Showing posts with label article. Show all posts
Showing posts with label article. Show all posts
Tuesday, February 18, 2014

ဗိုလ်ချုပ်မြ (သို့မဟုတ်) စစ်သားစိတ် နှင့် နိုင်ငံရေး လုပ်သူ အပိုင်း(၁)

`ထီးမူးခီး`ရွာက ကျောက်ကြီး မြို့နယ်နှင့် ဖာပွန်မြို့ နယ် အကြား ရှိသည့် တောင်ပေါ်ရွာ လေး ဖြစ်သည်။ မြန်မာ လိုပြန် လျှင်မူ `ရေချောင်း ဖျား`ရွာဟု ဆိုရ မည်။ ရွာက အိမ်ခြေ ၃ဝ ထက်မပို…..။ ကရင် လူမျိုးများ သာ နေထိုင်ကြ သည့် တောင်ပေါ် ကရင်ရွာ လေးဖြစ်သည်။ လမ်းပန်းဆက် သွယ်ရေးက ခက်ခဲ၏။ တတောင် ဆင်း တတောင် တက်သွားရ သည့် ခြေလျင် ခရီးသာ ရှိသည်။
 စီးပွားရေးက မြေယာ စီးပွားရေးသာ ရှိ၏။ တောင်ယာ ခုတ် ၍ စပါးစိုက်မည်၊ နှမ်းစိုက်မည်။ ကုန်သွယ်ကူး သန်းရောင်း ဝယ်မှု မရှိ…..။ငါးပိ၊ ဆေး၊ ဆား ဝယ်လို လျှင် …. မူသယ်-ဗျက်ကော မှ တဆင့် ကျောက်ကြီးမြို့ သို့ဆင်းပြီး တနှစ်စာဝယ် ထားကြရ ၏။ စာသင်ကျောင်း မရှိ၊ ဆေးပေးခန်း မရှိ။ ကိုးကွယ်မှုကား ရိုးရာ နတ်ကိုး ကွယ်မှုသာ ကိုးကွယ်ကြ ၏။
ထိုရွာလေး တွင် … သူ့ကို ၁၉၂၇ ခုနှစ် ဇန်နဝါရီလ ၂ဝရက်နေ့က မွေးဖွားခဲ့ သည်။ ဖခင်က`စောဂယ်`၊ မိခင်က မူ နော်ဒါးဆဲ`` ဖြစ်သည်။ သူ့တွင် သူ အပါအ ဝင် မွေးချင်း ညီနောင် ၁၂ ယောက် ရှိသည်။ သူကား ဆယ်ဦးမြောက်သားဖြစ်သည်။ သူ့ အထက် တွင် အမ ၇ ယောက်ရှိ သည်။ သူ့အောက် တွင်ကား ညီ တယောက် နှင့်ညီမငယ်တ ယောက် ရှိ၏။
ထိုဒေသရှိ အိမ်များကို အမိုးမိုး ရာတွင် ဖက်မသုံး။ `ကျသောင်းဝါး` များကို ခြမ်း၍ မှောက်ခုံ၊ပက်လက် ယှက် ၍ ထပ် ပြီး မိုးကြ၏။ လေကွယ် ရအောင် တံခါး များ ဖောက်၍ အခန်းဖွဲ့ကြ ၏။ ရာသီက အေး၏။ အိမ် အလယ်တွင် မီးဖိုကြီးအား ဖိုထား ကြရ၏။ ညအိပ်လျှင် မီးဖိုဘေးကပ်၍ အိပ်ကြရ သည်။ ထိုတောင်ပေါ် ရွာလေးတွင် ပင် သူ၏ ခလေးဘဝ ဖြတ် သန်း ကြီးပြင်း ခဲ့ရ၏။
(၁)
ထီးမူခီး တွင်က အတန်း ကျောင်း မရှိ၊ ပညာသင် ချင်လျှင် ဖာပွန်သို့ တက်၍ သင်ကြရသည်။သူလည်း မူလတန်း ပညာကို ဖာပွန်သို့ တက်၍ သင်ကြား ခဲ့ရ၏။ သူကျောင်း စနေသည့် နှစ်က ၁၉၃၆ ခုနှစ် ဖြစ်သည်။ ရန်ကုန် တက္ကသိုလ် တွင် ကိုနု၊ ကိုအောင်ဆန်း တို့ ဦးဆောင်ပြီး ကိုလိုနီ ပညာရေး သပိတ်မှောက်ကြ သည့် နှစ်ဖြစ်သည်။ ကိုလိုနီပညာ ရေး ကိုပင် သူသည်ဆုံးခန်း တိုင်အောင် မသင်ကြားခဲ့ရ….။ ဒုတိယ ကမ္ဘာ စစ်ကြီးက ကျောင်း သင်္ခန်း၏ တံခါးများကိုပိတ် စေခဲ့ ၏။
၁၉၄၂ တွင်ပင် သူသည် ကျောင်း ပညာရေး နှင့် ဝေးခဲ့ရ၏။ ထိုစဉ်ကသူ့အသက်သည် ၁၅ နှစ်ခန့် ရှိခဲ့လေပြီ။ ကျောင်း ထွက် ပြီးနောက် သူသည် ထီးမူခီးသို့ မပြန်ဖြစ်။ ဖာပွန်တွင် ပင် ရှိနေ၏။ နေမျိုးနွယ် တပ်ကြီးက နယ်စပ်ကို ဖြတ်ကျော် ကာ မြန်မာပြည် ကို သိမ်း၏။ ဖာပွန်တွင် အုပ်ချုပ်ရေး အဖွဲ့သစ် ဖွဲ့၏။ ဘီအိုင်အေ အုပ်ချုပ်ရေး….။ ဖာပွန်မြို့ကာ ကွယ် ရေး အတွက်လက်နက်ကိုင် ပုလိပ် တပ်ဖွဲ့ ဖွဲ့သည်။ ထိုပုလိပ် တပ်ဖွဲ့သို့ သူ ဝင်လိုက်သည်။ပုလိပ်တပ် သား အဖြစ် ``ဖွဂေါ်``တွင် တာဝန်ကျ၏။
 ဗြိတိသျှ တပ်သား အချို့က အိန္ဒိယသို့ဆုတ်ခွာရာ တွင် ပါမသွားဘဲ ဖာပွန်တောင် တန်းများ အတွင်း ခိုအောင်း ၍ ကျန်နေ ခဲ့ကြ သည်။ ထိုသူတို့ နှင့် သူသည် အဆက် အသွယ်ရှိ၏။ မကြာခဏ တွေ့၏။ ဖက်ဆစ်ဂျပန်တော်လှန်ရေး အတွက် ပြင်ဆင်ကြ၏။မကြာ ….. ဗြိတိသျှ စစ်တပ်မှ ဗိုလ်မှူးကြီး နီးမိုးနှင့် ဗိုလ်အဲရယ် တို့ နှစ်ဦး လေထီးနှင့်ဆင်း လာကြသည်။ သူတို့နှင့် အတူ အချက်ပြ ဆက်သွယ်ရေး စက်လည်း ပါလာသည်။နောက်ပိုင်း တွင်မူ မကြာ …မကြာ အိန္ဒိယ မှ လေထီး တပ် သားတို့ ဖာပွန်ဒေသ၌ ဆင်းကြ၏။
Force – 136 မှ တပ်သားများ ဖြစ်သည်။ ထိုလေ ထီးဆင်း တပ်သားများ တွင် မြန်မာ လူမျိုးများလည်းပါ၏။ ဖတ ပလ နှင့် Force – 136 အစီ အစဉ်နှင့် ဆင်းလာ ကြသော ဖက်ဆစ် တော်လှန်ရေး ရဲဘော် များ ဖြစ်သည်။
(၂)
၁၉၄၅ ခုနှစ် ။နွေဦး…။
ဖက်ဆစ်တော် လှန်ရေးက ရင့်မှည့်၍ နေလေပြီ။ Force – 136မှ တပ်မှူး`ကာနယ် ဖီးကော့``သည် အင်အား ၃ဝဝ ခန့် နှင့် ဖာပွန် ဒေသတွင် အခြေပြုပြီး ဂျပန်တော် လှန်ရေး အတွက် ပြင်ဆင် လျက်ရှိသည်။ ထိုနွေဦး တွင်ပင် သူနှင့်အ တူ `ဖွဂေါ်``တွင်တာဝန်ကျ သည့် ကရင်လူမျိုး ပုလိပ် တပ်သား အားလုံး သည် Force – 136 သို့ သွားရောက် ၍ပူး ပေါင်း လိုက်ကြသည်။ Force – 136 မှ သူတို့အား စစ်သင် တန်းပေး၏။ ယူနီဖောင်းများ ထုတ်ပေး၏။ လက်နက် များ က အသစ်များ အိန္ဒိယမှ လေယာဉ်နှင့် ချပေးသည့် လက်နက် ခဲယမ်းများ ဖြစ်သည်။ သင်တန်း ဆင်းပြီးနောက် သူ တို့ အား Force – 136 ၏ဦးဆောင်မှု အောက်ရှိ ကရင် ပြောက်ကျား တပ်အဖြစ် လှုပ်ရှားစေ ၏။ သူတို့၏ တပ်ဖွဲ့သည်အင်အား ၅ဝဝ ခန့် ရှိသည်။ ခေပူ၊ သောသီခို၊ မော်ခီး၊ တောင်ငူ၊ ဇရပ်ကြီး နယ်မြေအတွင်း Force – 136 နှင့်အတူ… သူတို့ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့ရ၏။
(၃)
ဖက်ဆစ် တော်လှန်ရေး ပြီးသည့် နောက် သူသည် UMP ဟု ခေါ်သည့် ပြည်ထောင်စု စစ်ရဲတပ်သို့ ဝင်ရောက်ခဲ့ သည်။ ထိုစဉ်က. မြန်မာ ပြည်ရှိ လက်နက်ကိုင် တပ်များတွင် … ကန္ဒီ ဆွေးနွေး ပွဲအရ ဖွဲ့စည်းခဲ့ သည့် တပ်မတော် တပ်ရင်း များ ရှိ၏။ ပြည်သူ့ ရဲဘော် တပ်ဖွဲ့များ သောင်းကျန်းမှု နှိမ်နှင်ရေး တပ်ဖွဲ့များနှင့် KNDO ၊ MNDO တပ်ဖွဲ့များ ရှိသည်။

ပြီးလျှင် ….. ရှမ်းပုလိပ် တပ်များနှင့် ပြည်ထောင် စု စစ်ရဲ တပ်တို့ ရှိကြ၏။ သခင် အောင်ဆန်းဦးဆောင်သည့် ဖဆပ လ သည် တမျိုး သားလုံး လွတ်မြောက် ရေး အတွက် နည်းလမ်း ပေါင်းစုံနှင့် လုပ် ကိုင်ဆောင် ရွက်လျက် ရှိသည်။ သခင်အောင် ဆန်းသည် လန်ဒန် သို့ သွားပြီး ဗြိတိသျှ နန်းရင်း ဝန် အက် တလီနှ င့်ေ ဆွးနွေး ၏။ အောင်ဆန်း-အက်တ လီ စာချုပ် ချုပ်ဆို၏။
အမျိုးသား လွတ်မြောက်ရေး လှုပ်ရှား မှုများက အရှိန် အဟုန်နှင့် မြင့်တက် နေသည်။ ၁၉၄၇ ခုနှစ် ဖေဖော် ဝါရီလ ၅ ရက်တွင် ရန်ကုန်မြို့ ရှိ `ဗင်တန်` ခန်းမ၌ ကရင် အမျိုးသား ကွန် ကရက် ကျင်းပ၏။ ကရင်အမျိုးသား ကိုယ်စား လှယ် ၇ဝဝ ခန့် တက်ရောက်ကြ ၏။ ထို ကွန်ကရက် ၌ ကရင်ဗဟို အစည်း အရုံး KCO နှင့် ကရင် လူငယ်များ အစည်း အရုံး KYO ပေါင်း၍ ကရင့် အမျိုးသား အစည်း အရုံး KNU ဖွဲ့စည်း ခဲ့သည်။ ၁၉၄၇ ခုနှစ် အောက် တိုဘာလ ၃ ရက်နှင့် ၄ရက်နေ့များ တွင် KNU မှ မော်လမြိုင် မြို့၌ ညီလာခံ တရပ် ခေါ်ယူခဲ့၏။
မော်လမြိုင် ညီလာခံမှ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံ ကြောင်း ထုတ်ပြန်ခဲ့ ၏။ ၁၉၄၇ ခုနှစ် ဖွဲ့ စည်း ပုံအခြေခံ ဥပဒေသည် ကရင် အမျိုးသား များအတွက် ကျေနပ်လုံ လောက်သည့် ကရင်ပြည် နယ်နှင့်ကရင် အစိုးရ ဖွဲ့စည်းရေး မပါရှိဟု ဆိုကြသည်။၁၉၄၈ ခုနှစ် ဇန်န ဝါရီလ ၄ ရက်နေ့တွင် မြန်မာ နိုင်ငံ သည် ဗြိတိသျှ ကိုလိုနီ တံပိုးအောက်ကလွတ်မြောက်ကြောင်း လွတ်လပ်ရေး ကြေညာ ခဲ့၏။
ဖဆပလ ဦးဆောင်သည့် လွတ်လပ်ရေးအစိုးရအဖွဲ့ ဖွဲ့စည်းခဲ့၏။၁၉၄၈ ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်နေ့တွင် ကရင် အမျိုးသား ခေါင်းဆောင် စော ဘဦးကြီးနှင့် သရာသာ ထိုက သထုံမြို့နယ် အင်းဝိုင်းရွာ လူထု အစည်း အဝေးတွင် ကရင်ပြည်နယ် သီးခြား ရရှိရေး တရားများ ဟောကြ၏။ KNDO ကလည်း ၃ ရက်နေ့ နေ့ စွဲ နှင့် ကရင်ပြည်နယ် သီးခြား ဖွဲ့စည်း ပေးရန် ထုတ်ပြန်ကြေ ညာချက် ထုတ်၏။ ဆန္ဒပြ တောင်းဆို မှုများက ကရင်အမျိုး သားများ နေထိုင် သည့် နေ ရာ ဒေသတိုင်း၌ ထုတ်ဖော် ပြသ၍ လှုပ်ရှားလာကြ၏။

`
ကရင်ပြည်နယ် ချက်ချင်းပေး`
`
ကရင်တကျပ် ဗမာတကျပ် ချက်ချင်းပြ`
`
လူမျိုးရေး အဓိကရုဏ်း အလိုမရှိ`
`
ပြည်တွင်းစစ် အလိုမရှိ`

(
၎)
၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့….။ အင်းစိန် စစ်မျက်နှာ မှ စ၍ လက်နက်ကိုင် ကရင့် တော်လှန်ရေး သည် တရား ဝင် စတင်ခဲ့၏။ထိုမတိုင် မီကမူ အချို့ဒေ သများ တွင် KNDO နှင့် ကရင် စစ်ရဲ တပ်ဖွဲ့များ၏ လက်နက် ကိုင်တိုက်ပွဲ ဆင်နွှဲခဲ့သည်များ ရှိခဲ့၏။ KNU နှင့် KNDO တခုလုံး အနေနှင့် မဟုတ် …..။စောဘဦးကြီး၊ မန်းဘဇံ၊ သရာသာ ထို စ သည့် ကရင်ခေါင်းဆောင် များက ဖြစ်ပေါ်နေသည့်ကရင့် လက်နက်ကိုင် တော်လှန်ရေး များ ထိန်းသိမ်း နိုင်ရန် ဖဆပ လ နှင့် ညှိနှိုင်းဆောင် ရွက်နေကြ သေး၏။ မရ….။သမိုင်း က ငြိမ်းချမ်းရေး တေး မရေးဖွဲ့….။ လက်နက်၊ ပြာပုံ၊ ယမ်းငွေ့နှင့် သွေးပင်လယ် ရေးထိုး၏။

(
၅)
တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး မင်းမောင် (နောင် KNU ဗိုလ်ချုပ်မင်းမောင်) ဦးစီးသည့်ကရင့်သေနတ် ကိုင် တပ်ရင်း (၁) သည် တောင်ငူကို သိမ်း၏။ ပြီးလျှင် သံတောင်၊ ဒိုက်ဦး၊ ညောင်လေးပင်၊ ပဲခူးရှိ KNDO တပ်များ နှင့် ပူးပေါင်း၍ အင်း စိန် စစ်မျက်နှာ သို့ ဆင်းလာ၏။ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး မြမောင် (နောင် KNU ဗိုလ် ချုပ်မြမောင်) ဦးစီးသည့် ကရင့် သေနတ်ကိုင် တပ်ရင်း (၂) သည်လည်း ပြည်ကို သိမ်းပိုက်ပြီး ရန်ကုန်- ပြည်လမ်း အတိုင်း အင်းစိန် စစ်မျက်နှာ သို့ ချီ လာ၏။ ဦးနု၏ ဖဆပလ အစိုးရ ကား ရန်ကုန် ၇ မိုင်ပတ်လည် တွင်သာ ရုံးစိုက်၍ အာဏာ စစ်ကို ဖြန့်ထား နိုင်တော့၏။

သူသည် ကရင့် လက်နက်ကိုင် တော်လှန်ရေး စတင် သည်နှင့် ပြည်ထောင်စု စစ်ရဲတပ် (UMP) မှထွက်၍ ကရင့်လက် နက် ကိုင် တော်လှန်ရေး သို့ ဝင်ခဲ့၏။ ကရင့်လက်နက် ကိုင်တပ်ဖွဲ့ `သံလွင်`တပ်ရင်းကို ဖွဲ့၏။ သံလွင် တပ်ရင်းတွင် သူသည် တပ်ကြပ်ကြီး အဆင့်နှင့် တာဝန်ထမ်း ဆောင်၏။သံလွင် တပ်ရင်း က ညောင်လေး ပင်၊ ဒိုက်ဦး နယ်များ တွင် တိုက်ပွဲများ ဆင်နွှဲရသည်။ ၁၉၅ဝ ခုနှစ် နွေဦးအထိ ဖြစ်သည်။ ၁၉၅ဝ ခုနှစ် သင်္ကြန်မကျမီတွင် သူတို့၏ သံလွင်တပ် ရင်း ကို ညောင်လေး ပင်မှ ဘီးလင်း၊ ကျိုက်ထို ဘက်သို့ ပြောင်းရွှေ့ ရန် တာဝန်ပေး၏။ ထိုအချိန်၌ သူသည်သံလွင် တပ်ရင်း တွင် တပ်ခွဲမှူး တယောက် အဖြစ် တာဝန်ထမ်း ဆောင်နေသည်။

ဒုတိယအပိုင်း ဆက်ရန်--
Monday, February 3, 2014

ငြိမ်းချမ်းရေးကို ဝယ်ယူလို့မရ

ဧရာဝတီ အယ်ဒီတာ အာဘော်၊
မြန်မာနိုင်ငံ တံခါးဖွင့်လိုက်သော်လည်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ အလုံးအရင်းနှင့် မလာသေးသည့် အကြောင်းအရင်းများအနက် တခုမှာ ဖြေရှင်း၍မပြီး နိုင်သေးသော ပြည်တွင်းစစ်နှင့် တိုင်းရင်းသားဒေသ ပဋိပက္ခများ ဖြစ်သည်။
မြန်မာနိုင်ငံ ဆက်သွယ်ရေး လုပ်ငန်းတွင် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီတခုဖြစ်သော တယ်လီနော် (Telenor) ၏ အမှုဆောင် အရာရှိချုပ် (CEO) ဖြစ်သူ John Fredirk Baksaas က မြန်မာနိုင်ငံတွင် လောလောဆယ် ဆောင်ရွက်နေသော ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုသည်အရေးကြီးကြောင်းနှင့်လက်နက် ကိုင်တပ်များအကြား ရှိနေဆဲဖြစ်သော တင်းမာမှုများသည် လုပ်ငန်းလုပ်ကိုင်ရန်အတွက် အကဲဆတ်မည်ဟု ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် စစ်မှန်တည်တံ့သော ငြိမ်းချမ်းရေး လိုအပ်သည်မှာ အငြင်းပွားဖွယ် မရှိပါ။ ဤအတွက် နိုင်ငံရေး အာသီသ လိုသည်။ တွေ့ဆုံညှိနှိုင်း ဆွေးနွေးမှုများမှ ရလဒ်ကောင်းများထွက် ရန်လိုသည်။ Talking is better than shooting ဆိုသည့် အတိုင်း စားပွဲဝိုင်းတွင် တွေ့ဆုံပြောဆိုခြင်း လိုအပ်သည်။
အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ဆောင်ရာတွင် အရေးကြီးသည့် တဖက်နှင့်တဖက် ယုံကြည်မှု (Trust) ကို ယခု အထိ မတည်ဆောက်နိုင်သေးပေ။
ယခုအချိန်တွင် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး အတွက် အတင်းတွန်း၍ မရနိုင်သေး။ ၂၀၁၃ ခုနှစ် ဇူလိုင်လ လန်ဒန်ခရီးစဉ်၌ သမ္မတဦးသိန်းစိန်က နှစ်ပေါင်း ၆၀ အတွင်း သေနတ်သံများ တိတ်ဆိတ်တော့မည်၊ ငြိမ်းချမ်းရေး မကြာခင်ရ တော့မည်ဟု ပြောဆိုခဲ့သည်။
editor-desk1 copyယခုလတ်တလောတွင် ပြောခဲ့သည့်အတိုင်းတော့ ဖြစ်မလာ သေးပေ။ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင် မှုကို နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်သည့် အဆင့် သာမက ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လာသည်ကို တွေ့ရသည်။ နော်ဝေ၊ ဆွစ်ဇာလန်၊ ဆွီဒင်နှင့် ဂျပန်တို့အပြင် အမေရိကန်နှင့် တရုတ်ကဲ့သို့သော အင်အားကြီး နိုင်ငံများလည်းပါသည်။ ထို့အပြင် ပြည်တွင်းငြိမ်းချမ်းရေး ပွဲစားများလည်း တခေတ်ဆန်း လာပြန်ပြီ ဖြစ်သည်။
တိုင်းပြည်တွင် နှစ်ပေါင်း ၆၀ ကျော် တောက်လောင်ခဲ့သည့် ပြည်တွင်းစစ်မီးကို လပိုင်း၊ ရက်ပိုင်းအတွင်း ယမကာဝိုင်းတွင် စကားပြောသကဲ့သို့ ပြောဆိုရုံဖြင့် မပြီးပါ။ တိုင်းရင်းသားများ လိုချင်နေသည်က အဘယ်နည်း၊ အဘယ်ကြောင့် ဖက်ဒရယ် စနစ်ကို ကျင့်သုံးချင်သနည်း၊ တန်းတူညီမျှရေး၏ အဓိပ္ပါယ်မှာ အဘယ်နည်း စသော မေးခွန်းများအတွက် အဖြေရှိရမည်ဖြစ် သည်။
မြန်မာနိုင်ငံ၏ သယံဇာတ တွင်းထွက်များသည် တိုင်းရင်း သားနယ်မြေများတွင် ဖြန့်ကျက်တည်ရှိသည်။ ဤသယံဇာတ သဘာဝ အရင်းအမြစ်များကို လက်ဝါးကြီး အုပ်ထားသူများမှာ ဘယ်သူများနည်း။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စကားဝိုင်းများတွင် မကြာခဏ ကြားနေရသည့် အာဏာခွဲဝေမှု (Power Sharing) နှင့် သယံဇာတခွဲဝေမှု (Resource Sharing) ဆိုသော ဝေါဟာ ရများကို အားလုံးသဘောတူ ကြေညက်မှသာ ရှေ့တိုး၍ ခြေ တလှမ်း လှမ်းနိုင်ပေမည်။
တချို့ကမူ ငြိမ်းချမ်းရေးကို ငွေနှင့် စက်၍ ဝယ်ယူနိုင်လိမ့်မည် ဟု ယူဆနေကြသည်။ ငွေကုန်ကြေးကျခံကာ လမ်းဖောက်၊တံတား ဆောက်၊ ဆေးရုံဆောက်ပြီး စီးပွားရေး ဖွံ့ဖြိုးလာလျှင် ငြိမ်းချမ်းရေးရမည်ဟု တွက်ဆကြသည်။ သို့သော် ယခုရင်ဆိုင်နေရသော ပဋိပက္ခကမူ ထို့ထက် အများကြီး နက်နဲသည်။ တိုင်းရင်းသားများ အလိုရှိသည့် ငြိမ်းချမ်းရေးနှင့် တန်းတူရေး၏ နောက်ကွယ်တွင် ၎င်းတို့၏ ယဉ်ကျေးမှု၊ ဘာသာစကား၊ အခွင့်အရေးတို့၏ ဝိသေသလက္ခဏာများကို ထိန်းသိမ်းရေးတို့ ပါဝင်သကဲ့သို့ ဒေသ ထွက်တွင်းထွက် သယံဇာတများအပေါ် ကိုယ်ပိုင်စီမံခန့်ခွဲခွင့်နှင့် အကျိုးခံစားခွင့်များ ရရေးဖြစ်သည်။ တနည်းအားဖြင့်ဆိုလျှင် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် ရရှိရေးပင်ဖြစ်သည်။
Friday, January 24, 2014

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးကို ဖြိုခွဲနေခြင်း

January 15, 2014 at 4:59pm
ဗိုလ်သန်းရွှေ ဦးဆောင်တဲ့ ဖက်ဆစ်စစ်အုပ်စုလက်ကိုင်တုတ်ကြံ့ဖွံ့အစိုးရဟာ နိုင်ငံရေးပွဲစားတချို့နဲ့ စားဖားသတ္တဝါ တချို့ကိုသုံးပြီး အပစ်အခတ်ရပ်စဲရေး-ငြိမ်းချမ်းရေးဆိုတဲ့ ပြယုဂ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အား စုကို အရှက်မရှိပြောင်ပြောင်တင်းတင်းဖြိုခွဲနေပြီ။

နောက်ကြောင်းပြန် အတိုချုံး ပြန်သုံးသပ်ရမယ်ဆိုရင်နဝတ/နအဖ စစ်အုပ်စုဟာ ၁၉၈၉-၁၉၉၅ ခုကစပြီး တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအတော်များများနဲ့ အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးစကားပြောမယ်ဆိုပြီး တော့ နည်းမျိုးစုံနဲ့သပ်သျှိုဖြိုခွဲ လုပ်ခဲ့တယ်။ တချို့အဖွဲ့အစည်းများ နိုင်ငံရေး စစ်ရေး အတော်အထိနာသွားတယ်။နိုင်ငံရေးပြောချင်ရင် "အနာဂတ်အမျိုးသားနိုင်ငံရေးတွင် တပ်မတော်က အစဉ်တစိုက် ဦးဆောင်ပါဝင်ထမ်းဆောင်နိုင် ရေး" ဆိုတဲ့ဦးတည်ချက်နဲ့ အခြေခံမူ ၁၀၄ ချက် ချမှတ်တဲ့ အတုအယောင်အမျိုးသားညီလာခံတက်ရောက်စေခဲ့တယ်။ အဲဒီဦးတည်ချက်နဲ့ အခြေခံမူများအပေါ် ဘယ်အဖွဲ့အစည်းမှကျော်လွှားလို့မရ။နောက်ဆုံးတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၁၃ ဖွဲ့စုစည်းပြီး ဒီမိုကရေစီနဲ့တိုင်းရင်းသားတန်းတူရေးရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံမူတခုကို တင်ပြခဲ့တယ်။ ဒါပေမဲ့စစ်အုပ်စုက "မင်းတို့အဲဒါတွေရချင်ရင် တောထဲပြန်ဝင်ပြီးတိုက်ယူ" လို့ မိုက်ရိုင်းစွာကြိမ်းဝါးတာဘဲခံရပြီးအမှိုက်ပုံထဲရောက်သွားလို့ စိတ်ပျက်လက်ပျက်နိဂုံးချုပ်ခဲ့ရတယ်။

နအဖ စစ်အုပ်စုဟာ အနာဂတ်အမျိုးသားနိုင်ငံရေးတွင်တပ်မတော်က အစဉ်တစိုက် ဦးဆောင်ပါဝင် ထမ်းဆောင်နိုင် ရေး ဆိုတဲ့ဦးတည်ချက်အတိုင်း ပြည်သူတရပ်လုံးအပေါ်ဆက်လက်ကျွန်ပြုထားပြီး တိုင်းရင်းသားလူမျိုးစုများ အမျိုး ဖြုတ်ရေးဖြစ်တဲ့ ၂၀၀၈ ခုဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းပြဋ္ဌာန်းအတည်ပြုလိုက်ပြီးတာနဲ့ တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေး အဖွဲ့အစည်းအားလုံးအကြွင်းမဲ့လက်နက်ချရေးဖြစ်တဲ့ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် နဲ့ ဌာနေပြည်သူ့စစ်အဖြစ်အသွင်ကူးပြောင်းရန် ၃ ကြိမ်တိုင်တိုင် ခြိမ်းချောက် ရာဇသံပေးလိုက်တယ်။ ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၂ ဖွဲ့ ၃ ဖွဲ့မှအပ လုံးဝလက်မခံဘဲ အာခံလိုက်တဲ့အတွက်အရှက်မရှိ လျှော့ထား လိုက်သယောင်ယောင်နဲ့ ဒီနေ့ အပစ်အခတ်ရပ်စဲရေး-ငြိမ်းချမ်းရေးဆိုတဲ့ခေါင်းစဉ်တပ်ကာ သွေးတိုးစမ်းပြီး နည်း မျိုးစုံနဲ့ သပ်သျှိုဖြိုခွဲနေတာကို အားလုံးအသိပင်ဖြစ်တယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ငြိမ်းချမ်းရေး ပြယုဂ်ဖြင့် ဖြိုခွဲခြင်း
ဗိုလ်သန်းရွှေ ဖက်ဆစ်စစ်အုပ်စု ကြိုးကိုင်ထားပြီးအရပ်သားအသွင်ယူစစ်အစိုးရဖြစ်တဲ့ ဦးသိန်းစိန်အစိုးရ တက်လာ တာနဲ့တပြိုင်နက် အပစ်အခတ်ရပ်စဲရေး-ငြိမ်းချမ်းရေးကနေပြည်ထောင်စုငြိမ်းချမ်းရေး ဆိုပြီး တလျှောက်လုံး အသံ ကောင်းဟစ်လာခဲ့တယ်။ အပစ်အခတ်ရပ်စဲခြင်း-ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဆိုတာ ကမ္ဘာ့လူသားတိုင်း ကြိုက်နှစ် သက်ကြတာဖြစ်လို့ ကမ္ဘာ့ကုလသမဂ္ဂ နဲ့ နိုင်ငံတကာတို့ကလည်းချီးကျူးဂုဏ်ပြုကြတယ်။ ဥရောပအဖွဲ့ကလည်း ဒေါ်လာသန်း ၄၀ လောက်ကူညီသွားတယ် ဆိုတာလည်း ကြားရတယ်။

အဲဒီလိုသတင်းကြားရတာနဲ့ ဒီအထုပ်ကြီးကို လုစားဝေစားကြဖို့နိုင်ငံရေးပွဲစား ဟန်ယောင်ဝှေ၊ စားဖားများဖြစ်ကြတဲ့ မင်းဇော်ဦး၊ အောင်နိုင်ဦး၊ ညိုအုန်းမြင့်၊အောင်သူငြိမ်း၊ အင်ဒရူးငွန်ကျုံးလျံ၊ မန်းငြိမ်းမောင်တို့ဟာ ဦးသိန်းစိန်ဆီ သွားပြီးအရှက်မရှိ ခြေသလုံးသွားဖက်ကြတယ်။ ဒါကြောင့် ကျီးကဘုတ်ကိုရိုသေ၊ ဘုတ်ကိုကျီးကရိုသေဟန်ဆောင်ကြပြီး ဟန်ယောင်ဝှေကို တိုင်းရင်းသားအင်အားစုတွေ ၂၀၀၈ ခု ဖွဲ့စည်းပုံအောက် ခေါင်းငုံ့အညံ့ခံထည့်သွင်း ရေးကျွန်ပွဲစားကြီး အဖြစ်လည်းကောင်း၊ ကျန်စားဖားတွေကို နိုင်ငံရေး၊ စီးပွားရေး၊ဥပဒေရေး၊ ငြိမ်းချမ်းရေး အကျိုး တော်ဆောင်များ အဖြစ်လည်းကောင်း အထုပ်ကြီးကို ဝါးစေဝေစားကြတာပေါ်တင်ကြီးတွေ့ရှိရတာဖြစ်တယ်။

သမတအကြံပေး ဆိုတဲ့ စားဖားများကတော့ ဝန်ထမ်းအဆင့်တောင်မမှီဘူး၊ ဒါကြောင့် ဘာမှဝေဖန်သုံးသပ်စရာ တောင် မလိုဘူး။ ကောက်ရိုးမီးလောင်တဲ့အဆင့်တောင်မရှိဘူး။ လျှပ်တပျက်လျှပ်စီးတဲ့အရာလို မြင်တောင်မမြင် လိုက်ရဘဲ ပျောက်သွားမှာပါ။ ဒါပေမဲ့နာမယ်ပျက်သမိုင်းတရားခံအဖြစ်တော့ မှတ်တမ်းတင်ခံထားရမှာ သေချာတယ်။

တိုင်းပြည်သစ္စာဖောက် အမျိုးသားသစ္စာဖောက် သမိုင်းတရားခံဟာဘယ်သူလဲ
မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသမတ ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက်ရဲ့သား ဟန်ယောင်ဝှေ ဆိုတဲ့လူဟာ မိဘ မျက်နှာ၊ ဒီမိုကရေစီနဲ့တိုင်းရင်းသားတန်းတူရေးအတွက်တလျှောက်လုံးတိုက်ပွဲဝင်ခဲ့တဲ့ အစ်ကိုစဝ်ယူဂျင်းသိုက်ရဲ့ မျက်နှာ၊ ဗိုလ်နေဝင်း ၁၉၆၂ခု အာဏာသိမ်းစဉ်က အိမ်ထဲမှာ အချောင်ပစ်သတ်ခံရတဲ့ ညီငယ် စဝ်မီမီသိုက်ရဲ့မျက်နှာ တို့ကိုမထောက်ဘဲ၊ ဘနဖူး သိုက်တူးစားပြီး ဗိုလ်သိန်းစိန်၊ ဦးအောင်မင်းတို့နဲ့ အပေးအယူလုပ်တိုင်းရင်း သားအင်အားစုတွေကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက် ဒူးထောက်ဝင်ဖို့ အသပြာပေးစည်းရုံးတာ၊တိုင်းရင်းသား အင်အားစုအတွင်းဝင်ရောက်ပြီး နည်းမျိုးစုံနဲ့ဖြိုခွဲနေတာ တွေ့ရတယ်။

ပြည်တွင်းတိုင်းရင်းသားအင်အားစုကို ဖြိုခွဲခြင်း
ပြည်တွင်းက တိုင်းရင်းသားနိုင်ငံရေးပါတီများဖြစ်ကြတဲ့ဒို့ညီနောင်ပါတီများကို အသပြာအထောက်အပံ့ပေးပြီး သမတ ဦးသိန်းစိန်ကို ခြံရံစေတယ်။ ကြံ့ဖွံ့ပါတီနဲ့တိုက်ရိုက်မဟုတ်လည်း သွယ်ဝိုက်နည်းနဲ့ လမ်းကြောင်းတည့်မတ်စေ တယ်။ ပြည်ထောင်စုတိုင်းရင်းသားများပါတီကခေါင်းဆောင်တဦးဖြစ်တဲ့ စောသန်းမြင့်ပြောတဲ့ 'လာမည့် ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲမှာပြည်ထောင်စုတိုင်းရင်းသားများပါတီဟာ မြို့နယ်တိုင်း ဝင်ရောက်ယှဉ်ပြိုင်မည်' လို့ ထုတ်ပြန်ပြောဆိုတာဟာ တိုင်းရင်းသားပါတီတွေအချင်းချင်းသော်လည်းကောင်း၊ ဒီမိုကရေစီပါတီများနှင့်သော်လည်းကောင်းမဲဆန္ဒ နယ် ညှိနှိုင်းလို့မရအောင် တိုင်းရင်းသားများရဲ့ စုစည်းညီညွတ်အင်အား ပြသလိုလိုနဲ့ကြံ့ဖွတ်ပါတီအကြိုက် လုပ် ဆောင်နေကြောင်း ပေါ်လွင်ထင်ရှားလွန်းတယ်။ အဲဒါကို အားလုံးသဘောပေါက်သတိရှိထားရမှာဖြစ်တယ်။ UNA မဟာမိတ်အဖွဲ့ချုပ်ဟာ UNLD ကပေါက်ဖွားလာပြီး အတွေ့အကြုံရင့်ကျက်တဲ့ပါတီတွေ ခေါင်းဆောင်တွေ ဖြစ်လို့ ဟန်ယောင်ဝှေအနေနဲ့ ဘယ်လိုမှစည်းရုံးသိမ်းသွင်းလို့မရဖြစ်နေတယ်။ ဒါကြောင့် ဒို့ညီနောင်အုပ်စုဟာ UNA အပေါ် နည်းမျိုးစုံနဲ့ ဆန့်ကျင်နေတာ နေ့စဉ်နဲ့အမျှတွေ့ရှိရတယ်။ အဲဒီဖြစ်စဉ် ဘယ်ကလာသလဲ၊ ရွှေသမင် ဘယ်ကထွက် မင်းကြီးတာ ဟန်ယောင်ဝှေဆီက ထွက်လာတာဘဲဖြစ်တယ်။

ဟန်ယောင်ဝှေဟာ ကမ္ဘာ့အာရပ်မူဆလင် ပသိုင်းမွှေးတွေဆီကအထုပ်ကြီးယူပြီး ရိုဟင်ဂျာဘင်္ဂါလီတွေအတွက်လည်း အရှက်မရှိ lobby လုပ်ပေးခဲ့သေးတယ်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများကိုဖြိုခွဲခြင်း
ကြောင်ပါးဟန်ယောင်ဝှေက UNFC တိုင်းရင်းသားအင်အားစုဟာအဓိကအင်အားစုဖြစ်တယ်ဆိုတာ ကောင်းကောင်း သိတယ်။ အဓိကခေါင်းဆောင်ဖယ်ရှားရေးမှာ သူ့သြဇာခံလူငယ်လူရွယ်အင်အားတွေနဲ့အစားထိုးရမယ်ဆိုတာ NRP နဲ့ ENC အတွေ့အကြုံ နှစ်ပေါင်း ၂၀ လုံးလုံး ဉာဏ်နီဉာဏ်နက် လက်တွေ့ကျကျလုပ်ခဲ့ပြီးဖြစ်တယ်။

ဒါကြောင့် ဟန်ယောင်ဝှေက UNFC ပေါ်လစီအဖွဲ့ကိုယ်စားအလုပ်လုပ်ဖို့ WGEC အလုပ်အဖွဲ့ကို လူအရေအတွက် များများနဲ့ဖွဲ့စည်းပြီး UNFC ကို ကျော်လွှားအားစမ်းလာတယ်။နိုင်ငံရေးအတွေ့အကြုံရင့်ကျက်တဲ့ UNFC အဖွဲ့ဟာ WGEC ကိုဖျက်ပစ်တာမလုပ်ဘဲနဲ့ WGEC ကနေနှုတ်ထွက်ကြောင်း ယဉ်ယဉ်ကျေးကျေး သိမ်မွေ့စွာလုပ်လိုက်တော့ ဟန်ယောင်ဝှေဟာ UNFC အဖွဲ့ဝင်KNU ရယ်၊ ပူးပေါင်းလုပ်ဆောင်လာတဲ့ RCSS ရယ်ကို WGEC နောက်ခံပိုင်ရှင် ownership ဖြစ်စေဖို့ကြိုးစားပြန်တယ်။ ဒါပေမဲ့ KNU, RCSS ခေါင်းဆောင်တွေဟာ အတွေ့အကြုံများသူတွေ ဖြစ်ကြ တဲ့အတိုင်းလက်မခံကြဘဲ ၂၀၁၃ ခု နိုဝင်ဘာ ၂ ရက်နေ့က ကျင်းပတဲ့ လိုင်ဇာညီလာခံမှာ၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့နိုင်ငံရေးအခြေခံမူတွေ ချမှတ်သဘောတူညီမှု ရပြီးမှ တနိုင်ငံလုံးငြိမ်းချမ်းရေးလက်မှတ်ရေးထိုးဖို့  အခြေခံမူစာတမ်းကို သဘောတူချမှတ်နိုင်တဲ့အပြင်UNFC ကိုယ်စား အလုပ်လုပ်မယ့် NCCT ၁၃ ဦးအဖွဲ့ကိုပါ ဖွဲ့စည်းတာဝန်ပေးအပ်နိုင် ခဲ့တယ်။ယခင် နောက်ခံပိုင်ရှင်မရှိတဲ့ WGEC အဖွဲ့ဆိုတာ မြောင်းပုပ်ထဲ ရောက်သွားပြန်တယ်။ ဒါကြောင့်တိုင်းရင်း သားအင်အားစုကို ၂၀၀၈ ဖွဲ့စည်းပုံအောက် ဆွဲသွင်းမယ့် နိုင်ငံရေးပွဲစားကြီးဟန်ယောင်ဝှေဟာနှာခေါင်း ကျည်ပွေ့ တွေ့သွားရတယ်။

NCCT ကို ဆက်လက်ဖြိုခွဲရန် ကြိုးပမ်းခြင်း
UNFC ကိုယ်စား NCCT ဟာ လိုင်ဇာသဘောတူချက်စာတမ်းကိုစွဲကိုင်ပြီး နိုဝင်ဘာ ၅ ရက်နေ့ မြစ်ကြီးနားမှာ အစိုးရ ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီနဲ့တွေ့ဆုံခဲ့ရာမှာ အရင် MPC ပြုစုခဲ့တဲ့စာတမ်း မဟုတ်တော့ဘဲ မင်းအောင်လှိုင် ကိုယ်စား ဒုဗိုလ်ချုပ်ကြီးမြင့်စိုးကအကြွင်းမဲ့ unconditional လက်နက်ချရေးစာတမ်းတခု တင်ပြလာလို့ မင်းသားခေါင်း စွပ်ထားတဲ့ဘီလူးသရုပ်သကန် ဘွားကနဲပေါ်လာတော့တယ်။ ကုလသမဂ္ဂ အတွင်းဝန်ချုပ်၊ ကိုယ်စားလှယ် ဂမ်ဘာရီ၊အဝေးကစောင့် ကြည့်နေတဲ့ အမေရိကန်သမတဟောင်းကလင်တန်၊ ဗြိတိန်ဝန်ကြီးချုပ် တိုနီဘလဲ နဲ့နိုင်ငံတကာခေါင်း ဆောင်တွေ က ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုပေးဖို့ လျာထားတဲ့ သမတသိန်းစိန်ကဘဲအာဏာရှိသလား၊ ပါလီမန်ဥက္ကဌ ရွှေမန်းဘဲ အာဏာရှိသလား၊ ဦးစီးချုပ်မင်းအောင်လှိုင်ဘဲ အာဏာရှိသလားသို့မဟုတ် သန်းရွှေကြိုးဆွဲ ကခိုင်းသလို ကနေကြရသလား ဆိုတာ အားလုံးစဉ်းစားစရာ ဖြစ်သွားတယ်။ဘာဘဲဖြစ်ဖြစ် ၃ နှစ်ကြာလာတဲ့ ငြိမ်းချမ်းရေးဟာ ရိုးသားမှုမရှိကြောင်း ဘူးပေါ်သလိုပေါ်လာတော့တယ်။ကြံ့ဖွတ်အစိုးရလည်း အရှက်တကွဲဖြစ်သွားခဲ့တယ်။ တကယ် တော့ သူတို့ ပြောနေ လုပ်နေတဲ့ ဖွဲ့စည်းပုံပြင်ရေးဆိုတာရယ်၊ ငြိမ်းချမ်းရေးဆိုတာရယ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ ပိုမို ခိုင်မာရေးကိုဘဲ ဦးတည်နေတာဖြစ်တယ်။ ဘယ်လိုမှ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအစစ်အမှန်ဆီကို ဦးတည်နိုင်မှာ မဟုတ်ကြောင်းအားလုံးသဘောပေါက်ကြပြီးဖြစ်တယ်။

ဒါကြောင့် UNFC အဖွဲ့ဝင်တွေ ၂၀၁၃ ခု ဒီဇင်ဘာလ၁၈-၂၀ ရက်နေ့ KNU နယ်မြေ လေးဝါးမှာ တွေ့ဆုံဆွေးနွေးမယ့် အစည်းအဝေး ကို ရက်ရွှေ့ဆိုင်းတာ၊လဝက ဝန်ကြီး ဦးခင်ရီ၊ MPC လှမောင်ရွှေတို့ ဇင်းမယ်မှာ သန်းခေါင်စာရင်း ကောက်ခံရေး အကြောင်းပြပြီးUNFC နဲ့ လာတွေ့တာ၊ ၂၀၁၄ ဇန်နဝါရီလ ၁ ရက်နေ့ ရွှေကုက္ကိုမှာကျင်းပတဲ့ ကရင်နှစ်သစ်ကူးနေ့ကိုဦးအောင်မင်း လာတက်တာ၊ ဇန်နဝါရီလ ၄-၅ ရက်နေ့မှာ KNU ခေါင်းဆောင်များက သမတသိန်းစိန်၊ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်တို့ကို သွားတွေ့ဆုံ တာ စတဲ့ lobby လုပ်သယောင် ကပ်ဖားသယောင်နဲ့ ဖြိုခွဲရေးလုပ်ငန်းတွေကို ခပ်စိတ်စိတ် အတောမသတ် လုပ်လာတာ တွေ့ရတယ်။

စစ်အုပ်စုရဲ့ရည်မှန်းချက်
အရင်တုံးက နဝတ/နအဖ ဖက်ဆစ်စစ်အုပ်စုရဲ့ ရည်မှန်းချက်ဟာပြည်သူတရပ်လုံးကို ကျွန်ပြုထားဖို့ ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးဖြစ်ပြီးမဟာဗျူဟာလုပ်ငန်းတွေအဖြစ် အတုအယောင်အမျိုးသားညီလာခံကို အချိန်အကြာကြီး ဆွဲပြီးရေးတာ၊တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကို အပစ်အခတ်ရပ်စဲပြီး နည်းမျိုးစုံနဲ့သပ်သျှိုဖြိုခွဲတာတွေ လုပ်ဆောင်လာခဲ့တယ်။

ဒီကနေ့ ဖက်ဆစ်သန်းရွှေ ရုပ်သေး အရပ်ဝတ်လဲ သမတဦးသိန်းစိန်အစိုးရရဲ့ ရည်မှန်းချက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ ခိုင်မာရေးဖြစ်ပြီး မဟာဗျူဟာလုပ်ငန်းတွေအဖြစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ဟန်ပြပြင်ဆင်ရေးလုပ်ငန်းနဲ့ ဟန်ပြငြိမ်းချမ်း ရေးလုပ်ငန်းတို့ကိုအချိန်ဆွဲ လုပ်ဖို့ ဖြစ်တယ်။ ဒါကြောင့် သိန်းစိန်၊ ရွှေမန်း၊ မင်းအောင်လှိုင်တို့ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ဘယ်လိုမှ ဒီမိုကရေစီစံညွှန်းတွေနဲ့ အညီ ပြင်ဆင်ချင်တာမဟုတ်ဘဲအရေးမပါတဲ့အချက်တွေပြင်၊ ၂၀၀၈ ဥပဒေ ကို ပိုခိုင်မာစေပြီး ပြည်သူတွေကို ဆက်လက် ကျွန်ပြုထားရေးဖြစ်တယ်။ငြိမ်းချမ်းရေးဆိုရာမှာလည်း နည်းမျိုးစုံနဲ့ သပ်သျှိုဖြိုခွဲပြီး လက်နက်ချအညံ့ခံရေး၊တိုင်းရင်းသားလူမျိုးစု များ အမျိုးဖြုတ်ရေးဖြစ်တယ်။ ဒါကြောင့် တိုင်းရင်းသား ပြည်သူတရပ်လုံးကမိမိတို့မူလပိုင်ဆိုင်ထားတဲ့ ဒီမိုကရေစီအခြေခံ လူ့အခွင့် အရေးနဲ့ တိုင်းရင်းသားများ တန်းတူစစ်မှန် တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို တညီတညွတ်တည်း ဦးတည်ချီတက် ကြရမှာဖြစ်တယ်။

စစ်မှန်သောဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး
ဒီမိုကရေစီအခြေခံလူ့အခွင့်အရေးရဲ့ မူလပိုင်ရှင်အစစ်အမှန်ဟာပြည်သူလူထုဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်း သားခေါင်းဆောင်များ ချမှတ်ထားတဲ့ပင်လုံစိတ်ဓာတ် ပြည်ထောင်စုပိုင်ရှင် အစစ်အမှန်ဟာလည်း ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊မွန်၊ မြန်မာ၊ ရှမ်း၊ ရခိုင်စတဲ့ တိုင်းရင်းသားတွေ ဖြစ်ကြတယ်။ ဘယ်လူမျိုး၊ ဘယ်အဖွဲ့အစည်း၊ဘယ် ပုဂ္ဂိုလ်ကမှ ပိုင်ဆိုင်ထားတာ မဟုတ်ပါ။ တောင်းစရာလည်းမဟုတ်၊ ပေးစရာလည်းမဟုတ်ပါ။မိမိတို့တရားဝင် ပိုင်ဆိုင် ထားတဲ့ ဒီမိုကရေစီအခွင့်အရေးနဲ့ တိုင်းရင်းသားတန်းတူအခွင့်အရေးအရစစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင် စုနိုင်ငံတော်ကို ပြည်သူ့စွမ်းအားနဲ့ တည်ဆောက်ကြရမှာဖြစ်တယ်။

ဗမာပြည်ရဲ့ အခြေခံပြဿနာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာဖြစ်တယ်ဆိုတာနိုင်ငံရေးခေါင်းဆောင်တွေ ထပ်ခါ ထပ်ခါ ပြောခဲ့ ပြီးဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာဆိုတာကတော့ ဒီမိုကရေစီဆိတ်သုဉ်းမှုနဲ့ တိုင်းရင်းသား တန်းတူအခွင့်အရေး ဆုံးရှုံးမှုပြဿနာဘဲဖြစ်တယ်။ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားများတန်းတူရေးအတွက် ၁၉၄၈ ခု လွတ်လပ်ရေးရတဲ့အချိန်ကစပြီးဒီနေ့အထိ နှစ် ၆၀ ကျော် ခေါင်းဆောင်တွေ ရဲဘော်တွေ ထောင်သောင်းချီပြီး အသက်ပေးလှူခဲ့ကြ တယ်။ပြည်သူလူထု အသက် အိုးအိမ် ဥစ္စာပစ္စည်းတွေလည်း ကုဋေကုဋာပေါင်း မြောက်များစွာ ဆုံးရှုံးခံကြရတယ်။အဲဒါကြောင့် ကျနော်တို့ဟာ ကျဆုံးသွားကြ တဲ့ ခေါင်းဆောင်တွေ မိဘပြည်သူတွေအပေါ် သစ္စာ မဖောက်မပြန်လက်တွဲညီညာချီတက်ကြရမှာဖြစ်တယ်။

အရင်က ပြည်သူတရပ်လုံးလိုလားတဲ့ ဒီမိုကရေစီကိုရော၊တိုင်းရင်းသားတန်းတူရေးကိုရော ကျောခိုင်းအရှုံးပေးလိုက် ကြတဲ့ သခင်စိုး၊ သိန်းဖေမြင့်၊ဝိဓူရသခင်ချစ်မောင်၊ သခင်တင်မြ၊ မောင်စူးစမ်း၊ ကျော်ဝင်း၊ စောဟန်တာသာမွှေး၊ ဗိုလ်လင်းထင်၊ဆခုံတင်ယိန်းနဲ့ အခြားသစ္စာဖောက်တွေဟာ သမိုင်းတရားခံဘဝအဖြစ် မှတ်တမ်းတင်ခံရမှာ ဖြစ်တယ်။

ဒါကြောင့်…
(၁) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီစံညွှန်းနဲ့အညီပြင်ဆင်ရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံမူကြမ်း ပြင်ဆင်ထားရေးအတွက်ပြည်သူ့စွမ်းအားနဲ့ တိုက်ပွဲဝင်ကြပြီး၊
(၂) တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေဟာ၂၀၀၈ ဖွဲ့စည်းပုံအောက် ခေါင်းငုံ့မဝင် ဒူး မထောက်ဘဲ ပင်လုံစိတ်ဓာတ်အရ တိုင်းရင်းသားများတန်းတူရေးရှိတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် အခြေခံမူကျောရိုးframework ရပြီးမှသာ ငြိမ်းချမ်းရေးလက်မှတ်မယ့် လိုင်ဇာမူအတိုင်း တည့် တည့်မတ်မတ်ခံယူရပ်တည်ကြမယ် လို့ ယုံကြည်မိပါတယ်။

(တိမ်ကြားမင်းခေါင်တင်ပြသည်)
Sunday, December 29, 2013

အနီလား၊ အစိမ်းလား သမ္မတ ဖြစ်လို သူများနှင့် နိုင်ငံရေး သံသရာထဲက၂ဝ၁၅ ပုစ္ဆာ

Share
၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ သည် ဝေးနေသေးသည် ဟု လည်း ဆို၍ မရတော့။ ထိုရွေးကောက် ပွဲသည် မြန်မာနိုင်ငံရေး အခင်း အကျင်း အပြောင်း အလဲ များနှင့် ပရိသတ် စိတ်ဝင်တစား ရှိနေမည့် နိုင်ငံ၏ ခေါင်းဆောင် သမ္မတနေရာ အတွက် ရွေးချယ်ပွဲဖြစ်၍ မြန်မာနိုင်ငံ၏ အနာဂတ်ကို အဆုံး အဖြတ်ပေးမည့် အဓိက ကျ သည့် ဖြစ်စဉ် တစ်ရပ်ပင် ဖြစ်သည်။
သမ္မတ တာဝန် ထမ်းဆောင်ရန် အသင့်ဖြစ်နေကြောင်း မြန်မာနိုင်ငံ၏ အကြီးဆုံး နိုင်ငံရေး ပါတီနှစ်ရပ်ဖြစ် သည့် ပြည်တောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့၏ တရားဝင် ပြောကြားထားမှုကြောင့် လည်း လူအများ စိတ်ဝင်တစား ရှိနေသည့် အ ကြောင်းရင်း လည်း ဖြစ်သည်။ ထို့ပြင် အသွင်ပြောင်း သံသရာထဲ တွင် တဝဲ လည်လည် ဖြစ်နေသည့် မြန်မာနိုင်ငံ အပြောင်းအလဲ အတွက် အလှည့်အပြောင်း တစ်ခု အဖြစ်လည်း ပြည်သူများ ကမျှော်လင့်ထားကြမည်သာဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ သမ္မတ အိပ်မက်နှင့် ညွန့်ပေါင်းအစိုးရ
 ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြောက်ခံ ထားရသော ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းနှင့် ဒေါ်အောင် ဆန်းစုကြည် တို့သာ ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲ တွင် ပြည်သူ့ လွှတ်တော်မှ ထပ်မံဝင်ရောက် အရွေးချယ်ခံ ရပါက သမ္မတနေရာ အတွက် ထိပ်တိုက် တွေ့ဆုံ ရမည် ဖြစ်ပြီး တစ်ဦး သာ သမ္မတဖြစ်ခွင့် ရှိတော့မည် ဖြစ်သည်။
သမိုင်းနောက်ခံ အကြောင်းအရင်း များ မည်သို့ပင် ရှိစေကာမူ ယခု ဒီမိုကရေစီ မျိုးစေ့ ကိုအပင်ပေါက်ရန် ဝိုင်းဝန်း ပျိုးထောင်နေသည့် အချိန်တွင် အပင် ကြီးထွားစေရန် အဟန့် အတားဖြစ်စေ မည့် ထိပ်ဆုံးက အကြောင်းအရင်းမှာ အာဏာ နိုင်ငံရေးဖြစ်ကြောင်း မနီးမဝေး အခင်းအကျင်း များက သက်သေခံ လျက် ရှိနေသည်။
ယခု အရေးကြီး တစ်ချက် အနေ ဖြင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ကို ကန့်သတ်ထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ သမ္မတ အရည်အချင်း ပုဒ်မ ၅၉ (စ) သည် မြန်မာ့နိုင်ငံရေး ၏ အဖုအထစ် အထုံးတစ်ခု အဖြစ် ရှိနေရာ ထိုအထုံးကို ဖြည်ရမည်သာ ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ထောက်ခံမှု မရလျှင် သူရ ဦးရွှေမန်း ခေါင်းဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့်လည်း နိုင်ငံကို ဆက်လက် ဦးဆောင်ရန်မှာ စွန့်စား လွန်းရာ ရောက်နေ မည် ဖြစ် သည်။
အပြန်အလှန် အားဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ထောက်ခံမှုမရဘဲ နိုင်ငံကို ဦးဆောင် ရန်မှာလည်း စွန့်စားမှုကြီး တစ်ရပ် ဖြစ် သည်။ လက်ရှိ အာဏာရ ထားသည့် သူများက စိတ်စေတနာ ထက်သန်စွာ ဖြင့် ရော့အင့်ဆိုပြီး အာဏာ လွှဲပြောင်း ပေးခဲ့သော ဖြစ်စဉ် ကမ္ဘာပေါ် တွင်မရှိ။
”ညွန့်ပေါင်း အစိုးရ မဖွဲ့စည်းရေးမူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ မရှိပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောထားပြီး သူရ ဦးရွှေမန်း ကလည်း ”၂ဝ၁၅ ရွှေးကောက် ပွဲ အပြီး ညွန့်ပေါင်း အစိုးရတစ်ရပ် ပေါ်ပေါက်လာနိုင် သည်”ဟု ပြောကြားထားသည်။
သို့ဖြစ်၍ သူရ ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ ထိပ်တိုက်တွေ့ ဆုံရေး ရှောင်ရှားနိုင်ရန် အတွက် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် တို့မှ ဝင်ရောက် ရွေးအချယ် ခံရမည် ဖြစ် သည်။
ထိပ်တိုက် ရင်ဆိုင်ပြီး နိုင်ငံရေး အကျပ်အတည်း မဖြစ်ရန် ခေါင်းဆောင် နှစ်ဦး စလုံးက ဆန္ဒ ရှိနေသည်မှာ ပေါ် လွင်နေသော်လည်း တကယ်တမ်း မြန်မာ့နိုင်ငံရေး အပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိနေသည့် အကြောက်တ ရားများဖြင့် လွှမ်းမိုးခဲ့သော နိုင်ငံရေး အိပ်မက် တစ္ဆေ ခြောက်လှန့် ခံရမှုက လွယ်လွယ်နှင့် ကု စားနိုင် မည်လော။ ပဒေသရာဇ် အငွေ့အသက် ကလည်း မပျောက်သေး။ စစ်အေးခေတ် လွန်သွား သော်လည်း ကွန်မြူနစ် အမူအကျင့် အားကောင်းနေဆဲ၊ အာဏာရှင် စနစ်ဆီ မှလည်း အာဏာရှင် စိတ်ဓာတ် များကို သာ အမွေ ရထားကြရာ အပြန်အလှန် ဖယ်ထုတ်ခြင်း အပြုအမူများကို အဆုံး သတ်မှသာ တစ်ခေတ် တစ်ခါက အာရှတွင် ရှိ ခဲ့သော မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ ကို ပြန်လည်ရနိုင်မည် ဖြစ်သည်။
အကျိုး စီးပွားချင်း ထိပ်တိုက် တွေ့ ဆုံသည့် အခါ နိုင်ငံရေး အခင်းအကျင်း များကလည်း အတက်အကျ ဖြစ်တတ် သည်က အိမ်နီးချင်းနိုင်ငံ ၏ မပြီးဆုံး သေးသည့် ဆန္ဒပြပွဲ များက မီးမောင်း ထိုးပြနေသည်။ မြန်မာနိုင်ငံ၏ သမိုင်း ကြောင်းအရ နောက်ဆုံးတွင် အာဏာ နိုင်ငံရေးက အစဉ်အမှောင် တိုက်သွင်းခဲ့ သည်။ လူဟူသည် အမှား မကင်းသည့် သဘော ဖြစ်သော်လည်း အစဉ် ဖြစ်နေ ပါက မြန်မာနိုင်ငံ သားများ ညံ့ရာကျ မည်ဖြစ်သလို နိုင်ငံရေး တွင်လည်း အမြဲ မှားနေသည်က မဖြစ်သင့်။
ကန့်လန့်ကာမည်သူ ဖွင့်မည်နည်း
လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ လွှတ်တော်က ဒုတိယ သမ္မတ သုံး ဦး ရွေးချယ် ရမည်ဖြစ်ပြီး ပြည်သူများက ရွေးကောက် တင်မြှောက် ခွင့်မှာ ဒုတိယ သမ္မတ နှစ်နေ ရာသာရှိ၍ လွှတ်တော် တွင် ရှိနေသော တပ်မတော်သား အစု အဖွဲ့ များက တင်သွင်းသည့် ဒုသမ္မတ တစ်နေရာတို့ ဖြစ်သည်။
၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲ၏ ရလဒ်ကို ပြန်ကြည့်ပါက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူများ ၏ ထောက်ခံမှုကို အပြည့်အဝ ရရှိထားပြီး တိုင်းရင်း သား ဒေသများတွင် တိုင်းရင်း သားပါတီ များကသာ လွှမ်းမိုးနိုင်သည် ကိုတွေ့ရမည် ဖြစ်သည်။ ဤနေရာတွင် သမ္မတ ဖြစ်ရန် အတွက် လွှတ်တော်ထဲ၌ တိုင်းရင်းသား တို့၏ ထောက်ခံမှုကို အပြည့်အဝ ရရှိရန် လိုအပ်သည် မှာလည်း သမ္မတ ရွေးချယ်ရေး မဲ အရေအတွက် ၂ဝဝ က အရေးပါသည့် အရေ အတွက် ဖြစ်နေသည်။ တိုင်းရင်း သား နိုင်ငံရေး ခေါင်းဆောင် များ အနေဖြင့် သမ္မတ ဖြစ်လိုကြောင်း မည်သူကမျှ ဖွင့်ဟ ပြောဆိုမှု မရှိသေးသော်လည်း တိုင်းရင်းသား များ၏ ထောက်ခံမှု မှာ မူမြန်မာ့ နိုင် ငံရေး အခင်းအကျင်း၏ နောက် ထပ် ဖွင့်လှစ် ရမည့် တံခါး တစ်ချပ် ဖြစ် နေသည်က သေချာပါသည်။
ပါလီမန်ခေတ် လူမျိုးစု လွှတ်တော် အသွင်ဆောင်သော အမျိုးသား လွှတ်တော်သည် တိုင်းနှင့်ပြည်နယ် ၁၄ ခုကို အချိုးညီစွာ ကိုယ်စားပြုပြီး တူညီသော ကိုယ်စားလှယ် များ အရေအတွက် ကိုစေလွှတ် ရခြင်းဖြစ်သည်။ ဤနိုင်ငံရေး အခင်းအကျင်းသည် တိုင်းရင်းသားများ ၏ ထောက်ခံမှုမှာ လွန်စွာ အရေး ပါကြောင်း တွေ့မြင် ရမည်ဖြစ် သည်။ အခင်းအကျင်း အရ လွှတ်တော် တွင် ရှိနေသော တိုင်းရင်းသား ကိုယ်စားလှယ် အများစု က အုပ်ချုပ်ရေး ပိုင်း ဆိုင်ရာ အခက်အခဲ များကို လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ထံမှ တစ်ဆင့် ဖြေရှင်းဆောင်ရွက်နေရသည်။
လက်နက်ပုန်းများကလည်း မနေ
ထိုသို့သော အခြေအနေ များထဲတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်း အလဲ၌ နေရာမရသော နိုင်ငံရေး အစု အဖွဲ့များ၏ လှုပ်ရှားမှု မှာလည်း မြန်မာ နိုင်ငံရေး ရင့်ကျက်မှု ကို စိန်ခေါ်နိုင် သည့်အင်အားစု အဖြစ် တပ်ပေါင်းစုအ သွင်လည်း မြင်တွေ့လာနိုင်သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီတို့တွင် နေရာမရသော သူများ အနေဖြင့် မိမိတို့၏ နိုင်ငံရေး သိက္ခာပြန်ရရန် အ တွက် ၂ဝ၁၅ မတိုင်မီ လှုပ်ရှားကြ ရမည်ဖြစ်ပြီး အများစုမှာ နိုင်ငံရေး ပါးနပ်သော တက်ကြွ လှုပ်ရှား သူများ ဖြစ်သည်။
လက်ရှိ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အနေဖြင့် အဆိုပါ စိန်ခေါ်မှု များကို ဆက်လက် ရင်ဆိုင်ရန် ၂ဝ၁၅ ခုနှစ်တွင် သမ္မတ အဖြစ် ဆက်လက် အရွေးချယ်ခံ မည် ဆိုပါက လက်ရှိ ရရှိထားသော နိုင်ငံရေး ဂုဏ်သိက္ခာ အတွက် အကြီးမားဆုံး စိန်ခေါ်မှု တစ်ရပ် ဖြစ်နေပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတွင်း ညီညွတ်ရေး ကိုလည်း ထိခိုက်မည် ဖြစ်သည်။ ဖြစ်ပေါ်နေဆဲ နိုင်ငံရေး အပြောင်းအလဲကို တာထွက်ကောင်းနိုင် ရန် အခြေခံကောင်း များကိုပြင်ဆင်ပေး ရင်း သမ္မတ ဦးသိန်းစိန် က အနိုင်နှင့် ပိုင်း သည်ကသာသမိုင်းတွင် ဂုဏ်သတင်းမွှေး ပျံ့နေမည်ဖြစ်သည်ဟု အချို့ကဆိုသည်။
မြန်မာနိုင်ငံရေး နာတာရှည်ရော ဂါသည် ဆေးမြီးတိုဖြင့် ကုသရန်  မဖြစ်နိုင်။ လက်ရှိ မြန်မာနိုင်ငံတွင်း သို့ ဝင်ရောက် နေသော နိုင်ငံတကာ အကူအညီ များမှာ မြန်မာ့နိုင် ငံရေး အပြောင်းအလဲကို တစ် စိတ်တစ်ဒေသ အဖြစ် အသိအမှတ်ပြု ဆုပေးဒဏ်ပေး စနစ်သာ ဖြစ်သည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များ လက်ရှိအစိုးရ အပြောင်းအလဲ များတွင် မျှော်မှန်းထားသလောက် ဝင်ရောက် မလာသည် ကလည်း ၂ဝ၁၅ ခုနှစ် နိုင်ငံရေး ကိုသာ စောင့် ကြည့်နေ ကြခြင်းဖြစ်ပြီး ဟန်ဆောင် ပြောင်းလဲသည် ဆိုပါက လည်း ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ တွင် အဖြေ ပေါ်မည်သာ ဖြစ်သည်။
ကမ္ဘာ့ အကြီးဆုံး ဈေးကွက်ဖြစ်သည့် ဥရောပနှင့် အမေရိကဈေးကွက်က လက်ခံသည့် အစိုးရ တစ်ရပ်ဖြစ်မှသာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များက ဝင်လာနိုင် မည်ဖြစ်ပြီး ဒီမိုကရေစီ စနစ်ကို အားဖြည့် ပေးမည့် လောင်စာ ရမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ပြော နေသည့်  ဖွဲ့စည်းပုံအခြေခံ ဥပဒေမပြင်ဆင်မီ ကြီး လေးကြီး တွေ့ဆုံမှ သာ နိုင်ငံ ရေး အဖြေတစ်ခု ရမည် ဖြစ်သည်။
၂ဝ၁၅ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် နိုင်ငံရေး ဖြေလျှော့မှု အပေါ် မျှော်လင့်ချက် များကို ကိုင်တွယ်ရန်မှာ  လွှတ်တော်တွင် အမတ် အများဆုံး အနိုင်ရသည့် ပါတီ တစ်ရပ် တည်းကတော့ အထိအခိုက် နည်းနည်းဖြင့် ဆောင်ကြဉ်းပေးနိုင်မည် မဟုတ်သည် ကို သင်ခန်းစာ ယူဖွယ် အတိတ် ဖြစ်ရပ် များက ရှိနေသည်။
အပြန်အလှန် သွေးတိုးစမ်းမှုနှင့် ဆက်ခံရဦးမည့် အမွေများ
ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တို့ သမ္မတ ဖြစ်ရန် အတွက် အပြန်အလှန် လေးစားမှု ရှိကြောင်းကို နေပြည်တော် တွင် သတင်းထောက် များနှင့် တွေ့ဆုံခဲ့ သည့်ဖြစ်ရပ် က ပြသနေသည်။
”ဥက္ကဋ္ဌကြီး အနေနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ ကို တရား မျှတစွာ ယှဉ်ပြိုင်မယ် ဆိုရင် ကျွန်မကို သမ္မတ မဖြစ်အောင် ကန့်သတ် ထားတဲ့ အချက်တွေ ပြင် ဆင် ပေးရ မယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောထားခဲ့ပြီး သူရဦးရွှေမန်းက လည်း ”၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ အတတ်နိုင်ဆုံး တရား မျှတအောင်ဆောင် ရွက်ပေးမယ်” ဟုနှစ်ဦး သား သတင်းမီဒီ ယာ များ၏ရှေ့တွင် ပြောကြားခဲ့သည်။
 ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ အရပ်သား အစိုးရ တစ်ရပ် အဖြစ် အသွင် ကူးပြောင်းနိုင်သော် လည်း ယခု ဖွဲ့စည်းပုံဖြင့် ရှေ့ဆက်၍ မရ။
 ပြင်ဆင်ရမည် ဆိုသည် ကလည်း အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုတိယ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့ ကိုယ်တိုင် လွှတ်တော်တွင် တင်သွင်း ခဲ့ခြင်း ဖြစ်သည်။ မည်သည် အတိုင်း အတာအထိ ပြင်ဆင်မည် ဆို သည်ကမူ ပြည်သူများ ၏ ဆန္ဒ အပေါ် မူတည်၍ လာမည့် ၂ဝ၁၄ နှစ်သစ် တွင် သိမြင်ရမည် ဖြစ်သည်။
တာဝန်ယူ တာဝန် ခံရသော အစိုးရ မည်သည် ယခင်အစိုးရ၏ ဆိုးမွေကောင်း မွေကို ငြင်းဆန်၍ မရနိုင်။ မြစ်ဆုံ စီမံကိန်း ပြဿနာက ၂ဝ၁၅ ခုနှစ် အတွင်း သမ္မတ ဖြစ်မည့် သူများကို စောင့်ဆိုင်း နေသည်။ လယ်ယာမြေ အသိမ်းခံထား ရသည့် လက်ပံတောင်းတောင်က ပြည်သူတွေ၏ ဒဏ်ရာက အကင်းမသေ ဖြစ်နေဆဲ၊ တစ်နိုင်ငံလုံး အတိုင်းအတာ နှင့် သိမ်းပိုက် ထားသော လယ်ယာမြေ ကိစ္စကလည်း အဖြေမပေါ်သေး။ ဘာသာရေး လူမျိုးရေး ပဋိပက္ခ အသွင်ပေါ် စေရန် ချိန်ကိုက်ဗုံး များကလည်း ဖောက် ခွဲနေဆဲ၊ နိုင်ငံရေး ပြောင်းလဲလာသည့် နှင့် ဖွံ့ဖြိုးမှု အတွက် ပေးဆပ်ရမည့် အရင်း အနှီး၊ စားပွဲ ဝိုင်းပေါ် တက်လာသော် လည်း အချိန် မရွေး ဖြစ် ပွားနေသည့် ပြည်တွင်းစစ်၊ အာဏာရှင် ဆန်ဆန် ဟောဟောဒိုင်းဒိုင်း လုပ်ဆောင်နေ သည့် အစိုးရ ယန္တရား၊ နိုင်ငံရေးပြောင်း လဲသလောက် လိုက်ပါ မပြောင်းနိုင်သော ဆင်းရဲ မွဲတေမှုက ချိန်ကိုက်ဗုံးများပင် ဖြစ်ပြီး၊ …
ရခိုင်ပဋိပက္ခကလည်း နိုင်ငံရေး အပြောင်းအလဲတွင် ထပ်မံပေါ်ပေါက်လာ နိုင်သည့်စိတ်မချရသေးသည့်ဖွဲမီး ဖြစ်နေ ပါသေးသည်။
လက်ရှိ ကမ္ဘာ့နိုင်ငံ များ တွေ့ကြုံ နေသလို ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း ဖြစ်သည့် နိုင်ငံများ အပြန်အလှန် လွှမ်းမိုးမှုကို လွန်ဆန်ရန် မှာလည်း လက်တွေ့တွင် တ ကယ်တော့ လွယ်ကူသည် တော့ မဟုတ်ပေ။ အိမ်နီးချင်း တရုတ် နိုင်ငံနှင့် ဒေသတွင်း နိုင်ငံများ၏ တောင် တရုတ် ပင်လယ် အရေး အားပြိုင်မှု၊ အမေရိကန်နိုင်ငံ ၏ အာရှပေါ်လစီ တို့ ကို ရင်ဆိုင်ရမည့် အာဆီယံ ဥက္ကဋ္ဌ တာ ဝန်ထမ်းဆောင်မည့် နိုင်ငံ အတွက်က တော့ နိုင်ငံတကာ လေးစားသည့် အစိုး ရ တစ်ရပ် ဖြစ်မှသာ ဒေသတွင်း စိန်ခေါ် မှု  ကိုင်တွယ်နိုင်မည်ဖြစ်သည်။
အခြေအနေ အရပ်ရပ် ၏ စိန်ခေါ် မှုများကို ရင်ဆိုင် ဖြေရှင်းရန်မှာ ညွန့် ပေါင်း အစိုးရ တစ်ရပ်ဖြစ်မှသာ မလို လားအပ်သော နိုင်ငံရေး အကျပ်အတည်း ကိုရှောင် လွှဲနိုင်တော့ မည်လား။
ယခု ကျင့်သုံးနေသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတ အမည်စာရင်းကို အမျိုးသား လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တွင် ၂ နေရာ ရွေးချယ်ရ မည်ဖြစ်သော် လည်း ယနေ့ အထိ သမ္မတ ဖြစ်လိုကြောင်း တရားဝင် နုတ်ဟ ဖွင့်ဆို ကြေညာထား သူမှာ လက်ရှိ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တို့သာ ရှိနေ သေးသည်။
နောက်ထပ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီနှင့် လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ တို့သည်လည်း သူရဦးရွှေ မန်းနှင့် ဒေါ်အောင်ဆန်းစုကြည် အပြင် သမ္မတ နေရာ အတွက် ကြိုတင် ကြေညာထား ခြင်း မရှိသည်က ထိပ်တိုက် တွေ့ဆုံရန် ဆန္ဒ မရှိဆိုသည့် သဘောဖြစ်နေ မည်လော။ အခြားနိုင်ငံရေး ပါတီ များတွင် သမ္မတ နေရာ အတွက် အသံမထွက်သေးသည် မှာ မေးစရာ ပုစ္ဆာတစ်ခုဖြစ်နေပြီလော။
အထူးသဖြင့် အမျိုးသား လွှတ် တော်တွင် ရွေးကောက်ခံ ရသည့် သမ္မတ နေရာ အတွက် တိုင်းရင်းသား ကိုယ်စား လှယ် လောင်းများ ထဲတွင် သမ္မတ ဖြစ် ချင်ကြောင်း မည်သူ ကမျှ ထုတ်ဖော်ပြောဆိုမှု မရှိသေးခြင်းသည်ပင် ၂ဝ၁၅ ခုနှစ် နီးလာသည်နှင့် အမျှ အရေးပါလာသော ဝှက်ဖဲ တစ်ချပ် အဖြစ် တိတ်ဆိတ်စွာ ရှိနေသည်ဖြစ် ပါ သည်။
စိုင်းနောင်
(လွှတ်တော်သတင်းထောက်တစ်ဦးအမြင်)
Wednesday, December 25, 2013

“ငြိမ်းချမ်းရေး” ကားပါမစ်များ အပြင်းအထန် ဝေဖန်ခံနေရ

Print This Post
တိုင်းရင်းသား, ပဋိပက္ခ, ပါမစ်, ငြိမ်းချမ်းရေး, လက်နက်ကိုင်အဖွဲ့, အပစ်အခတ်ရပ်စဲရေး
၂၀၁၂ ခုနှစ် ဇန်နဝါရီလ ကရင်ပြည်နယ် ဖားအံမြို့တွင် ကျင်းပသော နှင့် အစိုးရ ကိုယ်စားလှယ်များအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ (ဓာတ်ပုံ – ဧရာဝတီ)
မြန်မာနိုင်ငံတွင် ရာစုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သော တိုင်းရင်းသား ပဋိပက္ခများ အဆုံးသတ်နိုင်ရေး အားထုတ်ရာတွင် မော်တော်ယာဉ် တင်သွင်းခွင့် ပါမစ်များက လူအများ ပြောစရာ ဖြစ်လာခဲ့သည်။ လက်ခံရရှိသူများက အစိုးရက လိုင်စင်ထုတ်ပေးမည်ဟု အာမခံခြင်းသာ ဖြစ်ကြောင်း ကာကွယ်ကြသည်။ ဝေဖန်သူများကတော့ “ငြိမ်းချမ်းရေးလက်ဆောင်” ပါမစ်များ ဆိုသည်မှာ လာဘ်ပေးခြင်းထက် အနည်း ငယ်မျှသာ ပိုသည့်အရာဖြစ်သည်ဟု ယူဆကြသည်။
အစိုးရဘက်မှ အဓိက ငြိမ်းချမ်းရေးအတွက် စေ့စပ်သူ ၀န်ကြီး ဦးအောင်မင်း လက်မှတ်ရေးထိုးထားသည့် မော်တော်ယာဉ် တင်သွင်းခွင့် ပါမစ် စာရွက်များကို စာအိတ်များ အတွင်း ထည့်၍ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် တိုင်းရင်းသားအဖွဲ့ အသီးသီးသို့ လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။ ၀န်ကြီး ဦးအောင်မင်း ကိုယ်တိုင် ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု တိုင်းရင်းသားခေါင်းဆောင်များက ပြောကြသည်။
အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိနိုင်ရန် ကြိုးစားနေသည့် အချိန်တွင် ငွေအမြောက်အများ ရှာဖွေနိုင်သည့် ရာနှင့်ချီသော မော်တော်ယာဉ်တင်သွင်းခွင့် ပါမစ်များကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကြီးငယ် အစုံ လက်ခံရရှိခဲ့သည်။ ဇိမ်ခံကား ပါမစ်များကို အမေရိကန် ဒေါ်လာ ၁၀၀၀၀၀ ခန့်ဖြင့် ပြန်လည်ရောင်းချနိုင်သည်။
အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ၀ပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA)၊ ကရင် အမျိုးသားအစည်းအရုံး (KNU) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့သည် ကားပါမစ် ၁၂၀ စီ သို့မဟုတ် ထိုထက်ပို၍ ရရှိ ကြသည်ဟု အဆိုကိစ္စနှင့် နီးစပ်သူများ၏ အဆိုအရ သိရသည်။
ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) ကို အနည်းဆုံး ကားပါမစ် ၁၀၀ခု ချထားပေးခဲ့သည် ဟုသိရသည်။ တိုင်းရင်းသား အဖွဲ့ငယ်များဖြစ်သည့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်( DKBA) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့က ကားပါမစ် ၆၀ စီ ရရှိခဲ့သည်။
ကရင် အမျိုးသား အစည်းအရုံး (KNU) ၏ အထွေထွေအတွင်းရေးမှူး စောကွယ်ထူးဝင်း က ၎င်းတို့အဖွဲ့အတွက် ကားစီး ရေ ၁၂၀ တင်သွင်းခွင့်လိုင်စင် ရရှိခဲ့ကြောင်း အတည်ပြုပြောကြားလိုက်ပြီး ကားပါမစ်များကို အဖွဲ့၏ လိုအပ်ချက်များအတွက် သုံးစွဲသွားမည်ဖြစ်ကြောင်းနှင့် ခေါင်းဆောင်များ၏ ကိုယ်ရေးကိုယ်တာ အတွက်အသုံးပြုမည် မဟုတ်ကြောင်း ပြောသည်။ အစိုးရ၏ လက်ဆောင်ကို အဖွဲ့ အစည်း၏ ရင်းနှီးမြှုပ်နှံမှုအတွက် ငွေကြေးအဖြစ်အသွင်ပြောင်းသည့် အနေဖြင့် ပါမစ်များကို ရောင်းချခဲ့ခြင်းဖြစ်သည်ဟု သူက ဆိုသည်။
KNU သည် မကြာသေးခင်က တည်ထောင်ခဲ့သော ခရီးသွားနှင့် ပို့ဆောင်ရေးဆိုင်ရာ စီးပွားရေး လုပ်ငန်းတခုဖြစ်သည့် Moe Ko San Travel and Tour Co.Ltd မှလည်း ၀င်ငွေရရှိနေသလို ထုတ်ကုန်သွင်းကုန် လုပ်ငန်းများလည်း လုပ်ကိုင်နေ သည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအတွင်းမှ သတင်းရင်းမြစ်များနှင့် ဧရာဝတီမှ တွေ့ဆုံမေးမြန်းခဲ့သော မော်တော်ကား ရောင်းချသည့် ကိုယ်စားလှယ်များ၏ အဆိုအရ တိုင်းရင်းသားခေါင်းဆောင်များသည် ထိုင်း-မြန်မာနယ်စပ်ဒေသမှ စီးပွားရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ငွေကြေးရရှိနိုင်ရန် ၎င်းတို့ရရှိသော ပါမစ်အားလုံးနီးပါးကို ရောင်းချခဲ့ပြီး ဖြစ်သည်ဟု သိရသည်။ သို့သော်လည်း ရှမ်း ကဲ့သို့သော အခြားတိုင်းရင်းသား ခေါင်းဆောင်များက ၎င်းတို့ တင်သွင်း ထားပြီး ဖြစ်သည့် လိုင်စင်မဲ့ကားများကို မှတ်ပုံတင်နိုင်ရန် အတွက် ပါမစ်များကို အသုံးချခဲ့ကြသည် ဟု ဆိုသည်။
“ကားအရောင်းကိုယ်စားလှယ်တွေကတော့ ဇိမ်ခံကားပါမစ်တွေ ၀ယ်ခွင့်ရလို့ ပျော်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီကားတွေက အခွန်မပေးရတော့ သူတို့ အတွက် အများကြီး မြတ်တယ်လေ။ တိုင်းရင်းသား အဖွဲ့တွေ အားလုံးနီးပါးက ကား ပါမစ်တွေကို ရောင်းကြတယ်။ သူတို့က စီးပွားရေးလုပ်ဖို့ ပိုက်ဆံလိုချင်ကြတယ်” ဟု ရှမ်းပြည်နယ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုမှ သတင်းရင်းမြစ်က ဆိုသည်။
“ကားပါမစ်တွေထဲမှာ Mercedes၊ BMW နဲ့ ကျည်ဆံလုံ Hummer ကားတွေလို ဇိမ်ခံကားတွေပါတယ်။ ဒီဇိမ်ခံကား ပါမစ် တွေကြောင့် စီးပွားရေးသမားတွေ အကြီးအကျယ် အမြတ်ထွက်ကြတယ်” ဟု သူက ထပ်ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် အခွန်ကင်းလွတ်ခွင့်နှင့် အခွန်နှုန်းထားကို ၆၀ရာခိုင်နှုန်းသို့လျှော့ချပေးခြင်းများ ရရှိခဲ့သည်။ တိုင်းရင်းသားခေါင်းဆောင်များအတွက် တင်သွင်းသည့် ကားများကို အခွန်ကင်းလွတ်သည့်ပြုခဲ့ပြီး ခေါင်း ဆောင်ငယ်များအတွက် တင်သွင်းသည့် ကားများကို အခွန် ၆၀ရာခိုင်နှုန်းသာ ပေးဆောင်ခွင့်ပေးခဲ့သည်။ တင်သွင်းသော ကားများကို အဓိကအားဖြင့် ထိုင်း မြန်မာနယ်စပ်မှ တဆင့် တင်သွင်းခဲ့ခြင်းဖြစ်သည်။
ဧရာဝတီမှ တွေ့ဆုံခဲ့သော တိုင်းရင်းသားခေါင်းဆောင်များ နှင့် ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းရန်အတွက် အစိုးရက ဖွဲ့စည်းပေးထားသော မြန်မာငြိမ်းချမ်းရေး စန်တာ (MPC )တို့ နှစ်ဖက်လုံးက ကားပါမစ်များကို တိုင်းရင်းသားအဖွဲ့များ၏ လိုအပ်ချက်များအတွက် ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် သူ၏ကိုယ်ပိုင်ငွေထဲမှပင် ကျခံသုံးစွဲနေရသည်ဟု ၀န်ကြီးဦးအောင်မင်းက MPC ရုံးခန်းတွင် စာနယ်ဇင်းများသို့ စက်တင်ဘာလအတွင်းက ပြောကြားခဲ့သည်။
“ကျနော် ငြိမ်းချမ်းရေးကို အရမ်းလိုချင်ပါတယ်။ ဒါကြောင့် ကျနော့် အိမ်တွေ၊ ကားတွေကို ရောင်းခဲ့ပြီးပြီ။ တကယ်လို့ ဘယ် အိမ်တွေ ကျနော်ရောင်းခဲ့သလဲဆိုတာသိချင်ရင် သွားကြည့်နိုင်ပါတယ်။ ကျနော်လိပ်စာတွေ ပေးလိုက်ပါမယ်” ဟု သူက ပြောကြောင်း သတင်းများတွင်ဖော်ပြခဲ့ကြသည်။
သို့သော်လည်း တိုင်းရင်းသားခေါင်းဆောင်များက ကားပါမစ်ကို လက်ခံရန်ဆုံးဖြတ်လိုက်ခြင်း အတွက် အပြစ်တင်ဝေဖန် လိုက်ကြသည်။ လိုင်စင်များကြောင့် တိုင်းရင်းသား အဖွဲ့များကြားတွင် ကွဲပြားမှုများပေါ်ပေါက်လာနိုင်သည် ဟုလည်း သူတို့ ကပြောသည်။
တိုင်းရင်းသားအဖွဲ့များက မိမိတို့ အဖွဲ့များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် လက်ဆောင်ပါမစ်များကို ယူခဲ့ရခြင်းဖြစ်သည် ဟု ဆိုသည်။
သြဂုတ်လအတွင်းက မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သော မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) က အနာဂတ်တွင် လုပ်ဆောင်ရန် ရှိသည်များအတွက် ကားတင်သွင်းခွင့် ပါမစ်များကို အသုံးပြုသွားမည် ဖြစ်သည်ဟုဆိုသည်။
“ကျနော်တို့ရဲ့ အနာဂတ်နိုင်ငံရေး အစီအစဉ်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ရံပုံငွေလိုပါတယ်။ ဒါကြောင့် အစိုးရရဲ့ ကမ်းလှမ်းမှုကို ကျနော်တို့ လက်ခံခဲ့တာပါ” ဟု ABSDF အဖွဲ့၏ ဒုတိယဥက္ကဌ ဦးမျိုးဝင်း က ဧရာဝတီသို့ပြော သည်။
“အဖွဲ့ဝင်တွေ ဒါမှမဟုတ် အဖွဲ့အစည်း တခုလုံးရဲ့ သက်သာချောင်ချိမှုအတွက် ကျနော်တို့ ယူခဲ့တာ မဟုတ်ပါဘူး။ လက်ရှိ ပြုပြင်ပြောင်းလဲရေးကို အထောက်အကူပြုမယ့် နိုင်ငံရေး အစီအစဉ်တွေကို ဒီရံပုံငွေတွေနဲ့ အကောင်အထည် ဖော်သွားမှာပါ” ဟု သူကထပ်ပြောသည်။
သို့သော်လည်း လေ့လာစောင့်ကြည့်သူအချို့က ငြိမ်းချမ်းရေးအတွက် ကားပေးသည့် အစီအစဉ်သည် အစိုးရ၏ “အကျိုးလို၍ ညောင်ရေလောင်း” သည့် နည်းဗျူဟာသာဖြစ်သည်ဟု ပြောကြသည်။
“ဒါ လာဘ်ထိုးတာ သက်သက်ပါပဲ။ တခြားမဖြစ်နိုင်ပါဘူး” ဟု မြန်မာ နိုင်ငံနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အကြောင်း စာအုပ်အများအပြား ရေးသားထုတ်ဝေခဲ့သော မြန်မာ့အရေးကျွမ်းကျင်သှူဆွီဒင်နိုင်ငံသား ၀ါရင့် စာနယ်ဇင်းသမားတဦး ဖြစ်သည့် Bertil Lintner ကပြောသည်။
“နောက်ပြီး ဒါက မြန်မာနိုင်ငံရဲ့ လူမျိုးစုပြဿနာတွေအတွက်လည်း ဘာမှလုပ်မပေးနိုင်ပါဘူး။ ဒီလို လာဘ်ပေးလာဘ်ယူ ကိစ္စမျိုး တိုင်းရင်းသားအုပ်စုတွေရဲ့ ပြိုင်ဖက်ခေါင်းဆောင်တွေကြားမှာ၊ ခေါင်းဆောင်တွေနဲ့ စိတ်ပျက်ဝမ်းနည်းသွားတဲ့ နောက်လိုက်တွေကြားမှာ အကွဲအပြဲတွေ ပေါ်ပေါက်လာပြီးတော့ အခြေအနေပိုဆိုးလာစေပါလိမ့်မယ်” ဟု သူက ထပ်ပြော သည်။
KNU ခေါင်းဆောင် တဦးကို ဧရာဝတီမှ မေးမြန်းကြည့်သည့်အခါ အဆိုပါကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန်ငြင်းဆိုခဲ့ သည်။ ကားပါမစ်များ အတွက် အဖွဲ့၏ ထိပ်တန်းခေါင်းဆောင်ပိုင်းမှာ ကွဲပြားမှုများဖြစ်ခဲ့ရကြောင်း ပြောသည်။
“ကားအကြောင်း ကျနော်မပြောချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခုတလောမှာ ဒီကားပါမစ်တွေကြောင့် ကျနော်တို့ စကားတွေ များနေခဲ့ရတယ်” ဟု အဆိုပါ KNU ခေါင်းဆောင်ကပြောသည်။
KNU အဖွဲ့နှင့် နီးစပ်သော ကရင်သတင်းရင်းမြစ်များ၏ အဆိုအရ KNU အဖွဲ့က ကားပါမစ်အားလုံးကို ရောင်းချပြီး ရရှိသည့် ငွေများကို Moe Ko San ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံခဲ့သည်ဟု သိရသည်။
ABSDF အဖွဲ့နှင့် နီးစပ်သော သတင်းရင်းမြစ်များကလည်း ကားပါမစ်နှင့် ပတ်သက်၍ ABSDF ခေါင်းဆောင်များကြားတွင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ရသည်ဟု ဆိုသည်။ အဖွဲ့၏ ခေါင်းဆောင်များက အစိုးရ၏ လက်ဆောင်ကို လက်ခံ လိုက်ခြင်းအတွက် ABSDF ၏ အမာခံထောက်ခံသူများ စိတ်မသက်မသာဖြစ်ရသည့်အကြောင်း နိုင်ငံရပ်ခြားမှ ABSDF ကို ထောက်ခံသူ အချို့ကပြောကြသည်။
ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခုအတွင်းမှ အဆက်အသွယ်ကောင်းသည့် သတင်းရင်းမြစ်တခု၏ အဆိုအရ ရှမ်းပြည်နယ်တွင်းမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့သည် ကားပါမစ်အစစ်များ ရရှိပြီး အချို့ အဖွဲ့ များရရှိသည့် လိုင်စင်များက အတုဖြစ်နေသည့်အတွက် လက်နက်ကိုင် အဖွဲ့ငယ်များအတွင်းတွင် ဇဝေဇ၀ါဖြင့် နားလည်ရခက်နေကြကြောင်း ပြောသည်။
“ကားအရောင်း ကိုယ်စားလှယ်တွေက ကျနော်တို့ဆီပြန်လာပြီး ကျနော်တို့လိုင်စင်က အတုဖြစ်နေတယ်လို့ ပြောလာ တာတွေ ရှိနေတယ်။ ဒီ စာရွက်စာတမ်းအတုတွေ ဘယ်က လာတယ်ဆိုတာ ကျနော်တို့လဲ မသိဘူး။ ပထမတော့ ကား အရောင်းကိုယ်စားလှယ်တွေက ကျနော်တို့ကို ပါမစ်အတုရောင်းတဲ့ အတွက် တရားစွဲချင်ကြတယ်။ ဒါပေမယ့် ဒီကိစ္စကို လူသိရှင်ကြားဖြစ်အောင် မလုပ်ဘဲထားတာက ပိုကောင်းတယ်လို့ သူတို့ သိသွားကြပြီးတဲ့ နောက်မှာတော့ အရှုံးကို ကာမိအောင်လို့ ကျနော်တို့သူတို့ဆီက ၀ယ်ထားတဲ့ ကားတွေထဲက တချို့ကို ပြန်ပေးဖို့ တောင်းဆိုကြတယ်” ဟု အဆိုပါ သတင်းရင်းမြစ်ကပြောသည်။
ပါမစ်အတုများကို ကောင်းစွာမြင်တွေ့ဖူးသည့် သတင်းရင်းမြစ်များက စာရွက်စာတမ်းများသည် မိတ္တူကူးထားသည့် အသွင်ရှိပြီး လက်မှတ်အတုများထိုးထားသည်ဟု ဆိုသည်။
မြန်မာ ငြိမ်းချမ်းရေးစင်တာ (MPC) မှ ဦးလှမောင်ရွှေက ကားပါမစ်ပေးခြင်းသည် လာဘ်ထိုးခြင်း သဘောမျိုး မဟုတ်ကြောင်း ငြင်းဆိုလိုက်သည်။ အစပထမတွင် အမည်မဖော်ပြလိုသော ကရင်တိုင်းရင်းသားအဖွဲ့အချို့က ၎င်းတို့ ၏ လိုင်စင်မဲ့ကား များကို တရားဝင်သုံးစွဲခွင့်ရလိုကြောင်း အစိုးရကို ပြောကြားခဲ့သည့်အတွက် စီစဉ်ပေးခဲ့ ခြင်း ဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံအတွင်းမှ မော်တော်ယာဉ် အမြောက်အများ၊ အထူးသဖြင့် နယ်စပ်ဒေသများမှ မော်တော်ယာဉ်များ သည် လိုင် စင်မဲ့များဖြစ်ကြပြီး တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ တရားမ၀င်တင်သွင်းခဲ့ကြခြင်းဖြစ်သည်။
အစိုးရက ကရင်အဖွဲ့၏ တောင်းဆိုချက်ကိုလိုက်လျောရန် ကတိပြုခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကိုပါတိုးချဲ့ ကမ်းလှမ်းခဲ့ရာတွင် မညီမျှမှုများ ဖြစ်ပေါ်ခဲ့ရသည်ဟု ဦးလှမောင်ရွှေက ဆိုသည်။ လက်နက်ကိုင်အဖွဲ့ငယ်များသည် ပါမစ်အနည်းငယ်သာရရှိပြီး အင်အားကြီးသည့် အဖွဲ့များက အချိုးအဆ ပို၍ ကြီးမားစွာ ရရှိသွားသည်ဟုလည်း သူကထပ်ပြောသည်။
“ကျနော်နားလည်တာကတော့ ကားအရေအတွက်က အရမ်းနည်းတယ်။ ဥပမာ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ဆိုရင် သူတို့ ခေါင်းဆောင်တွေအတွက် အကောက်ခွန်လွတ်ကား ၅ စီးပဲရတယ်။ တချို့ အဖွဲ့ကြီးတွေကျတော့ ကားအစီးရေ ၂၀ ကနေ ၂၅ စီး အထိရကြတယ်။ ကျနော်သိသလောက်ဆိုရင် အကောက်ခွန်လွတ်ကား ၂၇၀ ထက်မကျော်ပါဘူး” ဟု ဦး လှမောင်ရွှေက ဆိုသည်။
သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်များက ကားစီးရေ ၃၀၀၀ ခန့်  တင်သွင်းရန် စီစဉ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၏ အစောပိုင်း အစီရင်ခံစာများအရ သိရသည်။ ကားအစီးပေါင်း ၃၀၀၀ ၏ ဈေးကွက်တန်ဖိုး စုစုပေါင်းသည် အမေရိကန်ဒေါ်လာ သန်း ၁၀၀ မှ ၃၀၀ အတွင်းရှိမည်ဟု ယူဆရသည်။ အဆိုပါ ၃၀၀၀ အနက်မှ ၁၀၀၀ ခန့်ကို တင်သွင်းခဲ့ပြီး ဖြစ်ပြီး ကျန်ပါမစ် ၂၀၀၀ ၏ အနေအထားက မသေမချာဖြစ်နေသည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးဖော်ဆောင်မှုများ စတင်ခဲ့သည့် ၂၀၁၁ခုနှစ် နှောင်းပိုင်းမှ စ၍ အစိုးရက ကျောထောက် နောက်ခံပေးထားသည့် မြန်မာငြိမ်းချမ်းရေး စင်တာ (MPC) သို့ ရံပုံငွေများ ၀င်ရောက်လာခဲ့သည်။ MPC သည် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အတွက် ဗဟိုအစိုးရကို နှစ်ပေါင်း ၆၀ ကျော် ဆန့်ကျင်တိုက်ခိုက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပြန်လည်သင့်မြတ်ရေး အားထုတ်မှုများကို ငွေကြေးထောက်ပံ့လိုသည့် နိုင်ငံတကာ အလှူရှင်များ အတွက် ဆက်သွယ်ရန် နေရာတခု အဖြစ်ရပ်တည်နေသည့် အသွင်ရှိနေသည်။
နော်ဝေနှင့် ဥရောပသမဂ္ဂအပါ အ၀င် နိုင်ငံတကာ အလှူရှင်များက Peace Donor Support Group မှ တဆင့် ထိရောက် သည့် ငွေကြေးပံ့ပိုးမှုများ ပြုလုပ်ပေးခဲ့သည်။
နိုဝင်ဘာလအစောပိုင်းက ရန်ကုန်မြို့ ရှိ MPC ရုံးတွင် ကျင်းပခဲ့သော အခန်းအနားတခုတွင် ဥရောပကော်မရှင် ဥက္ကဌ Jose Manuel Barroso က ယခုနှစ်ကုန်အထိ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ သန်း ၄၀ အထိ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေး အစီအစဉ်များအတွက် ငွေကြေးထောက်ပံ့မှု မြောက်များစွာရှိနေသော်လည်း အဆိုပါငွေများကို မည်သို့သုံးစွဲ နေသည့်ဆိုခြင်းနှင့် ပတ်သက်သည့် အချက်အလက်များက သိရှိရန် ခက်ခဲနေဆဲဖြစ်သည်။ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးညှိုနှိုင်းမှုများ ပြုလုပ်နေသည့်ကြားတွင် ကားပါမစ် အပေးအယူကိစ္စများ ထုတ်ဖော်ပြောကြားလာနေခြင်းက ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းစဉ်များ၏ ပွင့်လင်းမြင်သာမှုနှင့် ပတ်သက်၍ မေးခွန်းများဖြစ်လာစေခဲ့သည်။
“မြန်မာနိုင်ငံမှာ စီးပွားရေးကို ပွင့်လင်းမြင်သာမှုရှိစွာဘယ်လို လုပ်ဆောင်ရမယ်ဆိုတာနဲ့ ဒါဟာ တိုင်းပြည်တံခါး ဖွင့်လိုက်တဲ့ အချိန်မှာ လက်ဝါးကြီးအုပ်ရတာကို သာယာနေတဲ့ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ လေ့လာရမယ့် ဖြစ်စဉ်တခုဆိုတာကို သလောပေါက်နားလည်ခြင်း မရှိကြဘူး။ နားလည်ခဲ့တဲ့ အစဉ်အလာလဲ မရှိခဲ့ဘူးလို့ ကျနော်ထင်တယ်” ဟု နိုင်ငံတကာ အကြံပေးကုမ္ပဏီတခုတွင် တာဝန်ထမ်းဆောင်နေသော မြန်မာ့အရေး စောင့်ကြည့်လေ့လာသူတဦးက ပြောသည်။
ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ၏ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ကားပါမစ်များ လက်ခံရယူခြင်းကို ကန့်ကွက်မည် မဟုတ်ကြောင်းပြောသည်။ သို့သော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုများတွင် မိမိ၏ ရပ်တည်ချက်အပေါ်၌ အစိုးရ၏ လက်ဆောင်များက သက်ရောက်မှု မရှိစေရန် သတိပေးလိုက်သည်။
“ငွေကြေး အခက်အခဲ ကိုယ်စီ ရှိနေကြတာကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ကားပါမစ်ကို လက်ခံ သင့်ပါတယ်။ ကျနော်တို့ အလုပ်မှာ ရံပုံငွေက အရေးကြီးပါတယ်။ ကျနော်တို့ကို ကမ်းလှမ်းလာတဲ့ အခွင့်အရေးကို ရယူ သင့်ပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ ယုံကြည်မှုတွေ၊ တာဝန်တွေကိုတော့ အ၀ယ်မခံသင့်ပါဘူး။ ကျနော်တို့အားလုံးဟာ နုံအ မိုက်မဲသူတွေ မဖြစ်သင့်ပါဘူး” ဟု နိုင်ဟံသာကဆိုသည်။ သူ၏ မိခင်အဖွဲ့အစည်းဖြစ်သော မွန်ပြည်သစ်ပါတီ (NMSP) သည်လည်း ကားပါမစ်များကို လက်ခံခဲ့သည်ဟု သူကထပ်ပြောသည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ထိပ်တန်းခေါင်းဆောင် တယောက် ဖြစ်သော ဖဒို မန်းငြိမ်းမောင် ကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ကားတင်သွင်းခွင့် ပါမစ်များလက်ခံရန် ဆုံးဖြတ်ခဲ့ခြင်းအပေါ် ကာကွယ်ပြော ကြားခဲ့သည်။
“ငြိမ်းချမ်းရေးကို ကားပါမစ်နဲ့ လဲလှယ်တယ်လို့ ကျနော်တို့ကို ဝေဖန်နေကြတယ်။ ဒါပေမယ့် ဒီမှတ်ချက်တွေက ကျနော် တို့ ရဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တွေနဲ့ ပတ်သက်ပြီး နားလည်မှုလွဲမှားစရာတွေ ဖန်တီးဖို့ ပြောနေ  ကြတာ ဖြစ်ပါတယ်။ KNU က ပါမစ်တွေကို လက်ခံခဲ့တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အဖွဲ့အစည်းရပ်တည်နေနိုင်ဖို့ အတွက် ကျနော်တို့မှာ အခက်အခဲတွေရှိနေလို့ပါ” ဟု သူကဆိုသည်။
(ဇာနည်မာန် ပါဝင် ရေးသား သတင်းပို့သည်)
Friday, November 29, 2013

အန်တီ ဒေါ်အောင်ဆန်းစုကြည် .. သို့ …



အန်တီရေ ၊ မကြာခင်မှာ သြစတြေးလျကိုရောက်လာခဲ့မယ့်အပြင် ကျနော်နေထိုင်တဲ့ မဲလ်ဘုန်းမြို့အထိ
တောင် ရောက်လာမယ်ဆိုလို့ ဝမ်းသာရသလို ၊ ပြောချင်တာလေးတွေလည်း အနည်းအကျဉ်းရှိတာကြောင့်
လူမသိသူမသိ အညတရကျနော်ကနေ စာလေးတစ်စောင် ရေးလိုက်ပါတယ် ။ ဖတ်မိသော်ရှိ မဖတ်မိသော်
ရှိ ၊ တစ်နေ့နေ့ တစ်ယောက်ယောက်ကတော့ အန်တီ့နားပေါက်အောင် ပြောပြမယ်လို့ ယုံကြည်မိတယ်လေ။
အဦးဆုံးအနေနဲ့ အန်တီ့ကို ပုဂ္ဂိုလ်ရေးအရ လေးစားပါတယ်ဆိုတာတော့ စကားဦးလေး သန်းထားချင်ပါ
တယ် ။ အန်တီဖြတ်သန်းလာခဲ့ရတာတွေဟာ ကိုယ်ပိုင်ရွေးချယ်မှုတွေ ဖြစ်ခဲ့ပေမယ့် ၊ မြန်မာပြည်သူပြည်
သား အများစုအတွက်တော့ မီးရှူးတန်ဆောင်ကြီးလို တစ်ခုတည်းသောမျှော်လင့်ချက်အနေနဲ့ လမ်းပြနိုင်ခဲ့
တာဟာ ငြင်းလို့မရတဲ့ သမိုင်းမှတ်တမ်းပါ ။ အန်တီ့ဖေဖေဟာလည်း မြန်မာပြည် လွတ်လပ်ရေးရဖို့ရာ ဦး
ဆောင်ခဲ့သူတစ်ဦးအနေနဲ့ အမှန်တကယ် လေးစားအားကျစရာ ပုဂ္ဂိုလ်ဆိုတာ ယုံမှားသံသယ ရှိစရာမလို
လောက်အောင်ပါပဲ ။

သို့သော် သို့သော်ပေါ့ အန်တီရယ် ၊ ဆက်ပြောမှာတွေကတော့ ကျနော့်တစ်ယောက်ထဲရဲ့ ၊ အတိုင်းတာတစ်
ခုသော သိမှီတာလေးတွေနဲ့ ကိုယ်ပိုင်အမြင်တွေဖြစ်ပြီး တိကျမှုနဲ့ အများကြိုက်မှု မကြိုက်မှုဖက်မှာတော့
အားနည်းချက်တွေ ရှိကောင်းရှိပါလိမ့်မယ် ။ လွန်တာရှိရင်လည်း ဝန္တာမိပါလို့ စကားပလ္လင်ခံချင်ပါတယ် ။
ကျနော့်အနေနဲ့ ပထမဆုံး ဆက်စပ်ပြောချင်တဲ့အပိုင်းကတော့ အန်တီ့ဖေဖေ ဦးဆောင်ထူထောင်ခဲ့တဲ့ “မြန်
မာ့တပ်မတော်”အမည်ခံ “စစ်တပ်”နဲ့ပတ်သက်လို့ပါ ။ (ချစ်လို့မုန်းလို့မဟုတ်ပဲ ၊ ဘယ်လိုကွဲပြားတဲ့ နာမည်
မျိုးတွေပေးပေး စစ်တပ်ဟာ စစ်တပ်သာဖြစ်လို့ ၊ ‘စစ်တပ်’ရယ်လို့ တမင်သုံးနှုန်းလိုက်တာပါ) ။
စစ်တပ်ရဲ့ သဘာဝကတော့ စစ်တိုက်မှာပါပဲ ၊ ဒါကို ငြင်းစရာရယ်လို့တော့ မမြင်မိပါဘူး ။
ဒီကမှတစ်ဆင့် နိုင်ငံကာကွယ်ဖို့ ၊ ပြည်သူတွေအတွက် ငြိမ်းချမ်းပြီး လုံခြုံစိတ်ချရတဲ့ဘဝတွေ ရရှိကြစေဖို့အ
တွက် လိုအပ်ချက်အရ ဖြစ်တည်ရှိနေရတာဟာလည်း မြို့ပြလူ့ဘောင် စတင်ခဲ့စဉ်ကတည်းကပဲမို့ လက်ခံရ
မှာပါပဲ ။
သို့သော် နိုင်ငံကို ပြင်ပရန်တွေကနေ ကာကွယ်ပေးနေတာ မဟုတ်တော့ပဲ ၊ ရာစုနှစ်တစ်ဝက်ကျော်ကြာ
အရပ်ဖက်အာဏာကိုပါ လက်ဝါးကြီးအုပ်ခဲ့ပြီး ၊ တိုင်းပြည်ချွတ်ခြုံကျအောင် အသေချာ လုပ်ဆောင်ခဲ့ရုံသာ
မကပဲ လူနည်းစုအုပ်စုတွေရဲ့ အသိ ၊ စီးပွား ၊ ယဉ်ကျေးမှု ၊ ဓလေ့နဲ့ ကိုးကွယ်ရာတွေကိုပါ တိမ်ကောကွယ်
ပျောက်အောင် ဦးဆောင်လုပ်ခဲ့တာတွေကို အပြစ်ရယ်လို့သာ သတ်မှတ်မယ်ဆိုရင် ၊ ဆပ်လို့မကုန်နိုင်တဲ့
အကြွေးများတွေလိုတောင် ဖြစ်နေလောက်မယ် ထင်ပါတယ် ။
တစ်လက်စထဲ ခုနေခါမှာ ဖြစ်နေကြတဲ့ ပြည်တွင်းစစ် အနေထားတွေကိုလည်း အန်တီ့အနေနဲ့ မသိပဲမနေ
ဘူးလို့ ယုံကြည်ပါတယ် ။ “လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တာ”လို့ အဖြေမစောခင် ၊ လက်ခုပ်တစ်ဖက်
က ကျန်တစ်ဖက်ကို တစ်ဖက်သတ်သွားတီးရင်လည်း မြည်တာပါပဲဆိုတာကို လက်တွေ့ကျကျ ပြောပြထား
ချင်ပါတယ် အန်တီ ။ ဆက်ပြီး ပွင့်ပွင့်လင်းလင်း ဘယ်သူ့မျက်နှာမှမထောက်ပဲပြောရရင် ၊ ခုနေခါမှာ တိုင်း
ရင်းသားတပ်ဖွဲ့တွေဟာ အရှူံးဖက်ကပါ ။ မနိုင်နိုင်တဲ့စစ်ပွဲကို တိုက်နေကြတာလို့ မြင်မိပါတယ် ။ ဒီပဋိပက္ခ
တွေရဲ့ ဖြစ်လာရခြင်းအကြောင်းရင်းခံတွေကတော့ ကြည့်တဲ့ဖက်မူတည်ပြီး မှားတယ်မှန်တယ်ပြောတာမျိုး
က တစ်ကဏ္ဍပါ ။ ကျနော့်အနေနဲ့ စောဒက မတက်လိုပါဘူး ။ ဒါပေမယ့် ဒါတွေကို ရပ်တန်းကရပ်ဖို့နဲ့ ရပ်
နိုင်အောင်လည်း အပေးအယူ ညှိနှိုင်းမှုတွေ လုပ်သင့်ပြီဆိုတာကိုတော့ အငြင်းပွားစရာ မဟုတ်ဘူးလို့ ယုံ
ကြည်ပါတယ် ။
ယေဘုယျကြည့်လိုက်မယ်ဆိုရင် ၊ ကျနော်တို့တတွေဟာ ၂၁ ရာစုထဲ ရောက်နေခဲ့ကြပါပြီ ။ ယဉ်ကျေးပြီး
တိုးတက်တဲ့ကာလထဲ ရောက်လာကြပြီလို့ ထင်မြင်ယူဆရတဲ့ခေတ်ကိုလည်း ရောက်နေပါပြီ ။ ကွဲပြားမှု ၊
မညီမျှမှု ၊ နောက်ကျကျန်မှုစသည်ဖြင့် လက်တွေ့ဘဝတွေမှာ တစ်ညီတစ်တန်းထဲ ရောက်မလာကြသေးပေ
မယ့် ၊ “အထင်”ဆိုတဲ့ စိတ်အမြင်တွေကတော့ ရှေ့ကို ရောက်နေခဲ့ကြပါပြီ ။ ဒီဟန်ချက်မညီတဲ့ အနေထား
မှာ မှားယွင်းနေတယ်လို့ ခေါ်ဝေါ်လို့ရနိုင်လောက်တဲ့အဖြစ်တွေဟာ ၊ မြန်မာပြည် အနားကွပ်ဒေသတွေမှာ
စိတ်ခြောက်ခြားစရာကောင်းလောက်အောင် ပေါများကြွယ်ဝနေတယ်ဆိုတာကို ပြောပြချင်ပါတယ် အန်တီ ။
မဝေးလှတဲ့အတိတ်ဖက် ပြန်လှည့်ကြည့်လိုက်ရင် ၊ မြန်မာပြည်ကို အန်တီပြန်ရောက်လာပြီး အာဏာရှင်တွေ
ကိုတွန်းလှန်တဲ့ ဦးဆောင်ပြယုဂ်တစ်ခုအဖြစ် ရပ်တည်ပေးခဲ့တာကို ဝမ်းသာပါတယ် ။ ကံကြမ္မာဖန်တယ်ဆို
ဆို တစ်ခေတ်တစ်ယောက်ထွန်းတတ်တဲ့ လူစားမျိုးထဲ အန်တီပါတယ်လို့လည်း လက်ခံပါတယ် ။ အဲသည်
တုန်းက အန်တီ့ကို ကရင်ဝတ်စုံလေးနဲ့မြင်ရတော့ ကရင်တိုင်းရင်းသားတစ်ယောက် အနေနဲ့ကြည့်ပြီး ကြည်
နူးခဲ့မိပါတယ် ၊ အားလည်းကိုးခဲ့မိပါတယ် ၊ မျှော်လည်းမျှော်လင့်ခဲ့မိပါတယ် ။ ဒါ့ပြင် အန်တီ့ရဲ့ ကချင်ဝတ်စုံ
လေးနဲ့ ရိုက်ထားခဲ့တဲ့ပုံကိုလည်း မှတ်မှတ်ရရပါပဲ ။ ဒါတင်မကပါဘူး ၊ အန်တီ့မေမေဟာ မြစ်ဝကျွန်းပေါ်က
ရင်စကားကို ပြောနိုင်တယ်လို့သိရပြီး ၊ သူနာမကျန်းဖြစ်ချိန်မှာ သွားရောက်လည်ပတ် အားပေးနေခဲ့တဲ့ ဓမ္မ
ဆရာနှစ်ဦးကိုလည်း ပုဂ္ဂိုလ်ချင်း သိခဲ့ဖူးတာကြောင့် ၊ တိုင်းရင်းသားတွေနဲ့ လူနည်းစုတွေအပေါ် အန်တီ့ရဲ့
သဘောထားဟာ စာနာမှုတွေနဲ့ နွေးထွေးနူးညံ့လိမ့်မယ်လို့ မျှော်လင့်တကြီး ဖြစ်ခဲ့ရပါတယ် ။
ဒါပေမယ့်ပေါ့ အန်တီရယ် ၊ အန်တီ့အနေနဲ့ တပ်မတော်သားတွေကို ရှေ့တန်းအထိသွားပြီး အားပေးစကား
ပြောပေးချင်ပါတယ်လို့ စစ်ခေါင်းဆောင်တွေကို ကမ်းလှမ်းခဲ့တယ်လို့ သိရတဲ့အခါမှာတော့ ၊ တိုင်းရင်းသား
တွေအတွက် အိပ်မက်လှလှလေးတစ်ခု အကျည်းတန်စပြုလာသလိုပါပဲ ။ ဖြစ်ပုံက အန်တီအားသွားပေးမယ့်
နေရာနဲ့အချိန်က ကရင်ပြည်နယ် ရှေ့တန်းဒေသမှာ စစ်ဆင်နေချိန် ဖြစ်နေတာကိုး ။ ကျနော်ဟာ KNU လို
အဖွဲ့အစည်းနဲ့ ဘာမှမသက်ဆိုင်ပေမယ့် ၊ ကရင်အမျိုးသားတွေအပေါ် ထားရှိတဲ့အန်တီ့ရဲ့ သဘောထားတွေ
ကို စိတ်ထဲနည်းနည်းထင့်သွားခဲ့မိတယ် ။ အဲဒီတုန်းက အသက် ၁၂ နှစ်အရွယ် အမွှာညီအစ်ကိုနှစ်ယောက်
ဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့ငယ်တစ်ဖွဲ့ ပေါ်ပေါက်လာခဲ့ရလောက်အောင်ကိုပဲ ၊ ကရင်ပြည်သူတွေ ခါး
စည်းခံစားခဲ့ရတဲ့ ဒုက္ခတွေရှိခဲ့တယ်ဆိုတာ အန်တီ့ကို ပြောပြချင်ပါတယ် ။
ဒီလိုနဲ့ပဲ ၂၀၁၀ ရွေးကောက်ပွဲဝင်တဲ့ အခါကျပြန်တော့ ၊ နယ်မြေခံ တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းမှုတွေ မ
တွေ့မိပဲ ၊ NLD ကနေ နေရာတိုင်းဝင်ပြိုင်ခဲ့ပြီး ၊ မတတ်သာလို့သာ ရှူံးသွားတဲ့နေရာတွေ ရှိခဲ့တာကို မြင်ရတဲ့
အခါ ၊ NLD ရဲ့ လက်ဝါးကြီးအုပ်မယ့် အလားအလာတွေကို မြင်နေရသလားလို့လည်း အတွေးတွေဝင်လာမိ
ခဲ့ပါတယ် ။
မကြာခင်ကဖြစ်ခဲ့တဲ့ ကချင်စစ်ပွဲမှာတော့ အန်တီရဲ့ နှုတ်ဆိတ်နေခဲ့မှုက အန်တီ့သဘောထားကို နောက်ဆုံး
ပိတ်အတည်ပြုချက် ပေးလိုက်သလိုပါပဲ ။ အဲဒါကတော့ “အန်တီဟာ ကျနော်တို့တိုင်းရင်းသားတွေအတွက်
မျှော်လင့်ချက်တစ်ခု မဟုတ်ဘူး” ဆိုတာပါပဲ ။ လက်ခံဖို့ရာ ခါးသက်တဲ့ အရာတစ်ခုလို ဖြစ်နေပေမယ့် ၊ သေ
ချာသလောက် ရှိနေပြီမို့ စိတ်တုံးတုံးချရတော့မလို ဖြစ်နေပါတယ် ။
အန်တီ့ကို ကျနော်သိတာလေး တစ်ခုနှစ်ခုလောက် ဝေမျှချင်ပါတယ် ။
ကချင်တွေအနေနဲ့ ဘယ်လိုဒုက္ခသုက္ခတွေ ခါးစည်းခံခဲ့ရသလဲဆိုတာ မှတ်မှတ်ရရလေးတစ်ခုပါ ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ဝန်းကျင်က စစ်တပ်ထဲက တပ်ကြပ်တစ်ယောက်ကနေ သူတို့ဟာ တောထဲ
မှာ ကချင်အမျိုးသမီးတွေကိုတွေ့တိုင်း မုဒိမ်းကျင့်ဖို့ ကြိုးစားခဲ့တယ် ၊ အောင်မြင်မှုတွေလည်း အများကြီးရှိ
ခဲ့တယ်ဆိုတာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောပြခဲ့တာကို သေသေချာချာ ကြားဖူး မှတ်သားခဲ့ရပါတယ် ။ ဒီဖက်
နောက်ထပ်နှစ်ပေါင်း ၃၀ ကျော်မှာ ဘာတွေဘယ်လိုဘယ်လောက်တောင် ထပ်ဖြစ်ခဲ့သလဲဆိုတာကတော့
ဘုရားသိကြားပဲ သိနိုင်ပါလိမ့်မယ် အန်တီ ။ ဘာသာရေး အဆောက်ဦတွေ အပါအဝင် ထောင်နဲ့ချီတဲ့ရွာတွေ
ရွေ့ပြောင်း ၊ ဖျက်ဆီး ၊ မီးရှို့ခံခဲ့ရတာတွေနဲ့ အဓိပ္ပါယ်မဲ့ အလဟဿ ဆုံးရှူံးခဲ့ရတဲ့ အသက်တွေကိုတော့
အန်တီ့အနေနဲ့ မမြင်ရင်တောင်မှ ကြားဖူးနားဝလောက်တော့ ရှိလိမ့်မယ်လို့ ယုံကြည်ယူဆပါတယ် ။ အင်
မတန် အကျည်းတန်တာတွေမို့ အသေးစိတ်တော့ မပြောတော့ပါဘူး အန်တီ ။
ကျနော့်အနေနဲ့ ဇာတ်နာအောင် ပြောနေတယ်လို့ ယူဆချင်ရင် ယူဆနိုင်ပါတယ် ။
ဘယ်လိုပြောပြော အန်တီရော ကျနော်ပါ ပြီးခဲ့တာ ဆုံးရှူံးခဲ့တာတွေကို ဘာမှ မတတ်နိုင်တော့ပါဘူး ။ အစား
ထိုးပေးလို့ မရနိုင်သလို ၊ နှစ်သိမ့်ပေးဖို့ရာလည်း အင်မတန်မှခက်ခဲလိမ့်မယ်ဆိုတာ လက်ခံမယ်လို့ ယူဆပါ
တယ် ။ ဒါတွေကို ကျနော့်အနေနဲ့လူ့အခွင့်ရေးဆိုတာကြီးနဲ့ မကိုင်ပေါက်ချင်သလို ၊ အန်တီ့အနေနဲ့လည်း တ
ရားဥပဒေ စိုးမိုးရေးဆိုတာတစ်ခုထဲအပေါ် ပုံချလို့မရဘူးဆိုတာ လက်ခံနိုင်မယ် ထင်ပါတယ် ။
လိုရင်းအနေနဲ့ ကျနော်တို့တတွေ တကယ်လိုချင် လိုအပ်နေတာဟာ အေးချမ်းလုံခြုံပြီး လူသားတစ်ဦးစီအနေ
နဲ့ ဂုဏ်သိက္ခာရှိရှိရပ်တည်နိုင်မယ့် ၊ အခြားသူတွေနဲ့ တူညီတဲ့ အခွင့်အလမ်းကိုယ်စီရှိမယ့် ၊ နောက်ကျနေတာ
တွေရှိရင်လည်း လက်တွဲခေါ်ပြီး တစ်ပြေးညီ ရင်ပေါင်တန်း လျှောက်လှမ်းကြမယ့် လူ့အသိုင်းဝိုင်းတစ်ခုကို
တည်ဆောက်ရရှိ နေထိုင်နိုင်ကြဖို့ပါပဲ ။ သို့သော် မျှော်လင့်အားထားလို့ရနိုင်မယ့် အန်တီ့လိုပုဂ္ဂိုလ်ဆီက
တောင် မျှော်လင့်ဖို့မလွယ်တဲ့ ကျနော်တို့လို တိုင်းရင်းသားနဲ့ လူနည်းစုတွေအနေနဲ့ကတော့ ရွှေပြည်တော်
မျှော်တိုင်းဝေးပါ အန်တီ ။
ဒီစာဟာ အန်တီမမျှော်လင့်ထားတဲ့ စာမျိုးလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ် ။ တစ်ဖက်မှာလည်း အန်တီ့ကို ချစ်
ခင်လေးစား အားထားနေသူတွေအတွက်လည်း မျက်စေ့ထဲဝင်လာတဲ့ ဆူးတစ်စင်း သဲတစ်မှုန်လို ဖြစ်နေနိုင်
ပါတယ် ။ ဘယ်လိုဖြစ်စေ စာနာနားလည်မှု ပေးနိုင်တဲ့ဘက်တွေမှာ အားနည်းနေသေးတဲ့ လူမှုအသိုင်းဝိုင်း
တွေဆီကနေ ကျနော့်အနေနဲ့ သိပ်များများစားစားတော့ မျှော်လင့်မထားပါဘူး ။
                                                                                                                       
ကျနော်ရဲ့စာဟာ လူအများ အာရုံစိုက်လာတာကိုလိုချင်လို့ ရေးတာမဟုတ်ပါဘူး ။ ရွေးချယ်မှုကြောင့်မဟုတ်
ပဲ မြန်မာပြည်သူပြည်သားတွေ လာဖြစ်နေကြရပြီး ၊ ကိုယ်ချင်းစာနာမှု နည်းပါးစွာ ခံယူရရှိနေရတဲ့ တိုင်းရင်း
သူတိုင်းရင်းသားနဲ့ လူနည်းစုတွေကို ကိုယ်စားပြုတယ်လို့လည်း တစ်ထစ်ချ မပြောချင်ပါဘူး ။ သို့သော် သင့်
တင့်တဲ့အချိန်နဲ့ ရေးသင့်တဲ့ အနေထားတစ်ခုကို ရောက်လာနေခဲ့ပြီလို့ယုံကြည်ပြီး ၊ တိုင်းရင်းသားတစ်
ယောက်အနေနဲ့ ကိုယ့်အမြင်ကို အသိပေးသင့်တယ်ယူဆမိတာကြောင့် ဒီစာရေးလိုက်ရခြင်းသာ ဖြစ်ပါ
တယ် ။

မတရားနယ်ချဲ့ပြီး ဂုတ်သွေးစုပ်ခဲ့တယ်လို့ဆိုသူတွေ အုပ်ချုပ်စဉ်ကတောင် အနေထိုင်လွတ်လပ်ပြီး တိုးတက်
မှုနဲ့ အခွင့်အလမ်းတွေ ပွင့်နေခဲ့ရာက ၊ တစ်မြေထဲနေ တစ်ရေထဲသောက်တဲ့ ညီအစ်ကိုဆိုသူတွေလက်ထဲ
ပြန်ရောက်ကာမှ ဂုတ်သွေးစုပ်ရုံတင်မကပဲ ဂုတ်ပါအချိုးခံနေကြရပြီး အဓိပ္ပါယ်မရှိတဲ့ လွတ်လပ်ရေးဆိုတာ
ကြီးနဲ့ ကြုံတွေ့နေကြရတယ် ဆိုတာကို ၊ အန်တီနဲ့ ပြည်မက အခြားသောနိုင်ငံရေးသမားတွေဆီ သတင်းစ
ကား ပါးလိုက်နိုင်တယ်ဆိုရင်ပဲ ကျနော့်ရဲ့ ဦးတည်ရည်ရွယ်ချက် ပထမတစ်ဆင့် ပြည့်မြောက်ပါပြီ ။
အန်တီ မဲလ်ဘုန်းမြို့ကိုရောက်လာခဲ့ရင် ဝမ်းသာကြမယ့်သူတွေ ၊ ကြိုဆိုကြမယ့်သူတွေက ဒုနဲ့ဒေးပါ ။
ဧည့်ဝတ်ကျေကြမှာလည်း ပူစရာမလိုလောက်ပါဘူး ။ မထူးခြားသော်လည်း သဲတစ်ပွင့်စာအနေနဲ့ ဗမာလူ
မျိုးဖြစ်တဲ့အပြင် စစ်တပ်မိသားစုဝင်ဟောင်းဖြစ်တဲ့ ကျနော့်အမျိုးသမီးလည်း အန်တီလာတဲ့ပွဲကို လာအား
ပေးမှာပါ ။ လူမျိုး ဘာသာ ဘယ်လိုကွဲပြားမှုမျိုးကိုမှ မခွဲခြားပဲ ၊ လက်လှမ်းမီသမျှ တစ်ဖက်တစ်လမ်း ကူညီ
ဖို့ ပိုင်းဖြတ်ထားတဲ့ ၊ (အမျိုးသားရေးဝါဒီမဟုတ်ပဲ လူသားဝါဒီတစ်ဦးသာဖြစ်တဲ့) ကျနော့်အနေနဲ့ကတော့
အန်တီလာတဲ့နေ့မှာ လိုအပ်မှုအရ အိမ်မှုကိစ္စတွေ ထိန်းသိမ်းရင်း အဝေးကနေပဲ နှုတ်ခွန်းဆက်လိုက်ပါရစေ
အန်တီ ။
အော့ဆွန့်လားဆိုင်(ဒ်) ၊ ကျန်းမာပါစေ အန်တီရေ ။
မန်းကိုကို
၀၆ ၊ ၁၁ ၊ ၂၀၁၃
မန်းကိုကိုဘလော့ဘ်မှ  ကူးယူဖော်ပြထားသည်။