မြိုင်ကြီးငူဒေသရှိ ဒီကေဘီအေ တပ်ဖွဲ့ဝင်များ။
မြိုင်ကြီးငူဒေသ၊ တခွက်ဖိုးအခြေစိုက် ဒီကေဘီအေ ဗိုလ်ဘိ လက်အောက်ခံ ဗိုလ်မြင့်၏ တပ်စခန်းရှိ လက်နက်များကို ဘီဂျီအက်ဖ် တပ်ဖွဲ့ဝင်များက ၀င်ရောက် လက်နက် သိမ်းအပြီး အပြန်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ယနေ့ မွန်းလွဲပိုင်း အချိန်တွင် မြိုင်ကြီးငူ အခြေစိုက် ဘီဂျီအက်ဖ်မှ ကားငါးစီးဖြင့် အဆိုပါ ဒီကေဘီအေ စခန်းကို လက်နက် သွားရောက် သိမ်းရာတွင် လက်နက် အလက် ၂၀ ရရှိပြီး အပြန်လမ်းတွင် ဒီကေဘီအေမှ ပြန်လည် ပစ်ခတ်ရာ ကားတစီး ပျက်စီးပြီး ဘီဂျီအက်ဖ် ၂ဦး သေဆုံးခဲ့သည်ဟု သိရှိရသည်။
လက်ရှိအခြေအနေတွင် မယ်သဝေါရှိ မြန်မာစစ်တပ်နှင့် ဘီဂျီအက်ဖ်တို့ စစ်ရေး ပြင်ဆင်မှုများ ပြုလုပ်နေသလို ဒီကေဘီအေ တပ်ဖွဲ့ဝင်များလည်း စစ်ရေး ပြင်ဆင်မှုများ ပြုလုပ်နေသဖြင့် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနိုင်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။