Wednesday, June 17, 2009

မြေဇာပင်အတွေး

ဓါတ်ပုံ KIC

အပါး ရှေ့တန်းက
ငါတို့DKBA တပ်သား
KNU ရဲ့ စခန်းအများအပြားကို
ထိန်းထားလိုက်ပြီ တဲ့။
ဓါတ်ပုံ KIC

အမိုးရေ သိပ်ဆိုးတဲ့ DKBA ကို
ပြည်သူချစ်တဲ့ ငါတို့ KNU က
အပြတ်ချေမှုန်းလိုက်လို့
ကျဆုံးဒါဏ်ရာရယုံမက
ထိုင်းကတောင်ဖမ်းမိသတဲ့။

ဓါတ်ပုံ KIC

ဖေဖေ ဗမာသခင်တွေမှာထားခဲ့တဲ့
ကရင်အမျိုးပြုတ်ဘို့အရေး
သိပ်မဝေးတော့တာမို့
ပြတိုက်ထဲ ပို့မယ့် သားတို့ရဲ့အစီစဉ်အတွက်
ရောက်တဲ့အရပ်က သာဓုခေါ်ပါ။

မင်းစိုးစံ အဝေးရောက် ကရင်ဒုက္ခသည်တဦး
ဖူးတာမိက်ဘလော့မှ ကူးယူသည်။

Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment