Sunday, September 15, 2013

KNU/KNLA တပ်မဟာများစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးသူရစောဂျော်နီနှင့်တွေ့ဆုံခြင်း

(ဖိနှိပ်ခံတိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးရဖို့ ဘယ်သူ့မှာတာဝန်အရှိဆုံးလဲ)

 

တိုင်းရင်းသားတွေအနေနဲ့ဆယ်စုနှစ် ခြောက်ခုကျော် ကာလတစ်ခုထိ တန်းတူအခွင့်အရေးရဖို့လက်နက် စွဲကိုင်တိုက်ပွဲဝင်ခဲ့ပြီးလက်ရှိအနေ အထားအရ အစိုးရနဲ့အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးပြီဆို တော့တန်းတူအခွင့်အရေးအတွက် လက်ရှိအစိုးရကအပြည့်အ၀ဆောင် ရွက်နိုင်လိမ့်မယ် လို့ဗိုလ်ချုပ်ကြီး အနေနဲ့ယုံကြည်ထားပါသလား..။
ဒီတန်းတူအခွင့်အရေးဆိုတာ အတွက်၊အဖိနှိပ်ခံတိုင်းရင်းသား တွေအားလုံးတန်းတူညီတူဆက်ဆံ ဖို့အတွက်ကြိုးပမ်းလာခဲ့တာ ၆၄ နှစ်ရှိပြီ။ ဒီ၆၄နှစ်တာကာလမှာ တိုင်းရင်းသားတွေဘက်ကရော အစိုးရဘက်ကရောအပြန်အလှန် တင်းထားခဲ့တယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေကလည်းမလျှော့ ဘူး၊အစိုးရကလည်းတင်းထားတယ်၊ လုံးဝမလျော့ဘူး ဒီတော့ လက် နက်ကိုင်ပဋိပက္ခတွေဖြစ်ပြီးတိုင်း ပြည်ကဖွံ့ဖြိုးမှုနှေးကွေးခဲ့တယ်၊ ခု ဒီပြဿနာကို စစ်ရေးနဲ့ဖြေရှင်းလို့ မရဘူး။ နိုင်ငံရေးနည်းနဲ့စားပွဲဝိုင်း မှာဖြေရှင်းခြင်းသာလျှင် ထာဝရ  ငြိမ်းချမ်းရေးအတွက်လမ်းစတစ်ခု ဖြစ်တယ်ဆိုတာကို အစိုးရက သဘောပေါက်လာတယ်။ ခုဆို ဒီပြဿနာကိုနိုင်ငံရေးနည်းလမ်း နဲ့စားပွဲဝိုင်းမှာဖြေရှင်းဖို့ကျွန်တော် တို့ကလည်း  ခြေလှမ်းစနေသလို အစိုးရဘက်ကလည်း လုပ်လာ တယ်။ အဲဒီမှာအစိုးရအပေါ် ယုံ ကြည်မှုဆိုရင်တော့ ကျွန်တော် တို့က ၆၄နှစ်ဆိုတဲ့ကာလတစ်ခု ထိလက်နက်စွဲကိုင်ခဲ့ပြီး ခုမှမြို့ ပေါ်ရောက်ခါစပဲရှိသေးတာလေ။ အစိုးရအနေနဲ့ဘယ်လောက်ထိ အောင်မြင်အောင်၊  ခရီးပေါက် အောင်လုပ်ဆောင်နိုင်မလဲဆိုတာ တော့စောင့်ကြည့်ရဦးမှာပေါ့ဗျာ  ဆောင်ရွက်နိုင်ခြင်း၊မဆောင်ရွက် နိုင်ခြင်းကလက်ရှိနိုင်ငံတော်အစိုး ရအပေါ်အများကြီးမူတည်ပါတယ်။ နိုင်ငံတော်အစိုးရမှာတာဝန်ရှိသလို ကျွန်တော်တို့မှာလည်းတာဝန်ရှိ  ပါတယ်။ ထာဝရငြိမ်းချမ်းရေး အတွက်အစိုးရနဲ့ပူးပေါင်းဆောင် ရွက်မှုတွေဟာလက်ခံ၊ယုံကြည်စရာ အနေအထားတစ်ခုတော့ရှိဖို့လို တယ်။
