အဲခေါင်သောင့်၊ ဖေဖော်ဝါရီလ ၂၃ရက်၊ ၂၀၁၂ခုနှစ်။
ထိုင်း-မြန်မာ နယ်စပ် အုန်းဖျန်ဒုက္ခသည် စခန်းအတွင်း မီးလောင်ကျွမ်းခဲ့ရာ ရပ်ကွက် ၄ကွက် မီးထဲ ပါသွားခဲ့သည်ဟု သိရှိရသည်။
"ဒီနေ့ နေ့လည်လောက် မီးစလောင်တာ ရပ်ကွက် ၄ခု မီးထဲ ပါသွားတယ်။ လူတွေကတော့ ကြောက်ကြတာပေါ့။ ပစ္စည်းတွေဆိုရင် လေယဉ်ကွင်းဘက်ကို ပို့ထားလိုက်ကြတယ်။ ၂နာရီလောက်မှာ မီးငြိမ်းသတ်သွားနိုင်တယ်။ ဟု ကိုအောင်က ပြောသည်။
ရပ်ကွက် ၆ကနေ မီးစလောင်ခြင်းဖြစ်ပြီး ထိုမှတဆင့် ရပ်ကွက် ၇၊ ၈၊ ၉ကိုပါ မီးကူးသွားခဲ့ခြင်း ဖြစ်သည်။
မီးလောင် ရသည့် အကြောင်းရင်းကို အတိအကျ မသိရသေးသော်လည်း ရပ်ကွက်မှူး တဦးအိမ်ကနေ ပေါ့ဆမီးကြောင့် စတင်လောင်ကျွမ်းရခြင်း ဖြစ်သည်ဟု အများက ပြောဆိုနေကြသည်။
ယခုလက်ရှိအချိန်ထိ ကယ်ဆယ်ရေး အဖွဲ့ဝင်များ ရောက်ရှိလာခြင်း မရှိသေးကြောင်းလည်း သိရှိရသည်။
Thursday, February 23, 2012
Subscribe to:
Post Comments (Atom)