Showing posts with label movie. Show all posts
Showing posts with label movie. Show all posts
Sunday, June 16, 2013

ပြည်သူ့ စွမ်းအားရှင် တပ်ဖွဲ့ဆိုတာ အခုထိ ရှိနေသေး

Sunday, June 16, 2013
ဦးစိုးညွှန့် ( တော်ဝင်နှင်းဆီ) က ဇွန်လ ၁၄ ရက်နေ့က သံဃာများ၊ အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ စာနယ်ဇင်း ရှင်းလင်းပွဲမှာ အကြမ်းဖက်မှုတွေ ဘာကြောင့်ဖြစ်တယ်ဆိုတာပြောရင်း ပြည်သူ့စွမ်းအားရှင် တပ်ဖွဲ့ ရှိနေတယ် ဆိုတာကိုလည်း ဓာတ်ပုံနဲ့တကွ ပွင့်ပွင့် လင်းလင်း ပြောဆိုသွားခဲ့ပါတယ်။ 





သူ ဘာကြောင့် ဘာကို ပြောတယ်ဆိုတာ သိရှိနိုင်ဖို့ ပြန်လည်မျှဝေ လိုက်ပါတယ်။ 

ပြည်သူ့စွမ်းအားရှင် တပ်ဖွဲရုံးဆိုတဲ့ ဆိုင်းဘုတ်ကို ဦးစိုးညွှန့်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေမြို့ခရီးစဉ်မှာ အစအဆုံး လိုက်ပါကူညီတာဝန်ယူခဲ့ရင်း မန္တလေးတိုင်း ပလိပ်မြို့အနီးတွေ့ ခဲ့ရတာကို မှတ်တမ်းတင်ထား 
တာပါတယ်။
Friday, December 7, 2012

လက်ပတောင်း အကြမ်းဖက် ဖြိုခွင်းမှုကို လက်မခံကြောင်းနှင့် ရဟန်းသံဃာနှင့် ပြည်သူတွေကို ဖိနှိမ့်လျှင် အသက်ပေးကာကွယ်မည်ဟု DKBA ပြောဆို(ရုပ်သံ)

လက်ပန်တောင်း ကြေနီစီမံကိန်း ဖျက်သိမ်းရေး ဆန္ဒပြခဲ့ကြတဲ့ သံဃာတော်တွေကို မီးလောင်ဗုံးသုံးပြီး ဖြိုခွဲတဲ့ကိစ္စကို လုံးဝလက်မခံနိုင်ဘူးလို့ DKBA အဖွဲ့အစည်းမွေးနေ့အကြို ဘောလုံးကွင်းဖွင့်ပွဲမှာ ဗိုလ်မှူးကြီးဆန်းအောင်မှ တပ်ထုကို (၆ ဒီဇင်ဘာ ၂၀၁၂)တွင် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
Tuesday, May 15, 2012

ထိုင်းကရင်တို့၏ ရိုးရာ ဆင်ပွဲတော် (ရုပ်သံ)






မူးရင်း IMNA
Thursday, February 2, 2012

ပြုလုပ်သည့် ၆၃နှစ်ပြည့် ကရင့် တော်လှန်ရေးနေ့ အခမ်း အနား(ရုပ်သံ)

အထူးတပ်ရင်း ၁၀၃တွင် ပြုလုပ်သည့် တော်လှန်ရေးနေ့ အခမ်းအနား


ဂျပန်နိုင်ငံတွင် ပြုလုပ်သည့် တော်လှန်ရေးနေ့ အခမ်းအနား
Saturday, December 31, 2011

၂၇၅၁ခုနှစ်ထုတ် ကရင်နှစ်သစ်ကူး သတင်း စာစောင်(ဆစ်ဒနီ)

Karen News Letter 2751

Thursday, December 29, 2011

ညီနောင် ကချင်တွေရဲ့ အောင်မြင်မှု (တိုက်ပွဲ ရုပ်သံ)



တရားမျှတသည့် ခုခံတော်လှန်စစ် အောင်မြင်ရမည်။
မတရားသည့် ကျူးကျော် ရန်စဖိနှိမ့်သည့် စစ် မုချ ကျဆုံးရမည်။
Jinghpaw Kasaဆိုက်မှ ကူးယူထားပါသည်။
Monday, March 7, 2011

ပဒိုမန်းရှာလားဖန်း ဈာပန မှတ်တမ်း

ပဒိုမန်းရှာ၏ နောက်ဆုံးခရီးကို လိုက်ပါ ပို့ဆောင်သူများနဲ့ မလိုက်ပါ အပို့ဆောင်ခဲ့ရသူများပါ ကြည့်ရအောင် သူ့ရဲ့ နောက်ဆုံး ဈာပနမှတ်တမ်းကို တင်ဆက်လိုက်ရပါတယ်။ 





Saturday, January 1, 2011

DKBAထံ ထွက်ပြေးရောက်ရှိလာသည့် နအဖတပ်သား ဘာဘူ(ရုပ်သံ)

နေ့သစ်မီဒီယာမှ
Thursday, December 23, 2010

ဒီကေဘီအေ ကလို့ထူးဘော ဗျူဟာမှူး ဗိုလ်မှူးကြီး စောကျော်သက် အင်တာဗျူး(ရုပ်သံ)

Thursday, December 2, 2010

ဖူးထိန်မောင်ကို အားလူးရဲမြင့်မှ လိမ်ညာစည်းရုံး သိမ်းသွင်းတဲ့ ဗီဒီယိုမှတ်တမ်း

ကေအဲန်ယူ/ကေအဲန်အယ်အေ ငြိမ်းချမ်းရေး ကောင်စီနဲ့ နအဖတို့ တင်းမာမှုအထွတ်အထိပ်ဟာ ငြိမ်းကောင်စီ တပ်ရင်း ၇၇၇တပ်ဖွဲ့ဝင်တွေကို နအဖတပ်ရင်း ၂၃၀က သတ်ဖြတ်ဖမ်းဆီးမှုတွေ ပြုလုပ်အပြီးက စတင်လာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ တကယ်တော့ ဖူးထိန်မောင်က နအဖရဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အပါအ၀င်ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ လိမ်ညာလုပ်ဇတ်များကို ကောင်းကောင်း သဘောပေါက်ပါတယ်။ ဒီမှတ်တမ်းကတော့ နအဖ စရဖ (စစ်ဖက်ဆိုင်ရာ လုံခြုံရေး) အားလူးရဲမြင့်မှ ဖူးထိန်မောင်ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အပါအ၀င် ရွေးကောက်ပွဲ ကိစ္စရပ်တချို့ကို လိမ်ညာပြီး စည်းရုံး သိမ်းသွင်းနေတဲ့ မှတ်တမ်းပဲ ဖြစ်ပါတယ်။ လိမ်ညာစည်းရုံးသိမ်းသွင်းတဲ့ နေ့ရက်အတိအကျကို မသိရပေမယ့်လည်း ဖူးထိန်မောင်က သူတို့ရဲ့ အစီအစဉ်တွေအားလုံးကို ခါးခါးသီးသီးနဲ့ လက်မခံတဲ့အပေါ် အားလူးရဲမြင့်နဲ့ အပေါင်းအပါတသိုက်က အတော်ပင် မျက်စိမျက်နှာပျက်နဲ့ လိုရာဆွဲသွင်းမရပဲ အီးတင်းနေတဲ့ မျက်နှာကိုယ်စီနဲ့ အထင်းသားပေါ်နေတာကို တွေ့ရပါတယ်။ ဆက်လက်ရှူစားကြပါအုံး။
Wednesday, December 1, 2010

ကရင်ပြည်နယ်တွင် တိုက်ပွဲများ ထပ်မံဖြစ်ပွား (ရုပ်သံ)

(ရုပ်သံ - ဧရာဝတီဝက်ဘ်ဆိုက်)
Friday, November 19, 2010

DKBA အဖွဲ့မှ ဗိုလ်စန်းအောင် ရဲ့ နှုတ်ခွန်းဆက်စကား

မြဝတီမြို့တိုက်ပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ DKBA အဖွဲ့မှ ဗိုလ်စန်းအောင် ရဲ့ နှုတ်ခွန်းဆက်စကား


ဆုံစည်းရာဘလော့မှ တဆင့်ခံ ကူးယူသည်။

နိုဝင်ဘာလ ၇၊ ၈ရက်နေ့က မြ၀တီမြို့တိုက်ပွဲ (ရုပ်သံ)

KNUနဲ့ လာရောက်ပေါင်းစည်းတဲ့ DKBA 909တပ်ရင်းအား ကြိုဆိုဂုဏ်ပြု၊ (နိုဝင်ဘာလ ၁၇၊ ၂၀၁၀)

Saturday, September 25, 2010

ဒီကေဘီအေ ၀ါဒဖြန့်သီချင်း ရိုက်ကူး သရုပ် ဆောင်တဲ့ မြန်မာ သရုပ်ဆောင် အချို့

နအဖလုပ်ကြံ ရိုက်ကူးတဲ့ ၀ါဒဖြန့် ဇတ်ကားတွေကို ၀င်ရောက် သရုပ်ဆောင်ထားတဲ့ မြန်မာသရုပ်ဆောင် အများအပြားကို ပြည်တွင်းပြည်ပ မြန်မာပြည်သားများက ဝေဖန်ကန့်ကွက်မှုတွေ အမျိုးမျိုး ထွက်လာကြောင်း ကြားသိရပါတယ်။ အာရုံဦးမှာ ဖူးသည့်ကြာဆိုသည့် နအဖ၀ါဒ ဇတ်ကားကတော့ အလွန်ပဲ နာမည်ကြီးတဲ့ လုပ်ကြံဇတ်ကားတကား ဖြစ်ပါတယ်။ အတင်း ရိုက်ခိုင်းလို့ ရိုက်ရတာပါလို့ သရုပ်ဆောင်တချို့က အကြောင်းပြ နေကြတာကိုလည်း ကြားရပါတယ်။ တကယ်တော့ မြန်မာ သရုပ်ဆောင်အချို့ဟာ နအဖ၀ါဒဖြန့်ကားတခုကိုပဲ ရိုက်ကူးနေတာ မဟုတ်ပဲ နအဖနဲ့ အပစ်ရပ်ထားတဲ့ ဒီကေဘီအေ အဖွဲ့ရဲ့ ၀ါဒဖြန့်ကား တွေကိုပါ ရိုက်ကူး သရုပ်ဆောင်သွားတာကို အောက်ပါ ဒီကေဘီအေ ၀ါဒဖြန့် သီချင်းများက သက်သေပြလျှက် ရှိနေပါတယ်။ ဆက်လက်ကြည့်ရှူ အကဲခတ် ပေးကြပါအုံး။ သရုပ်ဆောင်အများအပြား သရုပ်ဆောင်သွားခဲ့သော်လည်း လက်လှမ်းမှီတာလေးကိုပဲ ရှာဖွေ တင်ပြပေးလိုက်ပါတယ်။


စောဆတ်မူး သီဆိုထားတဲ့ ဒီသီချင်း တပုဒ်မှာတော့ ကရင်လူမျိုးဖြစ်ပြီး နာ မည်ကြီး မြန်မာပြည် သရုပ်ဆောင် ဟက်ကက် သရုပ်ဆောင်ထားပါတယ်။


ဒီတပုဒ်မှာတော့ စိုးမြတ်နန္ဒာ၊ ဝေဠုကျော်နှင့် ညီနန္ဒတို့ သရုပ် ဆောင်ထားပါတယ်။


ဒီသီချင်းကတော့ မူးဓံင့်အွာ သီဆိုထားပြီး အေးဝတ်ရည်သောင်းနဲ့ ဒီကေ ဘီအေအဖွဲ့ဝင်တဦး တို့ တွဲသရုပ်ဆောင်ထားပါတယ်။


ကျဝ်လိက်သိင့် သီဆိုထားတဲ့ ဒီသီချင်းမှာတော့ သူထူးစံ ခင်စိုးပိုင်နဲ့ ဒီကေ ဘီအေမှ ဆေးမှူးရဲမေတဦးဖြစ်တဲ့ အဲပြေ သရုပ်ဆောင်ထားပါတယ်။
Monday, July 12, 2010

အမြင်မှန်ရ ဒီကေဘီအေများအတွက် သီချင်းလက်ဆောင်

အာဏာရှင်တို့လက်အောက်နဲ့ စည်းစိမ်ယစ်မူးနေတဲ့ ဒီကေဘီအေ ခေါင်းဆောင်တို့ရဲ့ လက်အောက်မှ ရုန်းထွက်ကာ အမျိုးသားရေးအတွက် မှန်မှန်ကန်ကန် ရွေးချယ် ဆုံးဖြတ်ခဲ့ကြတဲ့ ဒီကေဘီအေ တပ်ဖွဲ့ဝင်များနဲ့ ဆက်လက်ရုန်းထွက်ရန် ရှိနေသေးတဲ့ ဒီကေဘီအေတပ်ဖွဲ့ဝင်များအတွက် ဒီကေဘီအေ တပ်ဖွဲ့ဝင်များကိုယ်တိုင် သီဆိုသရုပ်ဆောင်ထားတဲ့ စစ်သီချင်းနဲ့ပဲ လက်ကမ်းကြိုဆိုလိုက်ပါတယ်။ မိမိရဲ့ ချွေး မိမိရဲ့ သွေးနဲ့ မိမိရဲ့ ခန္ခာကိုယ်တခုလုံးဟာ မတရားတဲ့ စစ်အာဏာရှင်နဲ့ လက်တစုပ်စာ ကိုယ်ကျိုးသမား ခေါင်းဆောင်တွေအတွက် မဖြစ်စေပဲ အမျိုးသားရေးအတွက်ပဲ ဖြစ်ပါစေလို့ ဒီကေဘီအေတပ်ဖွဲ့ဝင်များကို ဆနပြုလိုက်ပါတယ်။

Monday, June 28, 2010

DKBA deserters (ဒီကေဘီအေ တပ်ပြေးများအကြောင်း)


ဒီဗီဘီမှ ကူးယူဖော်ပြသည်။
Saturday, June 12, 2010

(ဍေမီယေါတ် မ်ုအင်းဟှးစိုဝ် (ပန်းသပြေနဲ့ ကြိုဆိုနေမယ်)

တန်းတူအခွင့်အရေး ရရှိရေး၊ တရားမျှတမှု ရရှိရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် အသက်ပေး တော်လှန်တိုက်ပွဲဝင်နေတဲ့ ကရင့်တော်လှန်ရေးသမားများရဲ့ ပြန်လာမယ့်လမ်းကို ပန်းသပြေနဲ့ ကြိုဆိုနေမယ်ဆိုတဲ့ သီချင်းနဲ့ ကရင့်တော်လှန်ရေးသမားများအတွက် ဂုဏ်ပြု တင်ဆက်လိုက်ပါတယ်။

Saturday, March 20, 2010

မာနယ်ပလော အတွင်းရေး အကြောင်းနှင့် DKBA ဖြစ်လာရသည့် အကြောင်း တစေ့တစောင်း

ကရင့်တော်လှန်ရေးဌာနချုပ်နှင့် မြန်မာပြည်၏ တော်လှန်ရေးဌာနချုပ်တခု ဖြစ်ခဲ့သည့် မာနယ်ပ လောစခန်းကြီး၏ အတွင်းရေးတစေ့တစောင်းကို ရှာဖွေတင်ပြလိုက်ပါသည်။ မာနယ်ပ လောကျဆုံးသွားရခြင်းသည် ကရင့်တော်လှန်ရေးအတွက် သာမက မြန်မာပြည် ဒီမိုကရေစီ လှုပ်ရှားမှုပါ ကြီးမားသည့် ရှုံးဆုံးမှုကြီးတခု ဖြစ်ပါသည်။ ယခုမှတ်တမ်းသည် အလွန်ပင် တန်ဖိုးရှိသည့် မှတ်တမ်းတခုဖြစ်ပြီး တချိန်က မာနယ်ပလော၏ အခြေအနေ မှန်အချို့နှင့် ကြေကွဲဖွယ် ကောင်းလှသည့် ညီအစ်ကိုချင်း စိတ်ဝမ်းကွဲကာ ရန်သူသဖွယ် ပြန်လည် တိုက်ခိုက်လာရသည့် အခြေအနေ အချို့ပါ တွေ့မြင်ရမည် ဖြစ်သည်။ မာနယ်ပလော ကျဆုံးသွားသည်မှာ ၁၀နှစ်ကျော်ပြီ ဖြစ်သော်လည်း ထိုအချိန်က အခြေအနေ အချို့ကို ပြန်လည်သုံးသပ်ပြီး သင်ခန်းစာများကို ရယူနိုင်မည်ဟု မျှော်လင့်မိပါသည်။




Friday, January 29, 2010

ကရင်တော်လှန်ရေး စစ်ချီတေးသီချင်း

လာမည့် ဇန်န၀ါရီလ ၃၁ရက်နေ့တွင် ကျရောက်မည့် ၆၁နှစ်မြောက် ကရင့်တော် လှန်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကရင့်တပ်မတော်သားများ သီဆိုထား သည့် စစ်ချီတေးသီချင်းဖြင့် ကြိုဆိုဂုဏ်ပြုလိုက်ပါသည်။

မှန်ကန်သော ကရင့်တော်လှန်ရေး မုချအောင်ရမည်။
မတရားသော စစ်အာဏာရှင်စနစ် ကျဆုံးရမည်။