ဟုတ်ကဲ့၊ စစ်မှန်တဲ့ ထာဝရငြိမ်း ချမ်းရေးအတွက်အစိုးရနဲ့ဖြေလျှော့ ပေးမှုတွေ၊တိုင်းရင်းသားအဖွဲ့အစည်း တွေရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက် မှုတွေအပြင် အရပ်ဘက်လူ့အဖွဲ့ အစည်းတွေနဲ့ ပြည်သူလူထုရဲ့ အခန်းကဏ္ဍဘယ်လောက်ထိအ ရေးပါတယ်လို့ဖထီးယူဆပါသလဲ။
ကျွန်တော်တို့တွေအနေနဲ့စစ် မှန်တဲ့ထာဝရငြိမ်းချမ်းရေးကိုလို ချင်တယ်။ ပြီးတော့အဲဒီစစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့တိုင်းရင်းသားအား လုံးတန်းတူအခွင့်အရေးရဖို့ ကြိုး ပမ်းခဲ့တယ်။ ခုလည်းကြိုးပမ်းနေ တယ် ရည်မှန်းချက်ကလည်းထာ ၀ရငြိမ်းချမ်းရေးကိုသွားဖို့ပါ။ ဒီလို သွားဖို့ခုနကပြောသလိုနိုင်ငံတော် အပေါ်မှာလည်း  မူတည်တယ်၊ ကျွန်တော်တို့တွေပေါ်မှာလည်းမူ တည်တယ်။ နောက်ပြီးတော့ငြိမ်း ချမ်းရေးကိုလိုချင်မြတ်နိုးတဲ့မိဘ ပြည်သူတစ်ရပ်လုံးရဲ့ပူးပေါင်းပါဝင် မှု၊ဘာသာရေးအဖွဲ့အစည်းတွေရဲ့ ပါဝင်မှု၊အရပ်ဘက်လူမှု့အဖွဲ့အ စည်းတွေရဲ့ပါဝင်ပေးမှုဟာအရမ်း အရေးပါပါတယ်။   ဒီလိုသာ  အားလုံး ပူးပေါင်းပါဝင်မှုနဲ့ သွား မယ်ဆိုရင် ထာဝရငြိမ်းချမ်းရေး ဆိုတာဖြစ်လာမှာပါ။ အဓိက ကတော့ တိုင်းရင်းသားတွေ အား လုံးရဲ့သွေးစည်းညီညွတ်မှုနဲ့ပဲထာဝရ ငြိမ်းချမ်းရေးကို  ပုံဖော်တည် ဆောက်လို့ရမှာလေ။KNU အနေနဲ့အပစ်အခတ်ရပ်စဲ ရေး လက်မှတ်ထိုးခဲ့တာ တစ်နှစ် ကျော်ပြီဖြစ်တဲ့အတွက် လက်ရှိ အနေအထားအရ စစ်မှန်တဲ့အပစ် အခတ်ရပ်စဲရေးဖြစ်လာဖို့ အစိုးရ နဲ့ခိုင်မာတဲ့သဘောတူညီချက်တွေ ရပြီးပြီလား။
အပစ်အခတ်ရပ်စဲတယ်ဆို တာက ပထမခြေလှမ်းအဆင့်ပဲရှိ ပါသေးတယ်။ ခိုင်မာတဲ့ အပစ် အခတ်ရပ်စဲရေးမျိုး ဖြစ်မလာ သေးဘူး။ ခိုင်မာတဲ့အပစ်အခတ် ရပ်စဲရေး ဆိုကတည်းက သူ့မှာ လေးနက်မှုတွေအများကြီးရှိတယ်။ ခုနကပြောသလိုပေါ့ဗျာ။ ပထမ အဆင့် အပစ်အခတ်ရပ်စဲရေး ဆိုတာလောက်ပဲရှိသေးတယ်။ နယ်မြေသတ်မှတ်ရေး၊တပ်နေရာ ပြန်လည်ချထားရေး စတာတွေနဲ့ ပတ်သက်ပြီး တစ်ခုမှ မရသေး ဘူး။ဒီကိစ္စဟာလည်း ခုနပြောတဲ့ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး ဖြစ်လာဖို့က တိုင်းရင်းသားတွေ အားလုံးတန်းတူအခွင့်အရေးရဖို့၊ အထူးသဖြင့်ဖိနှိပ်ခံတိုင်းရင်းသား တွေ တန်းတူညီတူဖြစ်ဖို့ အတွက် တော့ နိုင်ငံတော် အစိုးရအနေနဲ့ တိုင်းရင်းသားတွေယုံကြည်လက်ခံ ရလောက်တဲ့အနေ အထားတစ်ခု တော့ သက်သေပြဖို့ လိုတယ်။ ဒီလိုမှမဟုတ်ရင် ထာဝရငြိမ်းချမ်း ရေးဆိုတာဖြစ်လာမှာမဟုတ်ဘူး။
ဖထီးတို့တိုင်းရင်းသားအဖွဲ့အစည်း တွေနဲ့နိုင်ငံတော်အစိုးရတို့ ထာဝရ ငြိမ်းချမ်းရေးနဲ့စစ်မှန်တဲ့အပစ်အခတ် ရပ်စဲရေးအတွက်ပူးပေါင်းဆောင်ရွက် တဲ့အခါ ဒီပူးပေါင်းဆောင်ရွက်မှု အပေါ်ပြည်သူလူထုရဲ့သဘောထား၊ အမြင်ကဘယ်လိုရှိပါသလဲ။
ခုလို အပစ်အခတ်ရပ်စဲရေး ကာလမှာ  မိဘပြည်သူတွေနဲ့ ထိ တွေ့ဆက်ဆံတဲ့အခါပြည်သူတွေ အနေနဲ့ သွားသွားလာလာ ပုံစံမျိုး နဲ့ ပြောတာမျိုးတော့ ရှိတယ်။ လက်ရှိလုပ်နေတဲ့ အပစ်အခတ် ရပ်စဲရေးကိုတော့ ပြည်သူတွေ အားလုံးကကြိုဆိုတယ်၊ထောက်ခံ   တယ်။ဒါပေမဲ့အစိုးရကိုသတိထား ဆက်ဆံဖို့၊ လုံးဝမယုံကြည်လိုက် ဖို့ သူတို့ကပြန်ပြီးသတိပေးတာမျိုး တော့ရှိတယ်။ ဒါကပြည်သူလူထု ရဲ့အမြင်၊သဘောထားပါ။ အပြန် အလှန် ပူးပေါင်းဆောင်ရွက်မှု တွေရှိနေသော်လည်း စစ်ဘက်ကို ၀ကွက်မယုံကြည်လိုက်ဖို့ပေါ့နော်။
ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ တွေနှစ်များစွာ အမြစ်တွယ်ခဲ့တာ ဟာ တာဝန်ရှိအစိုးရအဆက်ဆက် ရဲ့ အားနည်းချက်ကြောင့်လား၊ သဘောထားတင်းမာမှုတွေကြောင့်လို့ ယူဆလို့ရမလားဖထီးခင်ဗျာ။
ခုဆိုအပစ်အခတ်ရပ်စဲရေး အတွက် ခြေလှမ်းသစ်တစ်ခုကြိုး ပမ်းနိုင်ခဲ့ပြီလေ။  ဒီပြည်တွင်း လက်နက်ကိုင်ပဋိပက္ခက ၆၄ နှစ် တိုင်ခဲ့ပြီ။ အဲဒီကာလမှာ တိုက်ပွဲ  တွေဘဲဖြစ်ခဲ့တော့ တိုင်းပြည်ဖွံ့ဖြိုး   မှုနောက်ကျခဲ့ရတယ်။ အစိုးရ အဆက်ဆက်က ဒီကိစ္စက ဒီတိုင်း ရင်းသားအရေးကိစ္စကို နိုင်ငံရေး အရ စားပွဲဝိုင်းမှာ မဖြေရှင်းဘဲ လက်နက်နဲ့ဖြေရှင်းခဲ့တော့ ပဋိပက္ခ ကြီးက မချုပ်ငြိမ်းခဲ့တာ။ မြန်မာ ပြည်မှာက ဒီတိုင်းရင်းသားအရေး ကိစ္စတွေကို နိုင်ငံရေးနည်းလမ်းနဲ့  ဖြေရှင်းရမှာ။  ဒါအဓိကထား ဖြေရှင်းရမယ့် ပြဿနာပဲ။ နိုင်ငံ ရေးစားပွဲဝိုင်းမှာ ဒီပြဿနာကို မဖြေရှင်းခဲ့လို့ ၆၄ နှစ်လုံးပြဿနာ  တွေဖြစ်ခဲ့တာ။ ဒီကိစ္စကိုဘယ်လို ဖြေရှင်းမှရမလဲဆိုတာကို အစိုးရ ကလည်းသဘောပေါက်တယ်လေ။
တိုင်းရင်းသားတွေ တောင်းဆိုတဲ့ အချက်တွေထဲက အခြေခံအကျ ဆုံးဖြစ်တဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ကြိုးစားနေမှုကရော ဘယ်အတိုင်း အတာထိအောင်မြင်နေပြီလို့ ယူဆ လို့ရလဲ။
ကျွန်တော်တို့တိုင်းရင်းသား  တွေအတွက် တန်းတူအခွင့်အရေး   အပြင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ  အတွက် ဦးထိပ်ပန်ဆင်ပြီး ကြိုး ပမ်းဆောင်ရွက်နေပါတယ်။ ပြော ရရင် လက်ရှိအနေအထားအရ  လုပ်ဆောင်ဆဲကာလလို့ပဲ ပြော ရမယ်။ အစိုးရနဲ့ သဘောတူညီ ချက်တွေမှာ ခုမှအပစ်အခတ်ရပ် စဲရေးဆိုတာကိုပဲ လုပ်နိုင်ခဲ့သေး  တာလေ။ကျန်တဲ့ကိစ္စတွေကလည်း နိုင်ငံရေးစားပွဲဝိုင်းမှာ အခြေချ ဆွေးနွေး အဖြေရှာမှပဲ ရမယ်။ အဓိကကတော့ လွတ်လပ်ခြင်း၊ တရားမျှတခြင်း စတာတွေကို တိုင်းရင်းသားတွေအားလုံးတန်းတူ ညီတူခံစားခွင့်ရရှိရေးက အဓိက ပါပဲ။
သမ္မတကြီးကလည်း ကမ္ဘာကို ကြေညာထားပြီးပြီ။ ထာဝရ ငြိမ်း ချမ်းရေးတည်ဆောက်ဖို့နဲ့ပတ်သက် ပြီးတော့။ ဒီတော့သမ္မတကြီးကမ္ဘာ ကို ကြေညာထားသလို ထာဝရ ငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ အပစ် အခတ်ရပ်စဲရေးအတွက် တကယ် လုပ်ဆောင်နိုင်လိမ့်မယ်လို့ရော ယုံကြည်ပါသလား။
အစိုးအနေနဲ့ ပြောတာတော့ ပြောတာပေါ့ဗျာ။ ဒါပေမဲ့အပြော ပြောနေရုံနဲ့ ထာဝရငြိမ်းချမ်း  ရေး၊ စစ်မှန်တဲ့  အပစ်အခတ်ရပ်စဲ ရေးလုံးဝဖြစ်မလာနိုင်ဘူး။ ဒီလို ဆိုရင် ပြောတဲ့အစိုးရပဲ ဖြစ်သွား မှာပေါ့။ ခုလက်ရှိအစိုးရအနေနဲ့ လည်း တော်တော်လုပ်ပါတယ်။ ဒါပေမဲ့ အပြောနဲ့ ညီတဲ့လုပ်ဆောင် မှုတွေဖြစ်လာ မလာကတော့ဆက်   ပြီး စောင့်ကြည့်သွားရဦးမှာပေါ့ ဗျာ။အပြောပြောတဲ့ အစိုးရလား၊ အလုပ်နဲ့သက်သေပြတဲ့ အစိုးရ   အားဆိုတာကိုတော့ တိုင်းရင်းတွေ  က စောင့်ကြည့်နေပါတယ်။ ခုနက  ပြောခဲ့သလိုပဲလေ။ ကျွန်တော် တို့တိုင်းရင်းသားတွေအနေနဲ့လည်း  အစိုးရနဲ့ လုပ်ဆောင်မှုတွေ အပေါ်ပူးပေါင်းလုပ်ဆောင်သွား ရမှာ။ စစ်မှန်တဲ့ ထာဝရငြိမ်းချမ်း ရေးဖြစ်လာဖို့အစိုးရမှာ တာဝန် အရှိဆုံးပဲ ကျွန်တော်တို့မှာက အစိုးရကိုစောင့်ကြည့်ပြီး ပူးပေါင်း လုပ်ဆောင်သွားရမှာ။ထာဝရငြိမ်း ချမ်းရေးအတွက် ပြုပြင်ပြောင်းလဲ ရေးလိုလုပ်ဖို့ ဖြေလျှော့မှုတွေလုပ် ပေးဖို့က အစိုးရမှာတာဝန်ရှိတာ ကျွန်တော်တို့မှာ တာဝန်မရှိဘူး။ တကယ်တမ်းမျှော်မှန်းထားသလို ဖြစ်မလာဘူးဆိုရင်တော့ အစိုးရ မှာတာဝန်ရှိသွားလိမ့်မယ်။
ဟုတ်ကဲ့ခုလိုဖြေကြားပေးတဲ့ အတွက် ဖထီး(ဗိုလ်ချုပ်ကြီး) ကိုကျေးဇူးအထူးတင်ပါတယ်။ (Hotnewsweelky)
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment