲဒါဘဲ စဉ်းစားကြည့် ဒါတောင်မှ အဲဒီပါတီက ဘာပါတီလဲ ကြံ့ဖွတ်ပါတီတောင်မှ ဖြစ်သေးတယ် ကျနော်တို့ဆိုဝေး ရောပေါ့ သူတို့ နဲ့မဆိုင်တဲ့ပါတီဆို ဝေးရော အဲဒါဘဲ ဒါကြောင့် ကျနော်တို့  ပြည်သူလူထုတရပ်လုံးလည်း KNPP ကို ပြည်သူ့ အကျိုးပြုလုပ်ငန်း လုပ်နိုင်ဖို့  လမ်းကြောင်းပေါ်မှာ တွန်းပို့ ဖို့ တော့လိုမယ် ပြည်သူ့ အကျိုးကို ဘာမှမဆောင်ရွက်နိုင်တဲ့ လမ်းကြောင်းပေါ် လျှောက်ခဲ့ရင်လည်းဘဲ ကျတော်တို့ အလကားဖြစ်မယ် နောက်ပြီး ပြည်သူတွေလည်းဘာမှ အကျိုးခံစားရမှာ မဟုတ်ဘူး အဲဒါဘဲပြောချင်ပါတယ်။
ဦးရီမာန်ထူးဟာ ကရင်နီအမျိုးသား တော်လှန်ရေးခေါင်းဆောင်တဦးလဲဖြစ် KNPP အမြဲတမ်းပါတီဗဟိုကော်မီတီဝင် တဦးလည်းဖြစ်ပြီး လေးနှစ်တကြိမ်ကျင်းပသည့် ယခု ၂၀၁၃ ပါတီ ကွန်ကရက်မှာ သဘာပတိအဖြစ် တာဝန်ယူခဲ့ပါတယ်။
ကန္တာရ၀တီတိုင်း(မ်)