Showing posts with label video. Show all posts
Showing posts with label video. Show all posts
Sunday, February 2, 2014

KNLA ဒုတိယ စစ်ဦးစီး ချုပ် ဗိုလ်ချုပ်စောဘောကျော်ဟဲ၏ ၆၅နှစ်ပြည့် ကရင့်တော်လှန်ရေးနေ့ မိန့်ခွန်း

KNLA ဒုတိယ စစ်ဦးစီး ချုပ် ဗိုလ်ချုပ်စောဘောကျော်ဟဲ၏ ၆၅နှစ်ပြည့် ကရင့်တော်လှန်ရေးနေ့ မိန့်ခွန်း

Sunday, December 29, 2013

၁၉ နှစ်မြောက် DKBA နေ့(၂၀၁၀ရဲ့ DKBAဆိုတာ နားလည်ပေးဖို့ လိုပါတယ်ဗျာ ဆိုတဲ့ ဗိုလ်ဆန်းအောင်)


1497789_700108283355092_1257181855_n
"၂၀၁၀ရဲ့ DKBAဆိုတာ နားလည်ပေးဖို့ လိုပါတယ်ဗျာ" ဆိုပြီး မီဒီယာတွေပေါ်မှာ ပြောဆိုသွားသူကတော့ လူတော်တော်များများနဲ့ ရင်းနှီးကျွမ်းဝင်နေကြပြီ ဖြစ်ပြီး အာပေါင်အားရင်း သန်သန်နဲ့  အားပါးတရ စကားပြောတတ်သူ DKBAက ဗိုလ်ဆန်းအောင်ဖြစ်ပြီး ဘာကြောင့် ၂၀၁၀ DKBAလို့ ပြောရသလဲဆိုတာကိုလည်း ယခုလို ရှင်းပြပါသေးတယ်။
"၂၀၁၀မှာ ပြည်တွင်းမှာရှိတဲ့ မတရားဘူးဆိုပြီးတော့ လူတိုင်းက ပြောကြတာပါ။ လက်နက်ကိုင်တဲ့လူရော လက်နက်မကိုင်တဲ့ လူရော ရဟန်းပြည်သူတွေရော မတရားဘူးလို့ ပြောကြတယ်။ အဲဒီမတရားဒါကို ကျနော်တို့ ဆန့်ကျင်တိုက်ခိုက်ခဲ့တာပါ"


ရုပ်သံ-နေ့သစ်
Saturday, December 28, 2013

ကရင်နှစ်သစ်ကူး အစမ်း စစ်ရေးပြ

DVB TV -28.12.2013 - ကရင်ပြည်နယ်၊ မြ၀တီမြို့ နယ်အတွင်းမှာ ကရင်နှစ်သစ်ကူးပွဲ ဖွင့်ပွဲ အတွက် ကရင်လက်နက်ကိုင်အဖွဲ့ တွေ ပူးတွဲပြီး အတွက် အစမ်း စစ်ရေးပြပွဲတခု ဒီဇင်ဘာလ ၂၇ ရက်နေ့ က ပြုလုပ်ခဲ့ပါတယ်။ ဦးနေသွင် တင်ဆက်။ ရိုက်ကူး စောဖိုးစီ
Sunday, October 6, 2013

၇ သိန်းခန့် ရှိနေတဲ့ မြန်မာဒုက္ခသည်တွေ ပြန်လာနိုင်လောက်တဲ့အခြေအနေ ရှိပါရဲ့လား (DVB Debate - Refugees Return)

Monday, September 9, 2013

အဖြေမထွက်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ (ရုပ်/သံ)

ရုပ်သံရဲ့ နောက်ဆုံး အပိုင်းလေးမှာ  မီဒီယာတွေကို ဦးအောင်မင်းက ဝေ့လည်ကြောင်ပတ်နဲ့ ပေါက်တကရ လျှောက်ပြောဆိုထားတာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

သဘောတူညီချက် တစုံတရာမရရှိဘဲ အဆုံးသတ်ခဲ့တဲ့ အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့ UNFC တို့အကြား နိုင်ငံရေးဆွေးနွေးပွဲ ဒုတိယအကြိမ် အကြိုညှိနှိုင်းဆွေးနွေးပွဲကို ဧရာဝတီက ရိုက်ကူးတင်ဆက်ထားပါတယ်။
Wednesday, September 4, 2013

ကရင်ဒေသ လက်နက်ကိုင် ပဠိပက္ခ





ကရင်ပြည်နယ်အတွင်း ကရင်လက်နက်ကိုင် အဖွဲ့အစည်းအချင်းချင်း အောက်ခြေပိုင်း မကျေနပ်မှုတွေကို အခြေပြုပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဒီပြသနာကို ဖြေရှင်းရေး တွေ့ဆုံဆွေးနွေးနေကြပါတယ်။ မြန်မာအစိုးရနဲ့ ကေနန်ယူ ကရင်အမျိုးသား အစည်းအရုံးအကြား ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးနေချိန်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အချင်းချင်း လက်နက်ကိုင် ပဠိပက္ခတွေ ကျန်နေသေးတာ ဖြစ်ပါတယ်။ ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး အခြေအနေ မြစ်မခ သတင်းအေဂျင်စီက မမေသင်္ကြန်ဟိန်က တင်ပြပါလိမ့်မယ်။



Tuesday, August 27, 2013

အစိုးရနှင့် တွေ့ဆုံနေချိန် KNDOမှ စစ်ရေးသတိဖြင့် ပြင်ဆင်မှုတွေ ပြုလုပ်(ရုပ်သံ)

IMG_0737-1(KNU)အနေဖြင့် နိုင်ငံရေးအရ အစိုးရနှင့် တွေ့ဆုံစကားပြောနေသည့် တချိန်တည်းတွင် စစ်ရေး ဘက်ကလည်း ပြင်ဆင်စရာ ရှိသည်များကို ပြင်ဆင်ရမည်ဖြစ်ကြောင်း လွန်ခဲ့သည့် ဇူလိုင် ၁၆ရက်နေ့က ကျရောက်သည့် (၆၆)နှစ်မြောက် KNDOနေ့တွင် KNDO၏ ယာယီဥက္ကဌဖြစ်သူ ဗိုလ်မှူးကြီးနယ်ဒါးမြက ပြောဆိုအပြီး လက်တွေ့ပြင်ဆင်မှုများကို စတင်လုပ်ဆောင်နေသည့် ရုပ်သံ မှတ်တမ်း တခု ဖြစ်သည်။

KNU ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ၏ သားဖြစ်သူ ဗိုလ်မှူးကြီးနယ်ဒါးမြကို ဇူလိုင်လ ၈ရက်မှ ၉ရက်နေ့အထိ KNU ထိန်းချုပ်ရာ နယ်မြေတစ်နေရာတွင် ကျင်းပပြုလုပ်သည့် KNDO တပ်ဖွဲ့၏ တပ်ဖက်ဆိုင်ရာ အစည်းအဝေး၌ ယခင် KNDO ဥက္ကဌဟောင်း ဗိုလ်ချုပ်မန်းကျော်ဖေ၏ တာဝန်ကို ယာယီလွှဲပြောင်းခံရခြင်းဖြစ်ပြီး ရုပ်သံမှတ်တမ်းတွင် တွေ့မြင်ရသည့်အတိုင်း KNDOတပ်ဖွဲ့ဝင်များနှင့် အတူ မဟာမိတ် ရခိုင်တပ်မတော်သားတွေကို အပြင်းအထန် စစ်ရေးလေ့ကျင့်နေသည့် သင်တန်းများကို ပေးအပ်နေခြင်း ဖြစ်သည်။


ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ဟု အမည်ရသည့် KNDOသည် ကရင်အမျိုးသား ခုခံတော်လှန်စစ် မစတင်မှီ ၁၉၄၇ခုနှစ်၊ ဇူလိုင်လ ၁၆ရက်နေ့တွင် ကရင်ပြည်သူများ၏ လွတ်လပ်မှုနှင့် တရားသော ရပိုင်ခွင့်များအတွက် လှုပ်ရှားမှုအပေါ် တိုက်ခိုက်လာကြမည့် အန္တရာယ်မှ မိမိကိုယ်ကို ခုခံကာ ကွယ်နိုင်ရန် ကေအဲန်ယူ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တဦးဖြစ်ခဲ့သူ ကာကွယ်ရေးဌာနတာဝန်ခံ မန်းဘဇံက စတင် ဦးဆောင်ဖွဲ့စည်းခဲ့သည်။

လက်ရှိ KNDOသည် ကေအဲန်ယူ ကာကွယ်ရေး ဌာနအောက်တွင် ရှိပြီး တပ်မဟာ ၇ခုအတွင်း တွင် တပ်ရင်းတခုဆီဖြင့် လှုပ်ရှားဆောင်ရွက်နေသည်။ (သတင်း-အဲခေါင်သောင့်)

Sunday, August 25, 2013

တိုင်းရင်းသားပြန်လည်ရင်ကြားစေ့ရေးဖော်ဆောင်ရာတွင် စိန်ခေါ်မှုများရှိနေဆဲဟု ကင်တားနားပြောကြား

တိုင်းရင်းသားပြန်လည်ရင်ကြားစေ့ရေးဖော်ဆောင်ရာတွင် စိန်ခေါ်မှုများရှိနေဆဲဟု ကင်တားနားပြောကြား


Tuesday, August 13, 2013

ကရင့်စစ်သည်တော်များအတွက် ဒဏ်ရာရ ကရင့်စစ်သည်တဦး၏ တေးလက်ဆောင်

ကရင့်စစ်သည်တော်များအတွက် ဒဏ်ရာရ ကရင့်စစ်သည်တဦး၏ တေးလက်ဆောင်
Song of the Karen Soldier from Karen News on Vimeo.
Monday, July 22, 2013

မလေးရှားရောက် ENO ဥက္ကဌ စောကနဲ မီနှင့်လက်ရှိ နိုင်ငံရေးတွေ့ဆုံမေးမြန်းခန်း.

မလေးရှားရောက် ENO ဥက္ကဌ စောကနဲ မီနှင့်လက်ရှိ နိုင်ငံရေးတွေ့ဆုံမေးမြန်းခန်း.




Monday, July 15, 2013

ကရင်အမျိုးသားစည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ ရန်ကုန်မြို့ (ရုပ်သံ)

karen-unity-peace-305.jpg
ကရင်အမျိုးသားစည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ အင်းစိန်မြို့နယ် ခ၀ဲခြံ မျက်မမြင်ကျောင်းဝင်းထဲမှာ ဇူလိုင်လ ၁၃ ရက် စနေနေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
Saturday, July 13, 2013

ကျေးဇူးတော် ရွာ (ရုပ်သံ)

တနင်္သာရီတိုင်းအတွင်း အစိုးရနဲ့ KNU စစ်ပွဲတွေကြောင့် ထွက်ပြေးပုန်းရှောင် ခဲ့ကြရတဲ့ စစ်ဘေးဒုက္ခသည်တွေ ဟာ အရင်က သူတို့ နေထိုင်ခဲ့တဲ့ ကျေးရွာတွေ မရှိတော့သလို လုပ်ကိုင်စားသောက်ခဲ့တဲ့ မြေနေရာတွေကို လည်း စီးပွာေးရး ကုမ္ပဏီတွေက သိမ်းယူထားတယ်လို့ ပြောပါတယ်။ အသေးစိတ်ကို RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
Saturday, June 29, 2013

Miss Gay, 2013 က ရန်ပွဲ

Sunday, June 30, 2013
ပီရူးနိုင်ငံမှာ ကျင်းပနေတဲ့ Miss Gay , 2013 ပြိုင်ပွဲမှာ ရန်ပွဲဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲမှာ ဒိုင်လုပ်သူက မှားယွင်း
ကြေညာခဲ့ရာက စင်မြင့်ပေါ်မှာ အခုလို ရန်ပွဲဖြစ်ခဲ့ရတာပါ။ ပရိသတ်ကလည်း အံ့အားသင့်ခဲ့ရပြီး ရန်ပွဲ 
ဖြစ်ခဲ့ရတဲ့ အတွက် လူအများရဲ့ စိတ်ဝင်စားမှုအလွန်ရခဲ့ပါတယ်။ 


ဇွန်လ ၂၇ ရက်နေ့က တင်ပြသွားတဲ့ ရိုက်တာ ရုပ်မြင်သံကြား သတင်းတပုဒ်မှာ အခုလို မြင်တွေ့နိုင် ပါတယ်။ ရန်ပွဲကို အတော်ဖြေရှင်းခဲ့ရတယ်လို့ သတင်းတွေက ဆိုပါတယ်။ အလှမယ်အဖြစ်က ရန်ပွဲကြောင့် အလှတွေ ပျက်ကာ လူအများရဲ့ စိတ်ဝင်စားမှုရခဲ့တာပါ။
Tuesday, June 25, 2013

ဖရူဆိုမြို့နယ် စစ်လေ့ကျင့်ရေးသင်တန်းကျောင်း (ရုပ်သံ)

ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ ဒေသခံတွေရဲ့ လယ်မြေတွေကို စစ်တပ်က သိမ်းယူပြီး စစ်လေ့ကျင့်ရေး သင်တန်းကျောင်း တည်ဆောက်နေတဲ့အတွက် ဒေသခံတောင်သူတွေ စိုက်ပျိုးလုပ်ကိုင် စားသောက်ဖို့ အခက်အခဲ တွေ့နေတယ်လို့ သိရပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
Monday, June 17, 2013

DKBA ကြီးမှူးတဲ့ တိုင်းရင်းသားနှီးနှောဖလှယ်ပွဲ (ရုပ်သံ)

DKBA ကြီးမှူးတဲ့ တိုင်းရင်းသားနှီးနှောဖလှယ်ပွဲ (ရုပ်သံ)
Sunday, June 16, 2013

အမေရိကန်ကြိုးဝိုင်းပေါ်က ကရင့်လက်ဝှေ့ကျော် ဏီအိမ်မင်း(Nyein Maung)- ဗွီဒီယို


စောငြိမ်းမောင် (Nyein Maung) လက်စွမ်းကို ကြည့်ကြရအောင်။
Sunday, June 9, 2013

Hopes Behind The War မှတ်တမ်းရုပ်ရှင်

ံHopes Behind The War ဆိုတဲ့ စစ်ပွဲနောက်ကွယ်က မျှော်လင့်ချက်များဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကို ဧရာဝတီ က တင်ဆက်လိုက်ပါတယ်။ ကချင်ပြည်နယ်က စစ်မြေပြင်တွေက တကယ့် ပုံရိပ်စစ်တွေနဲ့ မှတ်တမ်းတခု လည်းဖြစ်ပါတယ်။  




KIA နဲ့ မြန်မာအစိုးရ စစ်တပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် အထူးသဖြင့် အပြစ်မဲ့ ဒေသခံ အမျိုးသမီး၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ဘယ်လို ဒုက္ခတွေ ခံစားခဲ့ရလဲ၊ သူတို့တွေ ရဲ့ မျှော်လင့်ချက်က ဘာလဲ ဆိုတာ ဧရာဝတီက ရိုက်ကူးတင်ဆက်ထားတာပါ။

Monday, May 13, 2013

ဒုက္ခသည်တွေ အိမ်မပြန်နိုင် ... မြေမြှုပ်မိုင်းအန္တရာယ် (ရုပ်သံ)

Sunday, May 12, 2013

အမေများနေ့ (Mother's Day) ဂုဏ်ပြုသီချင်း

အမေများနေ့ကို ဂုဏ်ပြုသောအားဖြင့် အဆိုတော် ထူးဝါးသီဆိုထားသည့် ကျေးဇူးရှင် (ဂုဏ်တာက်ုဆာ.)သီချင်းဖြင့် အဝေးရောက် သားများကိုယ်စား ကျေးဇူးရှင် အမေများအတွက် ဂုဏ်ပြုတင်ဆက်လိုက်ရပါသည်။

Thursday, May 9, 2013

သြစီရောက် ကရင်တွေရဲ့ ပိုးကရင်စာပေ သင်တန်းဆင်းပွဲနှင့် ဗုဒ္ဓစာပေ ယဉ်ကျေးမှု သင်တန်းဆင်းပွဲ (ရုပ်သံ)

မိမိတို့ရဲ့ ရင်သွေးငယ် သားသမီးများ မိမိတို့ ဘာသာစကား စာပေကို တတ်ကျွမ်းအောင်နှင့် ဗုဒ္ဓစာပေယဉ်ကျေးမှုတွေကို နားလည် သိရှိနိုင်ရန် ရည်ရွယ်ပြီး သြစတြေးလျားနိုင်ငံရောက် ကရင်အမျိုးသားများက ပိုးကရင်စာပေနှင့် ဗုဒ္ဓစာပေ ယဉ်ကျေးမှုကို ဖွင့်လာခဲ့သည်မှာ ယခုဆိုလျှင် ၄ကြိမ် ရှိပြီ ဖြစ်ပါတယ်။ သြစတြေးလျားနိုင်ငံ ဗစ်တိုရီးယားပြည်နယ် မဲဘုန်းဘ်မြို့ရှိ MKBAလို့ ခေါ်တဲ့ မဲဘုန်းဘ်ကရင် ဗုဒ္ဓအစည်းအရုံးက အဲဒီ သင်တန်းကို ဦးစီး ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး အဆိုပါ သင်တန်းကို မဲဘုန်းမြို့ရှိ ကရင်အများအပြား စုစည်းနေထိုင်ရာ Werribee ကရင်ရပ်ကွက်က ကရင်ဘုန်းတော်ကြီးကျောင်းတွင် အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့တဲ့ မှတ်တမ်းဖြစ်ပါတယ်။ မှတ်တမ်းရှယ်ပေးသူ စောကျော်ထူးကို ကျေးဇူးတင်ရှိပါတယ်။