Thursday, January 9, 2014

" ၆၅ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ ပူးတွဲစစ်ရေးပြပွဲ " (ဗမာစစ်တပ် လက်အောက်ခံ BGF မပါ)


သတင်း-မန်းမျိုးမြင့်(မီဒီယာ)

ကရင်လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ ပူးတွဲ၍ ၆၅ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့စစ်ရေးပြပွဲကို ကရင်ပြည်နယ်လှိုင်းဘွဲမြို့နယ်ရှိ သေဘေထာ့တပ်စခန်း စစ်ရေးပြကွင်းတွင်ကျင်းပမည်ဖြစ်
သည်။

စစ်ရေးပြပွဲသည် ယခုလ (၃၁) ရက်နေ့တွင်ကျရောက်သည့် ၆၅ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ကို ဂုဏ်ပြုခြင်းဖြစ်ပြီး ယခုကဲ့သို့ကရင်လက်နက်ကိုင်အဖွဲ့များ၏ ပူးပေါင်းစစ်ရေးပြပွဲသည် ပထမဆုံးအကြိမ်ဖြစ်သည်။

စစ်ရေးပြပွဲတွင် ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA - ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC -တပ်ဖွဲ့များက စစ်တီးဝိုင်းနှင့်အတူ စစ်ရေးပြကြမည်ဖြစ်သည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် KNU ကို စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၄၉ ခုနှစ်ဇန်န၀ါရီလ
၃၀ ရက်နေ့တွင် KNU နှင့်ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တို့ကို ဖဆပလအစိုးရ
က မတရားအသင်းအဖြစ်ကြေညာခဲ့သည်။

၁၉၄၉ ခုနှစ်ဇန်န၀ါရီလ (၃၁)ရက်နေ့တွင် KNDO ဌာနချုပ်ကို ဖဆပလအစိုးရတပ်ဖွဲ့များက ၀ိုင်းဝန်းတိုက်ခိုက်သည့်အတွက် တပြည်လုံးရှိကရင်များ ပြန်လည်ခုခံတိုက်ခိုက်ရာမှ ကရင့်လက်နက်ကိုင်တော်လှန်ရေး စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး၏ ကရင့်တော်လှန်ရေးသမိုင်းတွင် ဖော်ပြထားသည်။

အလားတူ ၆၅ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားများကို KNU လက်အောက်ခံ ခရိုင်နှင့်တ
မဟာ ၇ ခုတွင်လည်း ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ပုံစာ- ၆၅ နှစ်မြောက် ကရင်တော်လှန်ရေးနေ့တွင် ပူးတွဲစစ်ရေးပြကြမည့် ကရင်လက်နက်ကိုင် ၃ ဖွဲ့မှ တပ်ဖွဲ့ဝင်အချို့ ကိုတွေ့ရစဉ်။

ဓာတ်ပုံ-မန်းမျိုးမြင့်(မီဒီယာ)

Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment