မြန်မာ အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်း ဒီကေဘီအေ ကလို့ထူးဘောမှ ပထမဆုံးအကြိမ် ဆေးသင်တန်းကို ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ဆေးသင်တန်းသို့ ဒီကေဘီအေ ကလို့ထူးဘော လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့မှ ဆေးသင်တန်းသူ သင်တန်းသား ၆၀နီးပါး တက်ရောက်ခဲ့ပြီး ယခုဆိုလျှင် ၂ကျော် ကြာမြင့်ပြီး ဖြစ်သည်။ ဘီဂျီအက်ဖ်နှင့် ဒီကေဘီအေတို့ ပစ်ခတ်မှု ဖြစ်ပွားနေသည့် အချိန်အတွင်း ယမန်နေ့က ယခုဓါတ်ပုံများကို သွားရောက် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ ဒီကေဘီအေ အဖွဲ့အနေဖြင့် စစ်မှန်သည့် ငြိမ်းချမ်းရေးကိုသာ လိုလားပြီး ရန်စ တိုက်ခိုက်လာမှု မှန်သမျှကို ပြန်လည် တွန်းလှန်ရန် အသင့်ရှိသည်ဟု တပ်မှူး အသီးသီးက ပြောဆိုသည်။ ထို့အပြင် ငြိမ်းချမ်းရေး အသီးအပွင့်အနေဖြင့် လူထုအကျိုးကို တစိုက်မှတ်မှတ် ဆောင်ရွက်သွားမည်ဟုလည်း ပြောဆိုသွားခဲ့ကြပါသည်။ ယခု ဆေးသင်တန်းအပြင် အခြေခံ စစ်သင်တန်း၊ တပ်မှူးငယ် သင်တန်းနှင့် အခြား သင်တန်းများကိုလည်း ဆက်လက် ဖွင့်လှစ်သွားမည်ဟုလည်း သိရသည်။
Wednesday, February 22, 2012
ဒီကေဘီအေ ကလို့ထူးဘောက ဦးစီး ဖွင့်လှစ်သည့် ဆေးသင်တန်းကျောင်းမှ သင်တန်းသူ/ သားများ (ဓါတ်ပုံ)
Posted by
အဲခေါင်သောင့်
at
5:29 AM
Subscribe to:
Post Comments (Atom)