Tuesday, September 3, 2013

ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်နှင့် တွေ့ဆုံခြင်း

" ကျွန်တော်တို့ရဲ့ကံကြမ္မာဟာ တိုင်းရင်းသားပြဿနာကို
ဖြေရှင်းနိုင်ခြင်းရှိ၊ မရှိအပေါ်လုံးဝမူတည်တယ်"
================================

ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်နှင့် တွေ့ဆုံခြင်း

Photo: " ကျွန်တော်တို့ရဲ့ကံကြမ္မာဟာ တိုင်းရင်းသားပြဿနာကို
 ဖြေရှင်းနိုင်ခြင်းရှိ၊ မရှိအပေါ်လုံးဝမူတည်တယ်"
================================

ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်နှင့် တွေ့ဆုံခြင်း

► ဟုတ်ကဲ့ မန်းငြိမ်းမောင်ခင်ဗျာ။ မန်းက တစ်ကျွန်းပြန်လည်းဖြစ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားပါ။ အခုတစ်ကျွန်း ကနေ ထွက်ပြေးလွတ်မြောက်မှုကို စာအုပ်လည်း ရေး သားထုတ်ဝေထား တာဆိုတော့ ကိုကိုးကျွန်းမှာ မန်းတို့ ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေလေးကို အကျဉ်းပြောပြပါလား။

ဖြေ - ကျွန်းပို့တယ်ဆိုမှတော့ လမ်းဆုံး သွားပြီလေ။ အမှန်က နိုင်ငံရေးအကျဉ်း သားဆိုတာ စောင့်ရှောက်ပေးရမယ်။ ကျွန်တော်တို့ကို ရိက္ခာထုတ်ပေးတယ်။ ကိုယ့်ဟာကိုယ် ချက်စားရတယ်။ သူတို့ ကတော့ ကိုယ်ထူကိုယ်ထ စနစ်လို့ ပြော တာပဲ။ ပြီးတော့ ကျွန်တော်တို့ ဆေးဝါး အပြည့်အစုံမရဘူးဗျ။ အာဟာရချို့တဲ့ တာကတော့ လူတိုင်းလိုလိုပါပဲ။ ဒီလို တွေကြောင့်ပဲ အစာငတ်ခံတိုက်ပွဲ ၄ ကြိမ် ဖြစ်ခဲ့တယ်။ ကျွန်တော်ကတော့ နှစ်ကြိမ်မီခဲ့တယ်။ နောက်ဆုံး တစ် ခေါက်ဆို ပြင်းထန်တယ်။ ၅၃ ရက်ကြာ တယ်ဆိုတော့ အပြင်းထန်ဆုံးပဲပေါ့။ ဖိ နှိပ်မှုက အလွန်ပြင်းတယ်လေ။ အဲ့ဒီ ခေတ်ကတော့ ဘာသတင်းလွတ်လပ် ခွင့်မှ မရှိတော့ ကျွန်းပို့တာတောင်မှ ဘတ်စ်ကားကြီး ထုံးသုတ်ပြီး ညသန်း ခေါင်ကြီးပို့တာလေ။ တိုင်းပြည်ကလည်း ကျွန်းပို့တယ်ဆိုတာ နောက် အနှစ် ၃ဝ လောက်မှ သိရတာလေ။ ကျွန်တော်တို့ ကို ကျွန်းမပို့မီမှာ အင်းစိန်ထောင်မှာ ရိုက်တာနှက်တာတင် တချို့ဆိုနံရိုးကျိုး၊ တချို့ဆို သရက်ရွက်၊ ကျောက်ကပ်ပျက် စီးနဲ့ ကျွန်းမပို့မီမှာ အပြင်းထန်ဆုံး နှိပ်စက်ပြီးမှ ပို့တာလေ။

► ဟုတ်ကဲ့ပါ။ မန်းထောင်ကလွတ် လာပြီး မကြာခင်မှာပဲ မန်းဟာ နိုင်ငံရေး ဓားစာခံအနေနဲ့ အသုံးချခံရတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အခုမန်းတို့ KNU က အစိုးရနဲ့ ဆက်ဆံရေးအကောင်းဆုံး အနေအထားလို့ ပြောလို့ရတယ်။ ဒါဆို မန်းကဘယ်လိုအကြောင်းအချက် တွေကြောင့် မန်းတို့ကလက်ရှိ အစိုးရ အပေါ် ယုံကြည်မှု တိုးပွားလာစေတာလဲ။

ဖြေ - တွေ့ဆုံဆွေးနွေးမှုပေါ့ဗျာ။ ကျွန် တော်တို့ သမ္မတကြီးနဲ့ နှစ်ခါတွေ့တယ်။ ပြီးတော့ သူ့ရဲ့ နိုင်ငံတော်အခြေပြု မိန့် ခွန်းတွေနဲ့ အခြားမိန့်ခွန်းတွေကို လေ့ လာတယ်။ သမ္မတကြီးဟာ တကယ်ပဲ ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်မယ့် သူဆိုတာကို ကျွန်တော်ယုံတယ်။ ဒါ့ ကြောင့် သမ္မတကြီး အပြောင်းအလဲကို သတ္တိရှိရှိ ဖော်ဆောင်ပါ။ ကျွန်တော်တို့ ထောက်ခံပေးပါ့မယ်လို့ ပြောခဲ့တယ်။ ပြီးတော့ ကာချုပ်နဲ့လည်း တွေ့ဖြစ် တယ်။ အဲ့ဒီမှာ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် ကျွန်တော်တို့ဆီက အကြံဥာဏ်တွေတောင်းတယ်။ပြီးတော့ အဲ့ဒီအတိုင်းလည်းတချို့နေရာ ကျင့်သုံး တာတွေ့ရတယ်။ ဒီအချက်တွေကပဲ ကျွန်တော်တို့ကြားက ယုံကြည်မှုကို တိုး ပွားလာေ စတာပေါ့ဗျာ။

► တလောက ကရင်တိုင်းရင်းသား လက်နက်ကိုင်တွေ တွေ့ဆုံပြီး တစ်ခု တည်းသော နိုင်ငံရေး ရပ်တည်ချက်၊ တစ်ခုတည်းသော လက်နက်ကိုင် တပ် မတော် အဖြစ် ပေါင်းစည်းရေး ဆွေးနွေး ခဲ့ကြပါတယ်။ မူအားဖြင့်လည်း သဘော တူခဲ့ကြတယ်လို့သိရပါတယ်။ အကောင် အထည်ပေါ်လာဖို့ ဘယ်လိုအနေအထား ရှိမလဲဆိုတာ သိချင်ပါတယ်။

ဖြေ - အဲဒါကတော့ ယေဘုယျ သဘောထားပါပဲ။ ဒါတွေက အခက်အခဲ အများ ကြီးရှိတယ်။ ကရင်ဆိုတဲ့ ကရင်လူမျိုး အနေနဲ့ တူတာဆိုတာကလွဲလို့ ကျန်တဲ့ အကျိုးစီးပွားတွေ အတွက် ကျန်တဲ့ အ ခက်အခဲတွေက အများကြီးပါ။ ဒါပေမဲ့ ဒီလိုပေါင်းစည်းလိုတဲ့ ဆန္ဒရှိတာကိုက အပြုသဘော ဆောင်တယ်လို့ ကျွန် တော် ယူဆပါတယ်။ ဒါပေမဲ့ တစ်ခုတည်း စု စည်းဖို့ဆိုတာ အလွန်ခက်ခဲ ပါလိမ့်မယ်။ အထူးသဖြင့် နယ်ခြား စောင့်တပ်  BGF ပေါ့။ BGF က တပ် မတော်ရဲ့ ချုပ်ထိန်းမှုအောက်မှာ ရှိနေတာက ပိုပြီးခက်ခဲစေ ပါတယ်။  ဒါပေမဲ့ ဒါကအစိုးရနဲ့ နိုင်ငံရေးအရ ပြေလည်မှုအပေါ်မှာ မူတည်ပါတယ်။

► ဟုတ်ကဲ့ပါ  မန်း။ နောက်တစ်ချက် စိတ်ဝင်စားတာက အခု KNU ထိန်း ချုပ်ဒေသတွေမှာ သယံဇာတ တူးဖော် ရေးနဲ့ပတ်သက်ပြီး အစိုးရနဲ့ ဘယ်လို သဘောတူညီမှုမျိုး ရှိပါသလဲ။

ဖြေ - ဘာမှမရှိဘူး။ ဘာတိုးတက်မှုမှ မရှိသေးဘူး။ ကျွန်တော်တို့ကလည်း ဒီ အပေါ်မှာ ဘာဖြစ်သလဲဆိုရင် သယံ ဇာတတူးဖော်ရေးနဲ့ ပတ်သက်ပြီး ထည့် သွင်းစဉ်းစား ဆင်ခြင်ရမယ့် ကိစ္စတွေ အများကြီးလေ။ ဥပမာ မြစ်ဆုံ၊ လက် ပံတောင်းတောင် ကိစ္စတွေ၊ ဒါတွေဟာ သင်ခန်းစာယူရမယ့် ဖြစ်ရပ်တွေပဲ။ ဒါ့ ကြောင့် ကျွန်တော်တို့က သယံဇာတ တူးဖော်ရေးနဲ့ ပတ်သက်ရင်အဓိက စဉ်း စားတာကဒေသခံပြည်သူတွေ မထိခိုက် ဖို့၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ဖို့၊ အဲဒါတွေကို သတိထားရမယ်။ သယံ ဇာတဟာ ပြည်သူကို အဓိက အကျိုးပြု စေရမယ်ဆိုတဲ့ အချက်ကို အဓိက စဉ်း စားမယ်။ လူတစ်စုတစ်ဖွဲ့ရဲ့ အကျိုး စီး ပွားအတွက် မလုပ်မိဖို့ အခြေခံ စည်း ကမ်းချထား တယ်။

► အခုလက်ရှိမှာ ဟတ်ကြီးဆည်တည်ဆောက်ရေး အနေအထားကရော။

ဖြေ - ဟတ်ကြီးဆည် စီမံကိန်းက ဘာ တိုးတက်မှုမှ မရှိသေးဘူး လုပ်မယ်ဆို တဲ့ ကုမ္ပဏီတွေက ဆာဗေး (လေ့လာတိုင်းတာရေး) အဆင့်ပဲ ရှိသေးတယ်။ ဆည်တစ်ခု လုပ်ပြီဆိုရင် ငလျင်ကြော လွတ်သလား၊ မလွတ်ဘူးလား ဆိုတာ အဓိကကျတယ်။ အဲ့ဒါကို ထည့်မစဉ်း စားရင် နောက်ပိုင်း အရမ်းအန္တရာယ် ရှိတယ်။ အခုတော့ လေ့ လာတဲ့အဆင့် မှာပဲ ရှိသေးတယ်။ ဘာတိုးတက်မှုမှ မရှိသေးပါဘူး။ ပြီးတော့ နယ်မြေ ပြ ဿနာပေါ့။ ဆည်တည်ဆောက်ရေး လုပ်ငန်းခွင်ဟာ ဘယ်သူ့ထိန်း ချုပ်မှု အောက် မှာ ရှိမလဲဆိုတာနဲ့ ပတ်သက် ပြီး အမြင်တွေ ညှိနေကြတုန်းပါ။ အပြင် မှာသိထားသလို မဟုတ်ပါဘူး။ ပြီးတော့ KNU ရဲ့ တရားဝင် စီး ပွားရေးလုပ်ငန်းကတော့ ဘာမှ မရှိသေး ဘူး။ အခုမှ လေ့လာတုန်း။ ကျွန်တော် တို့ ကရင်တွေက စီးပွားရေးမှ မလုပ် တတ်တာ။ တစ်သက်လုံးစစ်တိုက်လာ တာ ဆိုတော့ ခရီးသွားလုပ်ငန်းဆိုတာက လည်း အခုမှကုမ္ပဏီဆိုင်းဘုတ် ထောင် တာပဲ ရှိသေးတယ်။ ခရီးသည် တစ် ယောက်မှတောင် မလာသေးဘူး။

► ပြီးတော့မန်းလက်ရှိပြည်နယ်အစိုး ရတွေရဲ့ လုပ်ပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့ရော KNU က ဘယ်လို ရှုမြင်လဲ။ ဘာလို့လဲဆိုတော့  ကဏ္ဍတော်တော်များများ မှာ ပြည်ထော င်စုအစိုးရက ချုပ်ကိုင်ထားတဲ့ အခြေအနေမျိုးဆိုတော့ ဥပမာသစ်တောကဏ္ဍတို့ သဘာဝသယံဇာတ ကဏ္ဍတို့မှာပေါ့။

ဖြေ - သေချာတာပေါ့။ ပြည်နယ်အစိုး ရတွေမှာ ဘာလုပ်ပိုင်ခွင့်မှ မယ်မယ်ရရ မရှိသေးဘူး။ အခု ပြည်နယ် အစိုးရ တို့ ပြည်ထောင်စုအစိုးရတို့ဆိုတာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥ ပဒေအရ တည် ဆောက်ထားတဲ့ ယန္တရားဖြစ်တယ်။ ပြည်နယ်ဝန်ကြီးချုပ် တော်တော်များများ  ဟာ စစ်ဗိုလ်ချုပ်လူထွက်တွေပဲဗျာ။ ဘာ ပြည်နယ်ရဲ့ အကျိုးစီးပွားမှ မရှိဘူး။ သူ တို့ရဲ့ အကျိုးစီးပွားပဲ ရှိတယ်။ နားလည် မှု အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲမှာကို ပြင်ဆင်ညှိနှိုင်းသွားရမယ့် အခြေအနေပဲ။ ဒီတိုင်းပြည်မှာ တိုင်း ရင်းသားေ တွ ဟာ သူ့နယ်၊ သူ့ဒေသကို သူတို့ ပိုင်တယ်ဆိုပြီး ခံယူထားတယ်။ ကျွန်တော်တို့ တိုက်နေတာကလည်း အဲဒါကြောင့်ပဲ။ အစိုးရကလည်း ခေတ် အဆက် ဆက်မှာ ကို မြေပေါ်မြေအောက် သယံဇာတကို နိုင်ငံတော်က ပိုင်ဆိုင် တယ်ဆိုပြီး ဥပဒေနဲ့ကို ပြဋ္ဌာန်းထား တယ်။ အဲဒီမှာပဲ အမြင်နှစ်ခု ချဉ်းကပ် ပုံနှစ်ခုက အခြေခံကစပြီး ကွဲနေတော့ တာပဲ။

► ပြီးတော့ ခေတ်အဆက်ဆက် အစိုးရတွေဟာ တိုင်းရင်းသားလူနည်းစု တွေအပေါ် ဘာသာရေးအရရော၊ လူမျိုးရေးအရရော ဖိနှိပ်ချုပ်ချယ်မှုတွေ ရှိခဲ့တယ်လို့ အများက ယူဆထားကြ ပါတယ်။ ဒီအပေါ် မန်းတို့အမြင်ကရော။

ဖြေ - အမှန်ပေါ့ဗျာ။ အစဉ်အဆက်ဆို တာ အခုမှမဟုတ်ဘူး။ ဟိုးပဒေသရာဇ် ခေတ်တွေကတည်းကပဲ။ ဗမာသမိုင်း ရေးဆရာတွေက အနော်ရထာတို့၊ ဘု ရင့်နောင်တို့ဆိုတာ တကယ့်တိုင်းပြု ပြည်ပြု မင်းကောင်းမင်းမြတ်တွေ၊ တ ကယ့် ခေါင်းဆောင်တွေအနေနဲ့ သတ် မှတ်ထားတယ်။ ဗမာသမိုင်းဆရာတွေ က။ ဒါပေမဲ့ ကျွန်တော်တို့တိုင်းရင်း သားတွေက ဒီမင်းတွေဟာ တိုင်းရင်း သားတွေကို မျိုးဖြုတ်ခဲ့တာလို့ မြင်ထား တာဆိုတော့ သမိုင်းအမြင်ချဉ်းကပ်ပုံ ကိုက မတူဘူး။ ကျွန်တော်တို့ ဒါကို အများကြီး ညှိရဦးမယ်။ ကျွန်တော်တို့ နေပြည်တော်ကအရုပ်ကြီးတွေက လူမျိုး ကြီးစိတ်ဓာတ်အရ အခြေခံပြီး ထုထား တာ။ အဲ့ဒီအရုပ်တွေက အခုဆို နေရာ တကာမှာ လည်း တွေ့ရတယ်။ အဲ့ဒီအ မြင်နဲ့ပတ်သက်ပြီး အများကြီး ညှိရဦး မယ်။

► အခု လက်ရှိအနေအထားကရော။

ခင်ဗျားမေးတာ ကျွန်တော် သဘောပေါက်တယ်။ နှစ်ပေါင်းထောင် နဲ့ချီရှိခဲ့တဲ့ ဒီစိတ်ဓာတ်မျိုးက လျော့ မယ်ဆိုလည်း နည်းနည်းပါးပါးပဲ လျော့နိုင်မှာပေါ့ဗျာ ဟုတ်တယ်မို့ လား။

► မြန်မာနိုင်ငံရဲ့အနာဂတ် ဘာဖြစ် မလဲဆိုတာ ဘာသာရေးနဲ့ တိုင်းရင်းသား ရေးရာတွေက အဖြေထုတ်ပေးလိမ့်မယ် လို့ အမေရိကန်ကော်မရှင်က ထုတ်ပြန် တဲ့ ရီပို့ထဲ မှာ ဖော်ပြထားပါတယ်။ အဲ့ဒီ အဆိုအပေါ် KNU က ဘယ်လို အကဲ ဖြတ်လိုပါသလဲ။

ဖြေ - ဘာသာရေးတော့ ကျွန်တော် မသိဘူး။ ဒီတိုင်းပြည်မှာ မတော်လှန်တဲ့ တိုင်းရင်းသားလူမျိုး တစ်ခုမှ မရှိဘူး။ ဟုတ်တယ်နော် ကျွန်တော်တို့ တိုင်းပြည် ရဲ့ အဓိက ပြဿ နာက တိုင်းရင်းသား ပြဿနာကို မဖြေရှင်းနိုင်တာပဲ။ အဲ့ဒါ ရဲ့ အကျိုးဆက်က ပြည်တွင်းစစ် မငြိမ်း တော့ဘူး။ တိုင်းရင်းသားအရေးကို မဖြေရှင်းပေးနိုင် ဘူးဆိုရင် ဒီတိုင်းပြည် မှာ ပြုပြင်ပြောင်းလဲရေးတို့၊ ဒီမိုကရေစီ ရေးတို့ လာမပြောနဲ့။ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ အိပ်မက်တောင် မက်လို့ မရဘူး။ ကျွန်တော်တို့ရဲ့ ကံကြမ္မာဟာ တိုင်းရင်းသားပြဿနာကို ဖြေရှင်းနိုင် ခြင်း ရှိ၊ မရှိအပေါ် လုံးဝမူတည်တယ်။ 

တိုင်းရင်းသားပြဿနာကို မဖြေရှင်းနိုင် ကြလို့လည်းကျွန်တော်တို့တွေ နှစ်ပေါင်း ၆ဝ ကျော် လက်နက်ကိုင် တိုက်ခဲ့ကြရ တယ်လေ။ အခု ခင်ဗျားတို့ မြင်တယ်မ ဟုတ်လား။ ကျွန်တော်တို့ တိုင်းပြည်သူ များထက်နောက်ကျကျန်ခဲ့ပြီလေ။ ပြည် တွင်းစစ်ရပ်စဲပြီး ပြည် တွင်းငြိမ်းချမ်းရေး မဖော်ဆောင်နိုင်ဘဲနဲ့ ဒီမိုကရေစီစနစ်ကို ဒီနိုင်ငံမှာမှ မဟုတ်ဘူး။ ဘယ်နိုင်ငံမှာမှ မဖော်ဆောင်နိုင်ဘူး။ ဒီမိုကရေစီသမား အများစုကတော့ ဒီမိုကရေစီအရေး မိုး မွှန်အောင်ပြောမှာပေါ့။ တကယ်က တိုင်းရင်းသား ပြဿနာက ပိုပြီး အဓိက ကျပါတယ်။ ဒီမိုကရေစီက ပါးစပ်နဲ့ အော်ပြီး ပါးစပ်နဲ့တိုက်တာ။ ကျွန်တော် တို့က သေနတ်နဲ့တိုက်တာ။ ဒီသေနတ် သံတွေ မတိတ်ဘဲ ဘယ်လိုလုပ် ဒီတိုင်း ပြည်မှာ ငြိမ်းချမ်းရေးတည်ဆောက်နိုင်မှာလဲဗျာ။ စဉ်းစားပါဦး။

ေ ကျာ် ရဲ လ င်းေ တွ့ ဆုံေ မး မြ န်း သ ည် 

14Like · ·
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment