အဲခေါင်သောင့်၊ ဖေဖော်ဝါရီလ ၂၁ရက်၊ ၂၀၁၂ခုနှစ်။
ဒီကေဘီအေမှ ၄င်းတို့ သိမ်းဆည်းခံရသည့် လက်နက်များကို ပြန်လည် ရရှိရန် လာမည့် တွေ့ဆုံဆွေးနွေးပွဲတွင် တင်ပြ တောင်းဆိုသွားမည်ဟု သိရသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲကို ဖားအံမြို့တွင် ပြုလုပ်မည်ဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲတွင် လက်နက်ပြန်လည် ရရှိရေး အပါအ၀င် အချက် သုံးချက်ကို တောင်းဆိုသွားမည်ဟု ဒီကေဘီအေ အရာရှိတဦးက ပြောဆိုသည်။
" ကျနော်တို့ အဓိက လက်နက် ပြန်လည် ရရှိဖို့ အပါအ၀င် အချက် သုံးချက်ကို တောင်းဆိုသွားပါမယ်။ ကျန်နှစ်ချက်ကတော့ ပြောဖို့ စောသေးတယ်။ အဲဒီအစည်းအဝေးကိုတော့ မြ၀တီမှာ အခြေစိုက်တဲ့ ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူး မောင်လေးကို တာဝန် ပေးအပ်ထားတယ် "ဟု သူက ဆက်ပြောသည်။
၎င်းက ဆက်ပြီး" ကျနော်တို့က ယခု ဖြစ်ပွားသည့် ဘီဂျီအက်ဖ်နှင့် ဒီကေ ဘီအေ ပြသနာကို ပြေပြေ လည် လည်နဲ့ ဖြေရှင်းချင်တယ်။ အဲဒီအတွက် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီက ဦးအောင်သောင်းဖြစ်ဖြစ် ဦးသိန်းဇော်ဖြစ်ဖြစ် ပါဝင်ဖို့ လိုတယ်။ နောက် တိုင်းမှူးတို့ သက်ဆိုင်ရာ ဘီဂျီအက်ဖ်နဲ့ ဒီကေဘီအေက တာဝန်ရှိသူတွေ ပါဝင်ရမယ်" ဟု ပြောဆိုသည်။
Tuesday, February 21, 2012
Subscribe to:
Post Comments (Atom)