Sunday, June 23, 2013

ရှမ်းပြည်မြောက်ပိုင်း စစ်ရေးတင်းမာ

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်စခန်းတစ်ခုကို အစိုးရတပ်က နောက်ဆုတ်ပေးဖို့ ဒီရက်ပိုင်းအတွင်း က တောင်းဆိုခဲ့ပေမယ့် SSPP/SSA အဖွဲ့က သဘောမတူဘူးလို့သိရပါတယ်။
အခုရက်ပိုင်းအတွင်းမှာပဲ ရှမ်းပြည်အလယ်ပိုင်း ခိုလန်မြို့အခြေအစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကနေ မိုင်းရှုးမြို့နယ်အတွင်းက တာဆန်းပူး ဆိုတဲ့ SSPP/SSA စခန်းတခု ကို ဆုတ်ပေးဖို့ စစ်ဦးစီးပထမတန်း ဗိုလ်မှုးကြီး ကိုယ်တိုင် တယ်လီဖုန်းနဲ့ အကြောင်းကြားလာတာဖြစ်တယ်လို့ ရှမ်းသတင်းရပ်ကွက်အဆိုအရ သိရပါ တယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုး စိုင်းလောင်စိုင်းက -
"သူတို့ဖယ်ခိုင်းတိုင်း ကျွန်တော်တို့ ဖယ်လို့ မရဘူး။ဒီမှာ ကျွန်တော်တို့ လုံခြုံရေးယူထားတယ်။"
အရင်ကလဲ အလားတူ အစိုးရတပ်က ဆုတ်ခိုင်းခဲ့တာကြောင့် SSPP/SSA စခန်းအတော်များများ ဆုတ်ပေးလိုက်ရသလို တိုက်ပွဲတွေလဲ ဇွန်လ ၂၀ ရက်နေ့အထိ မကြာခဏဖြစ်ပွားခဲ့ပါတယ်။
ဒါကြောင့် အခုလို ပြဿနာတွေမဖြစ်အောင် ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ဖို့ လိုနေတဲ့အကြောင်းလည်း ပြော ပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ ခိုလန်အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ဖုန်းလိုင်း အခက်အခဲကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။
မေလ ၁၁ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မီတီ ဒုတိယဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့ အဖွဲ့နဲ့ SSPP/SSA ခေါင်းဆောင်တွေ ရှမ်းပြည်နယ် တန့်ယန်းမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ပြသနာဖြစ်ပွားနိုင်တဲ့ နှစ်ဖက်တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ ညှိနှိုင်းဖို့အပါအ၀င် အချက် လေးချက် သဘောတူလက်မှတ်ထိုးခဲ့ကြပါတယ်။
ရှမ်းပြည် တပ်မတော် မြောက်ပိုင်းလို့ လူသိများတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အဖွဲ့ဟာ အစိုးရနဲ့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှာ အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့တာဖြစ်ပါတယ်။
အပစ်ရပ် တနှစ်ကျော်ကာလ အတွင်းမှာ နှစ်ဖက် တိုက်ပွဲကြီးတိုက်ပွဲငယ်  အကြိမ် (၁၀၀) ကျော် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment