Showing posts with label interview. Show all posts
Showing posts with label interview. Show all posts
Monday, October 21, 2013

အယုံအကြည် မရှိသော ဗုံးပေါက်ကွဲမှု သတင်းစာ ရှင်းလင်းပွဲ အပေါ် မေးခွန်းထုတ်

KNU/KNLA-PC အဖွဲ့မှ ဗိုလ်မှူးချုပ် ဒေါက်တာ တိမိုသေ KNU/KNLA-PC အဖွဲ့မှ ဗိုလ်မှူးချုပ် ဒေါက်တာ တိမိုသေ ဓါတ်ပုံ - (KNU/KNLA-PC)
ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) သည် အစိုးရနှင့် ၂၀၀၇ ခုနှစ် ဖေဖေါ်ဝါရီ လတွင် အပစ်အခတ်ရပ်စဲခဲ့ပါ သည်။
၎င်းတို့ အပစ်အခတ် ရပ်စဲပြီး နောက်ပိုင်း ကရင်ပြည်နယ် မြ၀တီ ခရိုင် မြောက်ဖက်တွင် အခြေချ ခဲ့ပါသည်။ ၄င်းတို့သည် လတ်တလော အခြေ အနေတွင် မြန်မာနိုင်ငံ အနှံ့ နေရာ အများ အပြားတွင် ဗုံးပေါက်ကွဲ ခဲ့ဖြင့် ထိုလုပ်ရပ် မျိုးကို ပစ်တင် ရှုတ်ချခဲ့ ပါသည်။ ဗုံးပေါက်ကွဲ မှုကြောင့် အနည်းဆုံး နှစ်ဦး သေဆုံး ခဲ့ပြီး ဒါဏ်ရာ ရရှိ ခဲ့မှု အပေါ် ၀မ်းနည်းကြောင်း ထုတ်ဖေါ်ခဲ့ပါသည်။
 ဤသို့ကြောင့် ၄င်းတို့၏ သဘောထား အသေးစိတ်ကို သိရှိ နိုင်ရန် ကရင် ငြိမ်းချမ်းရေး ကောင်စီမှ ဗိုလ်မှုးချုပ် တီမိုသီကို ဆက်သွယ် မေးမြန်း ခဲ့ပါသည်။ ထိုကဲ့ သို့သော ဗုံးပေါက် ကွဲမှု လုပ်ရပ် မျိုးကို ရှုတ်ချ ခဲ့သော်လည်း အစိုးရ၏ သတင်းစာရှင်း လင်းပွဲ ကျင်းပ ပုံနှင့် အထောက်အထား ထွက်ဆိုမှု များကြောင့် စွပ်စွဲမှု များသည် အဓိပ္ပါယ် မရှိကြောင်း မေးခွန်း ထုတ်လိုက်ခြင်း ဖြစ်ပါ သည်။
မေး။ ။ အစိုးရ သတင်းစာ ရှင်းပွဲအပေါ် မေးခွန်း ထုတ်လို တာက ဘယ်အပိုင်းကို ပြောတာ ပါလဲ။
ဖြေ။      ။ ကောင်းပါပြီး။ အခု ဗုံးပေါက်ကွဲမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အစိုးရ ဘက်ကနေ နိုင်ငံခြားသားတွေ၊ နိုင်ငံတကာ သတင်းစာတွေ၊ ပြည်တွင်း သတင်းစာတွေ ရှေ့မှာ သတင်းစာ ရှင်းလင်းပွဲကို ကျင်းပ ခဲ့တာနော်။ ဖမ်းမိတဲ့ သူရဲ့ အရှေ့ နာမည်က (စော) တပ်ပြီး အဲဒီလူက ဘယ်သူလဲ ဆိုတာ ကိုလည်း အများ သိအောင် လူကို ထုတ်ပြ ပေးသင့် ပါတယ်။ အခုတော့ အစိုးရ ဘက်က ဖမ်းမိတဲ့ သူက ဘယ်သူ ဘယ်ဝါ ဆိုတာကို သတင်းစာ ရှင်းလင်း ပွဲမှာ  ခေါ်ပြ တာမျိုးလည်း မလုပ်ဘူး။ နာမည် ကိုပဲ ထုတ်ပြပြီး လူကို မထုတ် ပြတော့ နာမည်ရှိပြီး  လူမရှိဘူး ဖြစ်နေတယ်။
အစိုးရ သတင်းစာ ရှင်းလင်းပွဲကို စောင့်ကြည့် နေကြတာ တရားခံလို့ စွပ်စွဲ ခံရသူကို သိချင် နေတာပါ။ အခုဟာက နဂို ကတည်းက အစိုးရကို ယုံတာ မဟုတ်ဘူး။ ထပ်ပြီး ဒီလို အခြေအမြစ် မရှိတဲ့ ကိစ္စမျိုး ပါလာတော့ အယုံအကြည် မရှိတာကို ပိုပြီး အားသစ် ဖြစ်စေတယ်။
နောက်ထပ် လုပ်ရပ် တစ်ခုက ဗုံးပေါက်ကွဲ မှုကို အကြောင်းပြ ပြီးတော့ အစိုးရ တပ်တွေကKNU နဲ့ တခြား တိုင်းရင်းသား နယ် မြေထဲမှာ တိုးပြီး နေရာယူ လာကြ တာကို တွေ့ရ ပါတယ်။  တချိန်ထဲမှာ ပြည်သူ လူထု တွေကိုလည်း ဧည့်စာရင်း တိုင်ရမယ်လို့ စစ်လား မြန်းလား လုပ်လာတယ်။
အဲဒါကို ကြည့်ခြင်း အားဖြင့် KNU/KNLA-PC အမြင် ကတော့ ဒီလိုမျိုး လုပ်ချင်လို့ ဗုံးပေါက်ကွဲမှု ဖြစ်လာတဲ့ သဘောလား သက်ရောက် နေပါတယ်။ သဘော ကတော့ လူတစ်စု ကနေ ပြီးတော့ကြံဖန် ပြီးတော့ မြန်မာ နိုင်ငံ အခြေနေကို နောက်ကြောင်း ပြန်ဆွဲဖို့ လုပ်နေတယ်လို့ မြင်တယ်။ ဒီကိစ္စ တိုင်းရင်းသား တွေက တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် မထိုးဘူး ဆိုတာနဲ့ ပါတ်သက် နေရင် အဲဒီ တိုင်းရင်းသား လက်နက်ကိုင် တွေကိုပဲ ပြောပါလား။ အခုလိုမျိုး ပြည်သူ လူထုကို ဒုက္ခ ရောက်စေတဲ့ လုပ်ရပ် မျိုးကို မလုပ် သင့်ဘူး။ ဗုံးပေါက်ကွဲ မှုနဲ့ ပါတ်သက် လာရင် အရင်တုန်းကလည်း KNU ကို အကြိမ်ကြိမ် စွပ်စွဲ ခဲ့ဘူးတယ်။ အဲဒီ တုန်းကလည်း အကြိမ် တိုင်းမှာ လိမ်နေမှန်း ကာယကံ ရှင်တွေက သိတာပေါ့ ။ ဒါကြောင့် အခု သတင်းစာ ရှင်းလင်း ပွဲကို စောင့်ကြည့် နေတာပါ။ ဒီတော့ လုပ်ချက်က ပိုပြီး အယုံအကြည် မရှိဘူး။
တကယ် လုပ်သင့် တာက ကောင်းပြီ။ အစိုးရ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲဟာ တရား မျှတမှု ရှိတယ် ဆိုရင် ဒီအချိန်ဟာ အပစ်ရပ်တဲ့ အချိန် ဖြစ်တော့ ဖမ်းထားတဲ့ လက်သည်လို့ စွပ်စွဲ သူကို တိုင်းရင်းသား ခေါင်းဆောင်တွေ အားလုံးကို ခေါ်လေ။ အဲဒီ လူကို ခေါ်ပြပေါ့။ ဒါမှ ဒီလူက ဘယ်သူ့လူ၊ ဘယ်သူ့ လက်အောက်ခံ ကလဲ အဲဒီ လူကို စစ်ဆေး ရမယ်ပေါ့၊ အခုဟာက သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး လူကိုလည်း ခေါ်မပြပဲ ဗုံးဖေါက် ခွဲတဲ့သူ (စော) နာမည် တပ်ပြီး ကရင် လူမျိုးကို ရှူံ့ချ နေတာလား မေးစရာ ဖြစ်လာတယ်။ အစိုးရက ၀ါဒ ဖြန့်တယ် လို့ပဲ မြင်တယ်။ ကျနော်တို့ ကရင်တွေမှာ ကြမ်းတမ်း ရက်စက်တဲ့ လူမဆန်တဲ့ အလုပ်မျိုး လုပ်ဖို့ မရှိဘူး။ ဒီလို လူမဆန်တဲ့ လုပ်ရပ် မျိုးက အစိုးရ ဘက်မှာပဲ ရှိတယ်။
ဒီတော့ အခု ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲက အစိုးရဖက်က အကြောင်းပြပြီး ၀ါဒ ဖြန့်တယ် လို့ပဲ ကျနော် မြင်တယ်။ တပ်လှန့် တာလည်း ဖြစ်မယ်။ ဆီးဂိမ်း လုံခြုံ ရေးလည်း ဖြစ်နိုင်မယ်။ ဒါမှ မဟုတ်ရင် နောက်ဖြစ်နိုင်ခြေ ရှိတာက (၁) တိုင်းရင်းသား တွေက တပြည်လုံး အပစ်ရပ်ရေး၊ လက်မှတ် ထိုးမထိုး ဆိုတာကို လိုင်ဇာမှာ အစည်းဝေး လုပ်နေမယ်။၂) ဒီအခြေအနေ အပေါ်မှာ စစ်တပ် တွေက တိုင်းရင်းသား နယ်မြေမှာ နေရာ ၀င်ယူပြီး အင်အား တိုးချဲ့ နေကြတယ်။ ၃) အိမ်ထောင်စု စာရင်းတို့ ဧည့် စာရင်း တိုင်ရ မယ်တို့ စစ်အုပ်ချုပ်မှု ပုံစံ စနစ်ကို အစိုးရ ဘက်က မသိမသာ လုပ်လာ ကြတယ်။ ၄) အစိုးရ စစ်တပ် တွေက ကရင် ဒေသ တွေမှာ နေရာ အနှံ့ တပ်ချ ထားနေ ကြတာတို့ ပြည်သူ လူထု ကြားမှာ သွားပြီး နေရာယူ တာတို့ လုပ်လာ နေကြ တာကို ကြည့်ရင် အကြောင်းပြ ကောင်းအောင်လို့ သူတို့ဘဲ ဗုံးဖေါက်ခွဲ လိုက်တာ ဖြစ်နိုင်တယ်။
တကယ် ငြိမ်းချမ်းရေး အစစ် အမှန် လိုလားတယ် ဆိုရင် အဲဒီလိုမျိုး ၀ါဒ မဖြန့် သင့်ဘူး။ စစ်တပ်လည်း တိုးချဲ့ နေစရာလည်း မလို ဘူးလေ။ အဲဒါကို အခွင့်ကောင်း ယူပြီး ပြည်သူ လူထုကို အစိုးရက လိမ်နေတာ ဖြစ်တယ်။ အခြေ အနေ မှန်ကို မသိ ကြတဲ့ ပြည်သူများ ခင်ဗျာ အသက် အန္တရာယ်ကို စိုးရိမ် နေရလို့ ကျနော်တို့ အပေါ် အထင် လွဲအောင် ကြံဆောင်တာ ဖြစ်တယ်။ ဒါကြောင့် အခုလို ငြိမ်းချမ်းရေးတွေ အားသွန် ခွန်စိုက် ကြိုးစား နေတဲ့ အချိန်မျိုးမှာ ဘာကြောင့် ဒီလို စွပ်စွဲ ရသလဲ ဆိုတာကို ကျနော် မေးခွန်း ထုတ်စရာ ဖြစ်လာတယ်။
မေး။ ဆရာ ပြောတာက တမျိုး ပေါ့လေ။ ဒါပေမဲ့ KNU အလုပ် အမှုဆောင် တဦးဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင် ကတော့ ဒီဗုံးပေါက် ကွဲမှုမှာ KNU မှာလည်း တာဝန် ရှိတယ်လို့ ပြည်တွင်း မီဒီယာ တွေနဲ့ ပြောဆို ခဲ့ပါတယ်။ အဲဒီ အပေါ် မှာရော ဆရာ ဘယ်လိုသ ဘောရလဲ။
ဖြေ။    ။KNU အလုပ် အမှုဆောင် တစ်ဦးက အစိုးရ လုပ်တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာဒီဗုံး ဖေါက်ခွဲမှုနဲ့ ပတ်သတ်ပြီး KNU မှာ တာဝန် ရှိတယ်လို့ KNU ကိုယ်စားလှယ်က ပြောလိုက်တဲ့ အပေါ်မှာ ကျနော် သုံးသပ် ရမယ် ဆိုရင် KNU ကိုယ်စား လှယ်က အစိုးရလူ ဖြစ်နေ ပါပြီ။ သူက လိုက်ရှာ ပေးမယ် ဘာပေးမယ် ပြောနေ ရအောင် ဗုံးဖေါက်ခွဲတဲ့ လူက သူကစီစဉ် ထားလို့လား။ သူဟာ အစိုးရ ထောက်လှမ်းရေး ဖြစ်နေ ပြီလား။ ဖြစ်သင့် တာက ကျနော်တို့ လွှတ်တဲ့ ကိုယ်စားလှယ်ဟာ အဖြစ်မှန်ကို လူသိ ရှင်ကြား ဖေါ်ထုတ်ဖို့ ဖြစ်တယ်။ လက်တွေ့ ဆန်တဲ့ သဘောမျိုး ပြသ နိုင်ရ မယ်လေ။
အဲဒီ ကိုယ်စားလှယ် ကတော့ အယုံအကြည် မရှိဘူး။ ကရင် အမျိုးသား ပြည်သူ လူထု အတွက် အကာကွယ် ပေးဖို့၊ အခွင့် အရေး တန်းတူ ရဖို့၊ ဖိနှိပ်ခံ ဘ၀မှ လွတ်မြောက်ဖို့ အတွက် ပြောဖို့ နေပြည်တော်ကို လွှတ်ခဲ့တာ  သူဘာပြော ခဲ့သလဲ ဆိုတော့  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်လို့ မရ ဘူးလို့ ထုတ်ပြော ခဲ့တဲ့ လူလေ။ ။၂၀၀၈ ဥပဒေက ပြည်သူ အတွက် အကာ အကွယ် ပေးထားတာ ဘာမှ မရှိသလို စစ်ဥပဒေလည်း ဖြစ်တယ်။ အစိုးရ ဥပဒေက ပြည်သူ လူထုတွေ အတွက် မျက်ရည် ကျခဲ့တဲ့ လယ်သိမ်း ယာသိမ်း ဥပဒေတွေ ဖြစ်တယ်။ သူနားမလည် ဘူးလား။ ဒီတော့ အဲဒီလို ကိုယ်စားလှယ် မျိုးကိုမှ လွှတ်တာ စဉ်းစား စရာ ဖြစ်နေတယ်။ ဒီတော့ မန်းငြိမ်းမောင်ဟာ အစိုးရ ခရိုနီ ဖြစ်သွားတဲ့ သဘော သက်ရောက် နေပါတယ်။
မေး။ ခုန ပြောလိုက် ပါတယ်။ ဗုံးပေါက်ကွဲမှု မဖြစ်ခင် ကတည်းက ကရင် နယ်မြေ ထဲမှာ စစ်တပ်တွေ တိုးပြီး ချတယ်။ လှုပ်ရှား လာတယ်လို့ သဘော ရတာ ပေါ့နော်။ ဒီတော့ ဘယ်နေရာမှာ ဘယ်လိုမျိုး လှုပ်ရှား လာပါလဲ။
ဖြေ။   ။ ဗုံးဖေါက် ခွဲမှု ဖြစ်လာတဲ့ အပေါ်မှာ အခွင့်ကောင်း ယူပြီးတော့ လက်ရှိမှာ KNU နယ်မြေနဲ့ တိုင်းရင်းသား နယ်မြေ တွေမှာ ဖြစ်နေတဲ့ အခြေအနေက လူထုတွေကြားမှာ ကားအောက် ကားပေါ် ကားဘေး လူထု ကိုယ်ပေါ် အိတ်ပေါ် မှာတို့ စစ်လား မြန်းလား ပိုလုပ် လာတယ်။ ဒါဟာ ဆီးဂိမ်း လုံခြုံရေး နဲ့လည်း ပါတ်သက် နိုင်တယ်။ ဒီတော့ အခွင့်ကောင်းလို့ ပြောရ ရင်တော့ ဖြစ်တာက တစ်နေရာ ပေါက်ကရ လုပ်နေ တာက တစ်နေရာ ဖြစ်နေတယ်။ ဗုံးပေါက်အောင် မလုပ် ခဲ့ရင် ဒီလိုမျိုး အကြောင်း ပြချက်မဲ့ ကိုင်တွယ်ရ ခက်တယ်လေ။ မဟုတ်ပါလား။
ပြီးတော့ သိတဲ့ အတိုင်း ပါဘဲ အခွင့်ကောင်းကို အကြောင်းပြ ပြီးတော့ ရဲနဲ့ စစ်တပ် တွေက ခရီးသွား ပြည်သူ တွေကို ခြိမ်းခြောက်မယ်။ သွားလာ နေတဲ့ ပြည်သူ လူထုကို ပုံစံ အမျိုးမျိုးနဲ့ စစ်ဆေးတယ်။ တိုင်းရင်းသား နယ်မြေမှာ အရင်က စစ်တပ် မရှိဖူးတဲ့ နေရာမှာ  စစ်တပ်က နေရာ ၀င်ယူ လာနေတယ်။ ဒါတွေက ဘာသဘော လည်းဗျာ။ အကြောင်းသိ တွေမို့ ပြောနေ ရတာပါ။
တကယ် ဆိုရင်တော့ ဗုံးပေါက်ခွဲ မှုတွေဟာ အချိန်ယူပြီး စုံစမ်း စစ်ဆေး ရမယ် ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် (၂) ရက် ထဲနဲ့ စော အမည် တပ်ပြီး ဖေထုတ် နိုင်တယ် ဆိုတာက မေးခွန်း မေးစရာ ဖြစ်လာတယ်။ ကျနော်တို့ လူထုတွေ အမြင်ကို ကျနော်တို့ လိုက်မေး ကြည့်တော့ လူထု အမြင်ကလည်း အစိုးရ တွေကပဲ ဖေါက်တယ် လို့ပဲ မြင်ကြ ပါတယ်။
လူထု တစ်ယောက်က ကျနော်ကို ဘာပြောလဲ ဆိုတော့ “အစိုးရက ဗြောက်အိုး ဖောက်တာ မကြိုက်ဘူး၊ ဗုံးဖောက် တာကိုပဲ ကြိုက်တယ်” လို့ ကျနော်ကို ပြောခဲ့တယ်။
အစိုးရကို အကြံပေး ချင်ပါတယ်။ ရိုးနေတဲ့ လုပ်ဇတ် ဟောင်းတွေနဲ့ မပြုလုပ် သင့်တော့ ပါဘူး။ ဘေးက ကြည့်ရင် ပိုပြီး မြင်သာ ပါတယ်။ ပေါက်ကွဲ ပုံတွေ၊ ထုတ်ပြန် ပုံတွေ ခရိုနီ မီဒီယာ တွေရဲ့ ၀ါဒဖြန့် လှုပ်ရှား ပုံတွေဟာ မြင်သာ ကြီးပါ။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက် သင့်ပါတယ်။ ပြည်တွင်း လုံခြုံ ရေးကိုလည်း အခု လိုမျိုး လုပ်ဇတ် ခင်းမယ့် အစား ၀ိုင်းဝန်း တာဝန် ယူဖို့ ဖြစ်ပါတယ်။ နေရာတကာ၊ လူတကာကို သံသယ မျက်စိ နဲ့သာ တိုင်းတာ နေသမျှတော့ ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ပါဘူး။ ကိုယ့်အရိပ် ကိုယ်လန့် နေမှာ ဖြစ်ပါတယ်။
ပြည်တွင်း ငြိမ်းချမ်းရေး ရရှိအောင် မလိမ်ကြ စတမ်း ရိုးသား ကြပါ။ ပွင့်လင်း ကြဖို့နဲ့ မျှတမှုကို ဦးစားပေး ကြမယ် ဆိုရင် မြန်မာ ပြည်ကြီး အေးချမ်း ကြမှာ ဧကန် မလွဲ ဖြစ်ပါတယ်။
Sunday, September 15, 2013

KNU/KNLA တပ်မဟာများစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးသူရစောဂျော်နီနှင့်တွေ့ဆုံခြင်း

(ဖိနှိပ်ခံတိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးရဖို့ ဘယ်သူ့မှာတာဝန်အရှိဆုံးလဲ)

တိုင်းရင်းသားတွေအနေနဲ့ဆယ်စုနှစ် ခြောက်ခုကျော် ကာလတစ်ခုထိ တန်းတူအခွင့်အရေးရဖို့လက်နက် စွဲကိုင်တိုက်ပွဲဝင်ခဲ့ပြီးလက်ရှိအနေ အထားအရ အစိုးရနဲ့အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးပြီဆို တော့တန်းတူအခွင့်အရေးအတွက် လက်ရှိအစိုးရကအပြည့်အ၀ဆောင် ရွက်နိုင်လိမ့်မယ် လို့ဗိုလ်ချုပ်ကြီး အနေနဲ့ယုံကြည်ထားပါသလား..။
ဒီတန်းတူအခွင့်အရေးဆိုတာ အတွက်၊အဖိနှိပ်ခံတိုင်းရင်းသား တွေအားလုံးတန်းတူညီတူဆက်ဆံ ဖို့အတွက်ကြိုးပမ်းလာခဲ့တာ ၆၄ နှစ်ရှိပြီ။ ဒီ၆၄နှစ်တာကာလမှာ တိုင်းရင်းသားတွေဘက်ကရော အစိုးရဘက်ကရောအပြန်အလှန် တင်းထားခဲ့တယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေကလည်းမလျှော့ ဘူး၊အစိုးရကလည်းတင်းထားတယ်၊ လုံးဝမလျော့ဘူး ဒီတော့ လက် နက်ကိုင်ပဋိပက္ခတွေဖြစ်ပြီးတိုင်း ပြည်ကဖွံ့ဖြိုးမှုနှေးကွေးခဲ့တယ်၊ ခု ဒီပြဿနာကို စစ်ရေးနဲ့ဖြေရှင်းလို့ မရဘူး။ နိုင်ငံရေးနည်းနဲ့စားပွဲဝိုင်း မှာဖြေရှင်းခြင်းသာလျှင် ထာဝရ  ငြိမ်းချမ်းရေးအတွက်လမ်းစတစ်ခု ဖြစ်တယ်ဆိုတာကို အစိုးရက သဘောပေါက်လာတယ်။ ခုဆို ဒီပြဿနာကိုနိုင်ငံရေးနည်းလမ်း နဲ့စားပွဲဝိုင်းမှာဖြေရှင်းဖို့ကျွန်တော် တို့ကလည်း  ခြေလှမ်းစနေသလို အစိုးရဘက်ကလည်း လုပ်လာ တယ်။ အဲဒီမှာအစိုးရအပေါ် ယုံ ကြည်မှုဆိုရင်တော့ ကျွန်တော် တို့က ၆၄နှစ်ဆိုတဲ့ကာလတစ်ခု ထိလက်နက်စွဲကိုင်ခဲ့ပြီး ခုမှမြို့ ပေါ်ရောက်ခါစပဲရှိသေးတာလေ။ အစိုးရအနေနဲ့ဘယ်လောက်ထိ အောင်မြင်အောင်၊  ခရီးပေါက် အောင်လုပ်ဆောင်နိုင်မလဲဆိုတာ တော့စောင့်ကြည့်ရဦးမှာပေါ့ဗျာ  ဆောင်ရွက်နိုင်ခြင်း၊မဆောင်ရွက် နိုင်ခြင်းကလက်ရှိနိုင်ငံတော်အစိုး ရအပေါ်အများကြီးမူတည်ပါတယ်။ နိုင်ငံတော်အစိုးရမှာတာဝန်ရှိသလို ကျွန်တော်တို့မှာလည်းတာဝန်ရှိ  ပါတယ်။ ထာဝရငြိမ်းချမ်းရေး အတွက်အစိုးရနဲ့ပူးပေါင်းဆောင် ရွက်မှုတွေဟာလက်ခံ၊ယုံကြည်စရာ အနေအထားတစ်ခုတော့ရှိဖို့လို တယ်။
ဟုတ်ကဲ့၊ စစ်မှန်တဲ့ ထာဝရငြိမ်း ချမ်းရေးအတွက်အစိုးရနဲ့ဖြေလျှော့ ပေးမှုတွေ၊တိုင်းရင်းသားအဖွဲ့အစည်း တွေရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက် မှုတွေအပြင် အရပ်ဘက်လူ့အဖွဲ့ အစည်းတွေနဲ့ ပြည်သူလူထုရဲ့ အခန်းကဏ္ဍဘယ်လောက်ထိအ ရေးပါတယ်လို့ဖထီးယူဆပါသလဲ။
ကျွန်တော်တို့တွေအနေနဲ့စစ် မှန်တဲ့ထာဝရငြိမ်းချမ်းရေးကိုလို ချင်တယ်။ ပြီးတော့အဲဒီစစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့တိုင်းရင်းသားအား လုံးတန်းတူအခွင့်အရေးရဖို့ ကြိုး ပမ်းခဲ့တယ်။ ခုလည်းကြိုးပမ်းနေ တယ် ရည်မှန်းချက်ကလည်းထာ ၀ရငြိမ်းချမ်းရေးကိုသွားဖို့ပါ။ ဒီလို သွားဖို့ခုနကပြောသလိုနိုင်ငံတော် အပေါ်မှာလည်း  မူတည်တယ်၊ ကျွန်တော်တို့တွေပေါ်မှာလည်းမူ တည်တယ်။ နောက်ပြီးတော့ငြိမ်း ချမ်းရေးကိုလိုချင်မြတ်နိုးတဲ့မိဘ ပြည်သူတစ်ရပ်လုံးရဲ့ပူးပေါင်းပါဝင် မှု၊ဘာသာရေးအဖွဲ့အစည်းတွေရဲ့ ပါဝင်မှု၊အရပ်ဘက်လူမှု့အဖွဲ့အ စည်းတွေရဲ့ပါဝင်ပေးမှုဟာအရမ်း အရေးပါပါတယ်။   ဒီလိုသာ  အားလုံး ပူးပေါင်းပါဝင်မှုနဲ့ သွား မယ်ဆိုရင် ထာဝရငြိမ်းချမ်းရေး ဆိုတာဖြစ်လာမှာပါ။ အဓိက ကတော့ တိုင်းရင်းသားတွေ အား လုံးရဲ့သွေးစည်းညီညွတ်မှုနဲ့ပဲထာဝရ ငြိမ်းချမ်းရေးကို  ပုံဖော်တည် ဆောက်လို့ရမှာလေ။KNU အနေနဲ့အပစ်အခတ်ရပ်စဲ ရေး လက်မှတ်ထိုးခဲ့တာ တစ်နှစ် ကျော်ပြီဖြစ်တဲ့အတွက် လက်ရှိ အနေအထားအရ စစ်မှန်တဲ့အပစ် အခတ်ရပ်စဲရေးဖြစ်လာဖို့ အစိုးရ နဲ့ခိုင်မာတဲ့သဘောတူညီချက်တွေ ရပြီးပြီလား။
အပစ်အခတ်ရပ်စဲတယ်ဆို တာက ပထမခြေလှမ်းအဆင့်ပဲရှိ ပါသေးတယ်။ ခိုင်မာတဲ့ အပစ် အခတ်ရပ်စဲရေးမျိုး ဖြစ်မလာ သေးဘူး။ ခိုင်မာတဲ့အပစ်အခတ် ရပ်စဲရေး ဆိုကတည်းက သူ့မှာ လေးနက်မှုတွေအများကြီးရှိတယ်။ ခုနကပြောသလိုပေါ့ဗျာ။ ပထမ အဆင့် အပစ်အခတ်ရပ်စဲရေး ဆိုတာလောက်ပဲရှိသေးတယ်။ နယ်မြေသတ်မှတ်ရေး၊တပ်နေရာ ပြန်လည်ချထားရေး စတာတွေနဲ့ ပတ်သက်ပြီး တစ်ခုမှ မရသေး ဘူး။ဒီကိစ္စဟာလည်း ခုနပြောတဲ့ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး ဖြစ်လာဖို့က တိုင်းရင်းသားတွေ အားလုံးတန်းတူအခွင့်အရေးရဖို့၊ အထူးသဖြင့်ဖိနှိပ်ခံတိုင်းရင်းသား တွေ တန်းတူညီတူဖြစ်ဖို့ အတွက် တော့ နိုင်ငံတော် အစိုးရအနေနဲ့ တိုင်းရင်းသားတွေယုံကြည်လက်ခံ ရလောက်တဲ့အနေ အထားတစ်ခု တော့ သက်သေပြဖို့ လိုတယ်။ ဒီလိုမှမဟုတ်ရင် ထာဝရငြိမ်းချမ်း ရေးဆိုတာဖြစ်လာမှာမဟုတ်ဘူး။
ဖထီးတို့တိုင်းရင်းသားအဖွဲ့အစည်း တွေနဲ့နိုင်ငံတော်အစိုးရတို့ ထာဝရ ငြိမ်းချမ်းရေးနဲ့စစ်မှန်တဲ့အပစ်အခတ် ရပ်စဲရေးအတွက်ပူးပေါင်းဆောင်ရွက် တဲ့အခါ ဒီပူးပေါင်းဆောင်ရွက်မှု အပေါ်ပြည်သူလူထုရဲ့သဘောထား၊ အမြင်ကဘယ်လိုရှိပါသလဲ။
ခုလို အပစ်အခတ်ရပ်စဲရေး ကာလမှာ  မိဘပြည်သူတွေနဲ့ ထိ တွေ့ဆက်ဆံတဲ့အခါပြည်သူတွေ အနေနဲ့ သွားသွားလာလာ ပုံစံမျိုး နဲ့ ပြောတာမျိုးတော့ ရှိတယ်။ လက်ရှိလုပ်နေတဲ့ အပစ်အခတ် ရပ်စဲရေးကိုတော့ ပြည်သူတွေ အားလုံးကကြိုဆိုတယ်၊ထောက်ခံ   တယ်။ဒါပေမဲ့အစိုးရကိုသတိထား ဆက်ဆံဖို့၊ လုံးဝမယုံကြည်လိုက် ဖို့ သူတို့ကပြန်ပြီးသတိပေးတာမျိုး တော့ရှိတယ်။ ဒါကပြည်သူလူထု ရဲ့အမြင်၊သဘောထားပါ။ အပြန် အလှန် ပူးပေါင်းဆောင်ရွက်မှု တွေရှိနေသော်လည်း စစ်ဘက်ကို ၀ကွက်မယုံကြည်လိုက်ဖို့ပေါ့နော်။
ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ တွေနှစ်များစွာ အမြစ်တွယ်ခဲ့တာ ဟာ တာဝန်ရှိအစိုးရအဆက်ဆက် ရဲ့ အားနည်းချက်ကြောင့်လား၊ သဘောထားတင်းမာမှုတွေကြောင့်လို့ ယူဆလို့ရမလားဖထီးခင်ဗျာ။
ခုဆိုအပစ်အခတ်ရပ်စဲရေး အတွက် ခြေလှမ်းသစ်တစ်ခုကြိုး ပမ်းနိုင်ခဲ့ပြီလေ။  ဒီပြည်တွင်း လက်နက်ကိုင်ပဋိပက္ခက ၆၄ နှစ် တိုင်ခဲ့ပြီ။ အဲဒီကာလမှာ တိုက်ပွဲ  တွေဘဲဖြစ်ခဲ့တော့ တိုင်းပြည်ဖွံ့ဖြိုး   မှုနောက်ကျခဲ့ရတယ်။ အစိုးရ အဆက်ဆက်က ဒီကိစ္စက ဒီတိုင်း ရင်းသားအရေးကိစ္စကို နိုင်ငံရေး အရ စားပွဲဝိုင်းမှာ မဖြေရှင်းဘဲ လက်နက်နဲ့ဖြေရှင်းခဲ့တော့ ပဋိပက္ခ ကြီးက မချုပ်ငြိမ်းခဲ့တာ။ မြန်မာ ပြည်မှာက ဒီတိုင်းရင်းသားအရေး ကိစ္စတွေကို နိုင်ငံရေးနည်းလမ်းနဲ့  ဖြေရှင်းရမှာ။  ဒါအဓိကထား ဖြေရှင်းရမယ့် ပြဿနာပဲ။ နိုင်ငံ ရေးစားပွဲဝိုင်းမှာ ဒီပြဿနာကို မဖြေရှင်းခဲ့လို့ ၆၄ နှစ်လုံးပြဿနာ  တွေဖြစ်ခဲ့တာ။ ဒီကိစ္စကိုဘယ်လို ဖြေရှင်းမှရမလဲဆိုတာကို အစိုးရ ကလည်းသဘောပေါက်တယ်လေ။
တိုင်းရင်းသားတွေ တောင်းဆိုတဲ့ အချက်တွေထဲက အခြေခံအကျ ဆုံးဖြစ်တဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ကြိုးစားနေမှုကရော ဘယ်အတိုင်း အတာထိအောင်မြင်နေပြီလို့ ယူဆ လို့ရလဲ။
ကျွန်တော်တို့တိုင်းရင်းသား  တွေအတွက် တန်းတူအခွင့်အရေး   အပြင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ  အတွက် ဦးထိပ်ပန်ဆင်ပြီး ကြိုး ပမ်းဆောင်ရွက်နေပါတယ်။ ပြော ရရင် လက်ရှိအနေအထားအရ  လုပ်ဆောင်ဆဲကာလလို့ပဲ ပြော ရမယ်။ အစိုးရနဲ့ သဘောတူညီ ချက်တွေမှာ ခုမှအပစ်အခတ်ရပ် စဲရေးဆိုတာကိုပဲ လုပ်နိုင်ခဲ့သေး  တာလေ။ကျန်တဲ့ကိစ္စတွေကလည်း နိုင်ငံရေးစားပွဲဝိုင်းမှာ အခြေချ ဆွေးနွေး အဖြေရှာမှပဲ ရမယ်။ အဓိကကတော့ လွတ်လပ်ခြင်း၊ တရားမျှတခြင်း စတာတွေကို တိုင်းရင်းသားတွေအားလုံးတန်းတူ ညီတူခံစားခွင့်ရရှိရေးက အဓိက ပါပဲ။
သမ္မတကြီးကလည်း ကမ္ဘာကို ကြေညာထားပြီးပြီ။ ထာဝရ ငြိမ်း ချမ်းရေးတည်ဆောက်ဖို့နဲ့ပတ်သက် ပြီးတော့။ ဒီတော့သမ္မတကြီးကမ္ဘာ ကို ကြေညာထားသလို ထာဝရ ငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ အပစ် အခတ်ရပ်စဲရေးအတွက် တကယ် လုပ်ဆောင်နိုင်လိမ့်မယ်လို့ရော ယုံကြည်ပါသလား။
အစိုးအနေနဲ့ ပြောတာတော့ ပြောတာပေါ့ဗျာ။ ဒါပေမဲ့အပြော ပြောနေရုံနဲ့ ထာဝရငြိမ်းချမ်း  ရေး၊ စစ်မှန်တဲ့  အပစ်အခတ်ရပ်စဲ ရေးလုံးဝဖြစ်မလာနိုင်ဘူး။ ဒီလို ဆိုရင် ပြောတဲ့အစိုးရပဲ ဖြစ်သွား မှာပေါ့။ ခုလက်ရှိအစိုးရအနေနဲ့ လည်း တော်တော်လုပ်ပါတယ်။ ဒါပေမဲ့ အပြောနဲ့ ညီတဲ့လုပ်ဆောင် မှုတွေဖြစ်လာ မလာကတော့ဆက်   ပြီး စောင့်ကြည့်သွားရဦးမှာပေါ့ ဗျာ။အပြောပြောတဲ့ အစိုးရလား၊ အလုပ်နဲ့သက်သေပြတဲ့ အစိုးရ   အားဆိုတာကိုတော့ တိုင်းရင်းတွေ  က စောင့်ကြည့်နေပါတယ်။ ခုနက  ပြောခဲ့သလိုပဲလေ။ ကျွန်တော် တို့တိုင်းရင်းသားတွေအနေနဲ့လည်း  အစိုးရနဲ့ လုပ်ဆောင်မှုတွေ အပေါ်ပူးပေါင်းလုပ်ဆောင်သွား ရမှာ။ စစ်မှန်တဲ့ ထာဝရငြိမ်းချမ်း ရေးဖြစ်လာဖို့အစိုးရမှာ တာဝန် အရှိဆုံးပဲ ကျွန်တော်တို့မှာက အစိုးရကိုစောင့်ကြည့်ပြီး ပူးပေါင်း လုပ်ဆောင်သွားရမှာ။ထာဝရငြိမ်း ချမ်းရေးအတွက် ပြုပြင်ပြောင်းလဲ ရေးလိုလုပ်ဖို့ ဖြေလျှော့မှုတွေလုပ် ပေးဖို့က အစိုးရမှာတာဝန်ရှိတာ ကျွန်တော်တို့မှာ တာဝန်မရှိဘူး။ တကယ်တမ်းမျှော်မှန်းထားသလို ဖြစ်မလာဘူးဆိုရင်တော့ အစိုးရ မှာတာဝန်ရှိသွားလိမ့်မယ်။
ဟုတ်ကဲ့ခုလိုဖြေကြားပေးတဲ့ အတွက် ဖထီး(ဗိုလ်ချုပ်ကြီး) ကိုကျေးဇူးအထူးတင်ပါတယ်။ (Hotnewsweelky)
Thursday, September 5, 2013

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ပါတီအမြဲတမ်း ဗဟိုကော်မီတီဝင် ဦးရီမာန်ထူးနဲ့ တွေ့ဆုံမေးမြန်းခြင်း

"သေနတ်မပေါက်ရုံနဲ့ ငြိမ်းချမ်းရေးခေါ်လို့ မဟုတ်ဘူး"…
၂၀၁၅ရွေးကောက်ပွဲဝင်တာနဲ့ ကရင်နီအမျိုးသားတော်လှန်ရေးချုပ်ငြိမ်းပြီ…
သတင်းတွေမှာ ကြားရလေ့မရှိတဲ့ အကြောင်းအရာနဲ့ အဖြစ်အပျက်တွေ ကြားသိရတော့မှာပါ….
သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်ကို ဗမာပြည်ထဲသိမ်းသွင်းဖို့ ၁၉၄၈ခုနှစ် သြဂုတ်လ (၉)ရက်နေ့မှာ ကရင်နီအမျိုးသားခေါင်းဆောင် ဦးဘီတူရီ တည်ရှိရာမြလဲရွာကို ဖဆပလ ဗမာစစ်အစိုးရတပ်တွေက စတင်ဝင်ရောက် တိုက်ခဲ့တဲ့အတွက် ကရင်နီအမျိုးသားတွေက ရရာလက်နက်နဲ့ ပြန်လှည်ခုခံ တိုက်ခိုက်ခဲ့ရာကနေ ကရင်နီအမျိုးသား တော်လှန်ရေးဖြစ်ပေါ်လာခဲ့တာပါ။
ယခုဆိုရင် လက်နက်ကိုင်တော်လှန်ရေးဟာ နှစ်ပေါင်း(၆၅)နှစ်ရှိသွားခဲ့ပါပြီ။ အမျိုးသားလွတ်မြောက်ရေး၊ တန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြန်လှည်ရရှိရေးအတွက် ယနေ့ထိတိုင် လက်နက်ကိုင်တော်လှန်နေဆဲရှိတဲ့အတွက် နှစ်ပေါင်း (၆၅)နှစ်ကို ဘယ်လိုကျော်ဖြတ်ခဲ့ကြလဲ… ယနေ့မြန်မာပြည်နိုင်ငံရေး အပြောင်းအလဲမှာကော တော်လှန်ရေးရဲ့ အခြေအနေက ဘယ်လို ဆက်သွားမလဲ… ဒီအကြောင်းအရာနဲ့ ပါတ်သက်ပြီး ယနေ့အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေး ထိုးထားတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ပါတီအမြဲတမ်း ဗဟိုကော်မီတီဝင် ဦးရီမာန်ထူး နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။
ကေတီ။       ။ ပထမဦးဆုံးအနေနဲ့ ဦးက ဒီကရင်နီအမျိုးသား ခုခံတော်လှန်ရေးထဲ ရောက်လာရတဲ့ အကြောင်းအရင်းနဲ့ ပါတ်သက်ပြီး ရှင်းပြပေးစေချင်ပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ပါတီအမြဲတမ်း ဗဟိုကော်မီတီဝင် ဦးရီမာန်ထူး (ဓါတ်ပုံ-ကေတီ)
ဦးရီမာန်ထူး။  ။တော်လှန်ရေးထဲကို ဝင်တယ်ဆိုတာ ဟိုးကျောင်းသားဘဝကတည်းကဘဲလေး ဦးတို့ ရဲ့ ပြည်သူလူထုကို အကျိုးပြုဖို့ ဦးရဲ့စိတ်ဓါတ်က နှကိုယ်ကတည်းကရှိထားပြီးသား ဘာဖြစ်လို့လဲဆိုရင် ဦးလေးအသက်ငယ်ငယ် တုန်းက လွိုင်ကောင်မှာ မြေတိုင်းဌာနမှာ အလုပ်လုပ်တယ်လေး အဲဒီမှာ အဲဒီလိုအလုပ်လုပ်ရင်းနဲ့ ပြည်မကလာတဲ့ လူတွေ နောက်ပြီး ကယားပြည်နယ်မှာဆိုတဲ့လူတွေ အစိုးရပေါ့နော သူတို့ က ကျွန်တော်တို့ပြည်သူ လူထုပေါ်မှာ အနိုင်ကျင့်တာကိုဦးက မျက်မြေတွေ့ ရတဲ့အခါကြတော့ တနေ့ကျရင် ငါကျောင်းပြန်တက်ရမယ် ကျောင်းတက်ရပြီး ကျောင်းတက်ပြီးရင်တော့ ဦးရဲ့ အမျိုးသားတွေ ကိုတမျိုးတဖုံ ပြန်ကူညီနိုင်အောင် ဆိုပြီးတော့ အဲဒီသဘောနဲ့ ကျောင်းတက်ခဲ့တယ် ကျောင်းတက်ပြီးတော့ ဦးက ဒီတော်လှန်ရေးထဲကို ဆက်ဝင်လာတယ်လေး။ ကေတီ။       ။အခုကရင်နီအမျိုးသားခုခံတော်လှန်ရေးခရီးက နှစ်ပေါင်း ၆၀ ကျော်နေပြီဆိုတော့ အမျိုးသားရေးအတွက် ဘာအောင်မြင်မှုတွေ ရရှိနေပြီလဲ။
ဦးရီမာန်ထူး။  ။အမှန်ကျတော့ ဆင့်ကဲဆင့်ကဲ အောင်မြင်မှုတွေတော့ ရှိပါတယ် ဥပမာ အစတုန်းကဆိုရင်တော့တကယ့် သူများကျွန်တော်တို့ ကိုပြောသလိုပေါ့ သူပုန်ဆိုတာ တကယ့်သူပုန်အစစ်ပါဘဲ ဒါပေမယ့် တဖြည်းဖြည်းနဲ့ လက်နက်ခဲယမ်း မီးကျောက်တွေ တခါတလေ စစ်တပ်အင်အား တောင့်တင်းတဲ့စစ်တပ်ရယ် စည်းမျဉ်းစည်းကမ်းတွေ နောက်ပြီး နိုင်ငံရေးတွေ အများကြီး တိုးတက်မှုတွေရှိလာခဲ့ပါတယ် ဥပမာ ဟိုတုန်းကဆိုရင်ပြောရမယ်ဆိုရင် တကယ့် ဥပဒေမဲ့ သာသာလောက်ရှိပါတယ် ဒါပေမယ့် ၁၉၈၀ နောက်ပိုင်းမှာဆိုရင် ဥပဒေသေချာ ချမှတ်ခဲ့တယ် နောက်ပြီး စည်းမျဉ်းစည်းကမ်းတွေ သေချာ ချမှတ်ခဲ့တယ် နောက်ပြီး နိုင်ငံရေးလည်း တော်တော်လေးကိုခေတ်နဲ့အညီ လိုက်လျောပြီးတော့ လုပ်သွားနိုင်တဲ့ အနေအထား ရှိပါတယ်။
ကေတီ။       ။ တော်လှန်ရေးသက်တန်း တလျောက်မှာ ဆုံးရှုံးမှုတွေလဲရှိမှာပါ။ ဦးတယောက်ထဲအနေနဲ့ တော်လှန်ရေးရဲ့ ဆုံးရှုံးမှုတွေက ဘာလဲလို့ပြောနိုင်လဲ…
ဦးရီမာန်ထူး။  ။ဆုံးရှုံးမှုတွေကတော့ ရန်သူရဲ့ဖိနှိပ်မှု ရဲ့နှိပ်စက်မှုကြောင့် ကျေးရွာလူထုတွေ တော်တော်လေး ခံကြရပါတယ် ကျေးရွာတွေ မီးရှို့ ဖျက်ဆီးလိုက်တာတို့  ပြည်သူလူထု တရပ်လုံးကို မောင်းထုတ်ပစ်တာတို့  အဲလိုမောင်းထုတ်လို့ဘဲ ဒီနယ်စပ်မှာ ပြည်သူ ၁၀၀၀၀ ကျော်ကျော် ရောက်နေတာပေါ့ အိုးမဲ့အိမ်မဲ့ ရွာတွေလည်း တချို့ မရှိတော့ပါဘူး အဲလိုမျိုးဖြစ်တယ် အဲဒါက အဲလိုအခက်အခဲတွေနဲ့ကြုံတွေ့ နေရတယ် ဒီသက်တမ်းတလျှောက်မှာပေါ့။

ကွန်ကရက်အတွင်းဆွေးနွေးအားကောင်းရန် အစည်းအဝေးအားလပ်ချိန်အတွင်း KNPP ပါတီဝင်အချို့နဲ့ဆွေးနွေးနေစဉ် (ဓါတ်ပုံ-ကေတီ)
ကေတီ။       ။ ကရင်နီအမျိုးသား ခုခံတော်လှန်ရေး မှာပေါ့နော်… ၁၉၇၈ခုနှစ်မှာ နိုင်ငံရေးအယူဝါဒတွေ၊ ခံယူချက်တွေ မတူကွဲပြားလို့ နှစ်ခြမ်း ကွဲခဲ့တာတွေ ရှိတယ်လို့ ကျနော်တို့ လေ့လာ သိရှိရပါတယ်။ အဲ့ဒီနှစ်ခြမ်းကွဲသွားတဲ့ကိစ္စဟာ အခုပြည်တွင်းမှာရှိနေတဲ့ ကလလတတို့ နဂါးအဖွဲ့တို့၊ ကြယ်ဖြူ၊ ကြယ်နီ၊ ကယောနီစတဲ့အဖွဲ့တွေ တဖွဲ့ပြီးတဖွဲ့ခွဲထွက်သွားတဲ့ ကိစ္စတွေနဲ့ဘယ်လို ဆက်စပ်မှုတွေ ရှိနေလဲဆိုတာကို ရှင်းပြပေးပါလား။ ဦးရီမာန်ထူး။  ။ အဲဒီကလလတဆိုတဲ့အုပ်စု ခွဲထွက်တာကသူတို့ ရဲ့ရေးသားတဲ့စာထဲမှာ သူပြောတာက ကရင်နီဟာ ဒီမိုကရေစီကို လက်မခံဘူး ကရင်င်္နီပြည် မြန်မာပြည်ရဲ့ အစိတ်အပိုင်း ဖြစ်တဲ့အတွက်ကြောင့် ဒါ အစိုးရကို ပုန်ကန်ခဲ့တယ်လို့  သူတို့ဖြေတယ် ဒါပေမယ့် တကယ်တမ်း ပုန်ကန်ခဲ့အတွက် သူတို့ကမကြိုက်လို့  ခွဲထွက်ခဲ့တာဘဲ တကယ်တမ်းမဟုတ်ဘူး။ သူတို့ရဲ့ခွဲထွက်မှုက အဲဒီချိန်မှာက ပစ္စည်းမဲ့သဘောတရား နော ဆိုလိုတာကတော့ ကွန်မြူနစ်ဝါဒက ကြီးစိုးတဲ့အတွက် ကွန်မြူနစ်နောက်လိုက်ချင်တဲ့ သူတွေဖြစ်တယ် သူတို့ မခွဲခင်မှာ အဲဒီ ရှေ့တန်း တနေရာကို ထူးချောင်းရှေ့တန်းမှာ ဦးပြောထားတယ် လုပ်မှလုပ်ရင် ကရင်နီ ကွန်မြူနစ်ပါတီ ထောင်မှာပေါ့ ဘာဖြစ်လို့  မြန်မာပြည်ကွန်မြူနစ် နောက်လိုက်ရမှာလဲ ပြောသေးတယ်သူတို့ကို ဒါပေမယ့် သူတို့ သွားတယ်အဲဒီ သူတို့ ပြောနေတဲ့ ကရင်နီဟာ ဒီမိုကရေစီကို လက်မခံဘူး ကရင်နီပြည်ဟာ မြန်မာပြည်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ တိုင်းပြည်တခု နယ်မြေတခု ဖြစ်တယ်ဆိုတာ သူတို့လက်မခံလို့ ငါတို့ ခွဲထွက်ရခြင်းဖြစ်တယ် ဆိုတဲ့သူတို့ရဲ့ပြောဆိုမှုကလုံးဝ မမှန်ကန်ဘူး လို့ကျွန်တော်မြင်တယ် အဲဒါကြောင့် သူတို့ခွဲထွက်ပြီး သူ့ နာမည် ကိုကြည့် ကရင်နီပြည်ရှိလူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး ဆိုပြီး အဲလို ကြွေးကြော်ခဲ့တယ်လေး အဲဒါ ကွန်မြူနစ်ဘဲ အဲဒါလုံးဝ အကြွင်းမဲ့ ကွန်မြူနစ်ကိုလက်ခံတာဘဲ ဘာဖြစ်လို့လဲဆိုရင် ကွန်မြူနစ်မှာ စစ်ဒေသဆို ၃ ခုရှိတယ် သူတို့က ဒီအလယ်ပိုင်းစစ်ဒေသ ဥပမာ ကလလတရယ် နောက်ပြီးတော့ ရလလဖ ရယ် နောက်ပြီး ကယန်းပြည်သစ် ဒါကအလယ်ပိုင်းစစ်ဒေသ အဲဒီစစ်ဒေသ အဲဒီစစ်ဒေသကိုကွပ်ကဲတဲ့လူက စောဘမိုး ဗကပ ဗဟိုကော်မတီ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဦးက ပန်ဆန်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ဆွေးနွေး တုန်းက ပြောခဲ့တယ် အဲလိုပြောလို့ဘဲ အစည်းအဝေးပျက်ခါနီးပြီ ဒီကိစ္စနဲ့ပတ်သက်ပြီး အဲဒါကြောင့် သူတို့က လိုးဝ ကွန်မြူနစ် အဖွဲ့ ဝင်ဘဲ သီးခြားပါတီတော့ မဟုတ်ဘူး နောက်မှဘဲ နအဖနဲ့ တရားဥပဒေထဲ ဝင်တဲ့အခါကြမှ သီးခြား သူတို့နာမည်ကို ကလလတ ဆိုပြီး သေသေချာချာ လုပ်လာတယ်။
ကေတီ။       ။ KNPP ရဲ့ ၀ါရင့်ခေါင်းဆောင်တဦးအနေနဲ့ ဒီ ကလလတတို့၊ နဂါးတို့၊ ကယောနီတို့အပေါ်မှာ အမှန်တကယ်ထားရှိတဲ့ အမြင်သဘောထားကို သိချင်ပါတယ်။

၂၀၁၃ ဇွန်လ ၅ ရက်နေ့ KNPP ကွန်ကရက်မစမှီ ကရင်နီတပ်မတော် ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြနှင့်တွေ့ရစဉ် (ဓါတ်ပုံ-ကေတီ)
ဦးရီမာန်ထူး။  ။ ကလလတ က သူတို့ အနေအထားက ကွန်မြူနစ်ပါတီနော ကွန်မြူနစ်ပါတီကနေမှ ပျက်သွားပြီးတော့ ကလလတ ပြန်ဖြစ်သွားတာ သဘောက နအဖ နဲ့ပေါင်းပြီး ၁၉၉၄ မှာ၊ နဂါး အဖွဲ့ ကျတော့ သူ့ ဟာက အများအားဖြင့် ဒီတပ်ပျက်တွေဘဲ ဥပမာ ဗိုလ်လီးရယ် ဆိုရင်လည်း ဒီစစ်ဌာန ကနေမှ ထုတ်ပယ် ပြီးသားဖြစ် တယ် ဖြစ်ပြီးတော့ နောက်တခါ ဟိုယာ အဲဒီဟိုယာအုပ်စုတွေကတော့ တကယ် တမ်းဆိုသူက အဲဒီသူတို့ အဲလိုမလုပ်ခင်မှာ ဦးကပြည်ထဲရေးဌာနမှာ လုပ်တော သူက လာပါတယ် ဆရာဆရာထင်တာက ကယော လူမျိုးတွေက ကယောပြည်ကို မအုပ်ချုပ်နိုင်ဘူးလို့ ထင်လား ကျွန်တော့ကို လာပြီးမေးဖူးတယ် ဒါပေမယ့် ကျတော်လည်း အိုး ငါကဒီသဘောထားမရှိဘူး သူးရယ်ကိုပို့တယ်ဆိုတာက သူ့ မှာအရည်အချင်းရှိလို့ ခရိုင်ဥက္ကဌ ဖြစ်နိုင်တဲ့ အရည်အချင်းရှိလို့ ပို့ လိုက်တာဘဲဖြစ်တယ် ကယားကျေးဇူးကို ငါလုပ်တာမဟုတ်ဘူး တချိန်ကလည်း နင်တို့ ဟိုယာမှာလည်းငါတာဝန်ယူခဲ့တာဘဲ အဲလိုဘဲ အမှတ်တမဲ့ပြောလိုက်တယ် နောက်ဆုံးကျတော့သူတို့အဲလိုဖြစ်သွားတယ် ဒါပေမယ့်သူတို့က KNPP ဟိုယာဒေသဆိုပြီးတော့ ကိုယ်ပိုင်အုပ်ချုပ်ရေးအနေနဲ့ KNPP အောက်မှာ ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုလိုတာက ကယောနယ်မြေကို ကယောဘဲ အုပ်ချုပ်စေရမယ် ဆိုတဲ့အမြင်နဲ့ သူတို့လုပ်တာဘဲဖြစ်တယ်။ ကေတီ။         ။ လက်ရှိမြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးမှာ အစိုးရကနေဦးဆောင်ပြီး တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေနဲ့ လုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာကော ဦးရဲ့အမြင်သဘောထားလေးကိုလဲ သိချင်ပါတယ်။ ရှင်းပြပေးပါလား။
ဦးရီမာန်ထူး။  ။အမှန်က ဦးကနိုင်ငံရေးတခုတည်း ကြည့်တဲ့အခါကြတော့ ဒီ ငြိမ်းချမ်းရေးဆိုတာက သေနတ်မပေါက် ရုံနဲ့ ငြိမ်းချမ်းရေးခေါ်လို့ မဟုတ်ဘူးလေး တကယ်ငြိမ်းချမ်းရေးဆိုတာ တကယ့်အခြေခံကျတဲ့ ပဋိပက္ခတွေကိုနော ဥပမာ ဗမာပြည်မှာဒီ ပဋိပက္ခ ဖြစ်တဲ့ အကြေင်းအရင်းကဘာလဲ ဦးတို့ကြည့်တော ဒါ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေဘဲ ဒီပြည်ထောင်စုရဲ့ဥပဒေကို ပြင်လိုက်လို့ရှိရင် သေနတ်မပေါက်တော့ဘူး ဆိုတာထက် ငြိမ်းချမ်းရေးကတော့ အမှန်တကယ်ထာဝစဉ် ရရှိမှာဖြစ်တယ် ဒီသေနတ်မပေါက်တာလောက်ဘဲ လုပ်မယ်ဆိုရင် ဥပမာတိုင်းရင်းသားတွေရဲ့ အခွင့်အရေးက ဘာမှရမှာမဟုတ်ဘူး အဲဒီ ၂၀၀၈ ခုနှစ်မှာ ရေးဆွဲထားတဲ့အခြေခံဥပဒေ အတိုင်းဆိုရင် တသက်လုံး လူတမျိုးက အာဏာရလာတာမကလို့  အဲဒီလူတမျိုးထဲက လူတစုကဘဲ အာဏာရသွားမယ် လူတစုအာဏာရလို့ ရှိရင် တပ်ကဘဲ တိုင်းပြည်အာဏာ ကိုဆက်ပြီး စိုးမိုးသွားမှာဘဲဖြစ်တယ်
အဲဒါကြောင့် ဦးတို့ ကသူတို့ နဲ့ မြင်တိုင်းတွေ့ တိုင်းပြောပါတယ် မင်းတို့ စေတနာ မှန်မှန်နဲ့လုပ်ပါ တကယ့်အရင်းခံဖြစ်တဲ့ ပြသာနာကို ဖြေရှင်းပါ သူတို့ကအဖျားလောက်ဘဲ သွားဖြေရှင်းတယ် သူများကို မလှိမ့်တပတ် မလှိမ့်တပတ် သွားလုပ်တဲ့အခါကြတော့ ဒါကတကယ့် နိုင်ငံရေးကို ရှေးရှုပြီးတော့ မရမချင်း တိုက်ပွဲဝင်အုံးမယ်ဆိုရင်တော့ အခုလုပ်တဲ့ငြိမ်းချမ်းရေးက တည်ငြိမ်မှု မရှိနိုင်ဘူး ငြိမ်းချမ်းရေးဆိုတာကလည်း ထာဝရငြိမ်းချမ်းရေး မဖြစ်နိုင်ဘူး ဦးလေးမြင်တာအဲဒါဘဲ။
ကေတီ။       ။ KNPP က လက်ရှိ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ဆန့်ကျင်ထားတယ်။ လာမည့် ၂၀၁၅ ခုနှစ်ရွှေးကောက်ပွဲကိုလဲ ၀င်ဖို့အကြောင်းအရင်းမရှိဘူးလို့ ဒီ ၂၀၁၃ခုနှစ် KNPP ပါတီကွန်ကရက်မှာ အသိအလင်း ချမှတ်ထားကြတာကို တွေ့ရတယ်။ အဲ့လိုဆိုရင် ကရင်နီအမျိုးသားအရေး ဒါမှမဟုတ်ရင်လဲ ကရင်နီတိုင်းရင်းသားအရေးကို အခုလိုပြောင်းအလဲကာလမှာ ဘယ်လို လုပ်ဆောင်မလဲ။

ကွန်ကရက်အစည်းအဝေး အတောအတွင်း (ဓါတ်ပုံ-ကေတီ)
ဦးရီမာန်ထူး။  ။၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဒါက နအဖ အလိုချင်ဆုံး ရတနာတခု ဖြစ်တယ် အဲဒီအလိုချင်ဆုံးအရာတခုကို ကျနော်တို့က ပေးလိုက်မယ်ဆိုရင် ကျနော်တို့ ခံရမှာဘဲ ဘာဖြစ်လဲဆိုရင် တရားဥပဒေဘောင်ထဲ ဝင်နော နောက်ပြီးတော့ ခင်ဗျားတို့  ပါတီ မှတ်ပုံတင်လုပ်.. လုပ်ပြီးတော့ ခင်ဗျားတို့  ရွေးကောက်ပွဲဝင်… ဝင်ပြီးတော့ ရွေးကောက်ပွဲမှာ ခင်ဗျားတို့ ရရင် အဲဒီမှာ ကျနော်တို့ ချုပ်ငြိမ်းသွားပြီ ဘာဖြစ်လို့ လဲဆိုရင် ဦးအောင်မင်းနဲ့ ဦးလေးတို့ တွေ့တုန်းကပြောတယ် ကျနော်တို့အဲဒီမှာ ဝင်မယ်ဆိုရင် ကျနော်တို့ပြောပိုင်ခွင့်ဘာရှိမလဲ ဘာမှမရှိဘူး ဘာဖြစ်လဲဆိုတော့ ၂၀၀၈ ဥပဒေမှာ ကျနော်တို့  တိုင်းရင်းသားပြောမှာက တိုင်းရင်းသား တောင်းဆိုမှာက ဒီမိုကရေစီ မဟုတ်ဘူး ကျနော်တို့ကျတော့ နော ကျနော်တို့ စစ်မှန်တဲ့ပြည်ထောင်စုကို တောင်းဆိုမယ်နော ဖက်ဒရယ်ပြည်ထောင်စုနော နောက်ပြီး ကျနော်တို့ တောင်းဆိုမှာက ကိုယ်ပိုင်ပြဌာန်းခွင့်နောက် တန်းတူရည်တူရှိမှုကို တောင်းဆိုမယ် အဲလိုတောင်းဆိုရင်  သူတို့ပြောတာက အရေး ၃ ပါးနဲ့ ထိနေတယ် အရေး ၃ ပါးနဲ့ခိုက်နေတယ် ဆိုပြီးတော့ ဒါ မှတ်တမ်းတင်ပေးမယ် လို့  သူတို့ပြောမှာဘဲ မနေ့တုန်းကဘဲကြည့် သူများတိုင်းရင်းသားအရေး ဘာမှမပြောသေးဘူး တိုင်းရင်းသား
ပါတဲ့ စာလုံးကို ပြောမိတာနဲ့ဘဲ ရွှေမန်းက တူထုပြီးတော့ လွှတ်တော်နဲ့ဆိုင်တဲ့စကားဘဲပြောပါ ဆိုပြီးတော့ ပြောတယ်မလား အဲဒါဘဲကြည့်လေး အဲဒါကြောင့် ဘယ်လိုမှ တသက်လုံး တိုက်ပွဲဝင်လာပြီး ကျတော် တို့လိုချင်တဲ့ ကျနော်တို့တောင်းဆိုတဲ့ နိုင်ငံရေးလမ်းကြောင်းပေါ် ဘယ်လိုမှရောက်မှာမဟုတ်ဘူး အဲဒီလွှတ်တော်မှာဆိုရင် တကယ်လို့ ဒါကို တိုင်းရင်းသားအားလုံး ဝင်စေချင်ရင် နော အဲဒါဆိုရင် ၂၀၀၈ ဥပဒေကိုပြင် သို့ မဟုတ် ကျတော်တို့ ရေးဆွဲထားတဲ့ မူကြမ်းရှိတယ် ပြည်ထောင်စု တည်ဆောက်ဖို့ နောက် အနာဂတ် ပြည်ထောင်စုတည်ဆောက်ဖို့ အဲဒီအတိုင်းလုပ်မယ်ဆိုရင်ရတယ် တကယ်တမ်း နိုင်ငံရေးကိုရှေးရှုမယ် ဆိုလို့ ရှိရင် ဒါပေမယ့် ဒီ ဝန်ကြီးဖြစ်ဖို့ လောက်ဘဲ အမတ်တွေဖြစ်ဖို့ လောက်ဘဲဆိုရင် တမျိုးပေါ့။ ကေတီ။       ။ နောက်ဆုံးမေးခွန်းအနေနဲ့ ကျနော်တို့မေးမြန်းသွားတဲ့အပေါ်မှာ ဘာတွေထပ်ပြီးဖြည့်စွက်ပြောချင်ပါသလဲ။
ဦးရီမာန်ထူး။  ။ကျတော့အနေနဲ့ ခုနပြောသလို ဒီ ကျတော်တို့ နိုင်ငံရေးလုပ်လာခဲ့တာ နှစ်ပေါင်း ၆၀ လောက်ရှိပြီနော နှစ်ပေါင်း၆၀ ကျတော်တို့ ကြွေးကြော် တသက်လုံးကြွေးကြော် ကျတော်တို့ အရေး ကြွေးကြော်တဲ့ အချိန်မှာ ကျတော်တို့က လုပ်ပိုင်ခွင့်ရှိမှနော ကိုယ်ပိုင်ပြဌာန်းခွင့်ရှိမှဘဲ ကျတော်တို့  အမျိုးသား ဖွိ့ ဖြိုးတိုးတက်ရေး ကို ကျတော်တို့  လုပ်မယ် ဒါပေမယ့်လို့ အဲလောက် မစဉ်းစားဘဲနဲ့ ဒီ ၂၀၁၅ ရွေးကောက်ပွဲဝင်လိုက်လို့ ရှိရင် သူတို့  ခြယ်လှယ်တဲ့ သူတို့ ရဲ့စိုးမိုးထားတဲ့ ဥပဒေ အရဘဲ သူတို့ ဆုပ်ကိုင်မယ်ဆိုရင် ကျတော်တို့ ဘယ်လိုဘဲလုပ်လုပ် တို့မှာလုပ်ပိုင်ခွင့် အာဏာမရှိဘူး အခု ကယားပြည်နယ် ဝန်ကြီးချုပ်ကိုယ်တိုင်ဘဲ ပြောတယ် ငါဝန်ကြီးချုပ်သာဖြစ်တယ် ငါ့မှာ လုပ်ပိုင်ခွင့်အာဏာ ဘာမှ မရှိဘူး ဆိုကတည်းကအဲဒါဘဲ စဉ်းစားကြည့် ဒါတောင်မှ အဲဒီပါတီက ဘာပါတီလဲ ကြံ့ဖွတ်ပါတီတောင်မှ ဖြစ်သေးတယ် ကျနော်တို့ဆိုဝေး ရောပေါ့ သူတို့ နဲ့မဆိုင်တဲ့ပါတီဆို ဝေးရော အဲဒါဘဲ ဒါကြောင့် ကျနော်တို့  ပြည်သူလူထုတရပ်လုံးလည်း KNPP ကို ပြည်သူ့ အကျိုးပြုလုပ်ငန်း လုပ်နိုင်ဖို့  လမ်းကြောင်းပေါ်မှာ တွန်းပို့ ဖို့ တော့လိုမယ် ပြည်သူ့ အကျိုးကို ဘာမှမဆောင်ရွက်နိုင်တဲ့ လမ်းကြောင်းပေါ် လျှောက်ခဲ့ရင်လည်းဘဲ ကျတော်တို့ အလကားဖြစ်မယ် နောက်ပြီး ပြည်သူတွေလည်းဘာမှ အကျိုးခံစားရမှာ မဟုတ်ဘူး အဲဒါဘဲပြောချင်ပါတယ်။
ဦးရီမာန်ထူးဟာ ကရင်နီအမျိုးသား တော်လှန်ရေးခေါင်းဆောင်တဦးလဲဖြစ် KNPP အမြဲတမ်းပါတီဗဟိုကော်မီတီဝင် တဦးလည်းဖြစ်ပြီး လေးနှစ်တကြိမ်ကျင်းပသည့် ယခု ၂၀၁၃ ပါတီ ကွန်ကရက်မှာ သဘာပတိအဖြစ် တာဝန်ယူခဲ့ပါတယ်။

ကန္တာရ၀တီတိုင်း(မ်) 
Tuesday, September 3, 2013

ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်နှင့် တွေ့ဆုံခြင်း

" ကျွန်တော်တို့ရဲ့ကံကြမ္မာဟာ တိုင်းရင်းသားပြဿနာကို
ဖြေရှင်းနိုင်ခြင်းရှိ၊ မရှိအပေါ်လုံးဝမူတည်တယ်"
================================

ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်နှင့် တွေ့ဆုံခြင်း

Photo: " ကျွန်တော်တို့ရဲ့ကံကြမ္မာဟာ တိုင်းရင်းသားပြဿနာကို
 ဖြေရှင်းနိုင်ခြင်းရှိ၊ မရှိအပေါ်လုံးဝမူတည်တယ်"
================================

ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်နှင့် တွေ့ဆုံခြင်း

► ဟုတ်ကဲ့ မန်းငြိမ်းမောင်ခင်ဗျာ။ မန်းက တစ်ကျွန်းပြန်လည်းဖြစ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားပါ။ အခုတစ်ကျွန်း ကနေ ထွက်ပြေးလွတ်မြောက်မှုကို စာအုပ်လည်း ရေး သားထုတ်ဝေထား တာဆိုတော့ ကိုကိုးကျွန်းမှာ မန်းတို့ ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေလေးကို အကျဉ်းပြောပြပါလား။

ဖြေ - ကျွန်းပို့တယ်ဆိုမှတော့ လမ်းဆုံး သွားပြီလေ။ အမှန်က နိုင်ငံရေးအကျဉ်း သားဆိုတာ စောင့်ရှောက်ပေးရမယ်။ ကျွန်တော်တို့ကို ရိက္ခာထုတ်ပေးတယ်။ ကိုယ့်ဟာကိုယ် ချက်စားရတယ်။ သူတို့ ကတော့ ကိုယ်ထူကိုယ်ထ စနစ်လို့ ပြော တာပဲ။ ပြီးတော့ ကျွန်တော်တို့ ဆေးဝါး အပြည့်အစုံမရဘူးဗျ။ အာဟာရချို့တဲ့ တာကတော့ လူတိုင်းလိုလိုပါပဲ။ ဒီလို တွေကြောင့်ပဲ အစာငတ်ခံတိုက်ပွဲ ၄ ကြိမ် ဖြစ်ခဲ့တယ်။ ကျွန်တော်ကတော့ နှစ်ကြိမ်မီခဲ့တယ်။ နောက်ဆုံး တစ် ခေါက်ဆို ပြင်းထန်တယ်။ ၅၃ ရက်ကြာ တယ်ဆိုတော့ အပြင်းထန်ဆုံးပဲပေါ့။ ဖိ နှိပ်မှုက အလွန်ပြင်းတယ်လေ။ အဲ့ဒီ ခေတ်ကတော့ ဘာသတင်းလွတ်လပ် ခွင့်မှ မရှိတော့ ကျွန်းပို့တာတောင်မှ ဘတ်စ်ကားကြီး ထုံးသုတ်ပြီး ညသန်း ခေါင်ကြီးပို့တာလေ။ တိုင်းပြည်ကလည်း ကျွန်းပို့တယ်ဆိုတာ နောက် အနှစ် ၃ဝ လောက်မှ သိရတာလေ။ ကျွန်တော်တို့ ကို ကျွန်းမပို့မီမှာ အင်းစိန်ထောင်မှာ ရိုက်တာနှက်တာတင် တချို့ဆိုနံရိုးကျိုး၊ တချို့ဆို သရက်ရွက်၊ ကျောက်ကပ်ပျက် စီးနဲ့ ကျွန်းမပို့မီမှာ အပြင်းထန်ဆုံး နှိပ်စက်ပြီးမှ ပို့တာလေ။

► ဟုတ်ကဲ့ပါ။ မန်းထောင်ကလွတ် လာပြီး မကြာခင်မှာပဲ မန်းဟာ နိုင်ငံရေး ဓားစာခံအနေနဲ့ အသုံးချခံရတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အခုမန်းတို့ KNU က အစိုးရနဲ့ ဆက်ဆံရေးအကောင်းဆုံး အနေအထားလို့ ပြောလို့ရတယ်။ ဒါဆို မန်းကဘယ်လိုအကြောင်းအချက် တွေကြောင့် မန်းတို့ကလက်ရှိ အစိုးရ အပေါ် ယုံကြည်မှု တိုးပွားလာစေတာလဲ။

ဖြေ - တွေ့ဆုံဆွေးနွေးမှုပေါ့ဗျာ။ ကျွန် တော်တို့ သမ္မတကြီးနဲ့ နှစ်ခါတွေ့တယ်။ ပြီးတော့ သူ့ရဲ့ နိုင်ငံတော်အခြေပြု မိန့် ခွန်းတွေနဲ့ အခြားမိန့်ခွန်းတွေကို လေ့ လာတယ်။ သမ္မတကြီးဟာ တကယ်ပဲ ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်မယ့် သူဆိုတာကို ကျွန်တော်ယုံတယ်။ ဒါ့ ကြောင့် သမ္မတကြီး အပြောင်းအလဲကို သတ္တိရှိရှိ ဖော်ဆောင်ပါ။ ကျွန်တော်တို့ ထောက်ခံပေးပါ့မယ်လို့ ပြောခဲ့တယ်။ ပြီးတော့ ကာချုပ်နဲ့လည်း တွေ့ဖြစ် တယ်။ အဲ့ဒီမှာ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် ကျွန်တော်တို့ဆီက အကြံဥာဏ်တွေတောင်းတယ်။ပြီးတော့ အဲ့ဒီအတိုင်းလည်းတချို့နေရာ ကျင့်သုံး တာတွေ့ရတယ်။ ဒီအချက်တွေကပဲ ကျွန်တော်တို့ကြားက ယုံကြည်မှုကို တိုး ပွားလာေ စတာပေါ့ဗျာ။

► တလောက ကရင်တိုင်းရင်းသား လက်နက်ကိုင်တွေ တွေ့ဆုံပြီး တစ်ခု တည်းသော နိုင်ငံရေး ရပ်တည်ချက်၊ တစ်ခုတည်းသော လက်နက်ကိုင် တပ် မတော် အဖြစ် ပေါင်းစည်းရေး ဆွေးနွေး ခဲ့ကြပါတယ်။ မူအားဖြင့်လည်း သဘော တူခဲ့ကြတယ်လို့သိရပါတယ်။ အကောင် အထည်ပေါ်လာဖို့ ဘယ်လိုအနေအထား ရှိမလဲဆိုတာ သိချင်ပါတယ်။

ဖြေ - အဲဒါကတော့ ယေဘုယျ သဘောထားပါပဲ။ ဒါတွေက အခက်အခဲ အများ ကြီးရှိတယ်။ ကရင်ဆိုတဲ့ ကရင်လူမျိုး အနေနဲ့ တူတာဆိုတာကလွဲလို့ ကျန်တဲ့ အကျိုးစီးပွားတွေ အတွက် ကျန်တဲ့ အ ခက်အခဲတွေက အများကြီးပါ။ ဒါပေမဲ့ ဒီလိုပေါင်းစည်းလိုတဲ့ ဆန္ဒရှိတာကိုက အပြုသဘော ဆောင်တယ်လို့ ကျွန် တော် ယူဆပါတယ်။ ဒါပေမဲ့ တစ်ခုတည်း စု စည်းဖို့ဆိုတာ အလွန်ခက်ခဲ ပါလိမ့်မယ်။ အထူးသဖြင့် နယ်ခြား စောင့်တပ်  BGF ပေါ့။ BGF က တပ် မတော်ရဲ့ ချုပ်ထိန်းမှုအောက်မှာ ရှိနေတာက ပိုပြီးခက်ခဲစေ ပါတယ်။  ဒါပေမဲ့ ဒါကအစိုးရနဲ့ နိုင်ငံရေးအရ ပြေလည်မှုအပေါ်မှာ မူတည်ပါတယ်။

► ဟုတ်ကဲ့ပါ  မန်း။ နောက်တစ်ချက် စိတ်ဝင်စားတာက အခု KNU ထိန်း ချုပ်ဒေသတွေမှာ သယံဇာတ တူးဖော် ရေးနဲ့ပတ်သက်ပြီး အစိုးရနဲ့ ဘယ်လို သဘောတူညီမှုမျိုး ရှိပါသလဲ။

ဖြေ - ဘာမှမရှိဘူး။ ဘာတိုးတက်မှုမှ မရှိသေးဘူး။ ကျွန်တော်တို့ကလည်း ဒီ အပေါ်မှာ ဘာဖြစ်သလဲဆိုရင် သယံ ဇာတတူးဖော်ရေးနဲ့ ပတ်သက်ပြီး ထည့် သွင်းစဉ်းစား ဆင်ခြင်ရမယ့် ကိစ္စတွေ အများကြီးလေ။ ဥပမာ မြစ်ဆုံ၊ လက် ပံတောင်းတောင် ကိစ္စတွေ၊ ဒါတွေဟာ သင်ခန်းစာယူရမယ့် ဖြစ်ရပ်တွေပဲ။ ဒါ့ ကြောင့် ကျွန်တော်တို့က သယံဇာတ တူးဖော်ရေးနဲ့ ပတ်သက်ရင်အဓိက စဉ်း စားတာကဒေသခံပြည်သူတွေ မထိခိုက် ဖို့၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ဖို့၊ အဲဒါတွေကို သတိထားရမယ်။ သယံ ဇာတဟာ ပြည်သူကို အဓိက အကျိုးပြု စေရမယ်ဆိုတဲ့ အချက်ကို အဓိက စဉ်း စားမယ်။ လူတစ်စုတစ်ဖွဲ့ရဲ့ အကျိုး စီး ပွားအတွက် မလုပ်မိဖို့ အခြေခံ စည်း ကမ်းချထား တယ်။

► အခုလက်ရှိမှာ ဟတ်ကြီးဆည်တည်ဆောက်ရေး အနေအထားကရော။

ဖြေ - ဟတ်ကြီးဆည် စီမံကိန်းက ဘာ တိုးတက်မှုမှ မရှိသေးဘူး လုပ်မယ်ဆို တဲ့ ကုမ္ပဏီတွေက ဆာဗေး (လေ့လာတိုင်းတာရေး) အဆင့်ပဲ ရှိသေးတယ်။ ဆည်တစ်ခု လုပ်ပြီဆိုရင် ငလျင်ကြော လွတ်သလား၊ မလွတ်ဘူးလား ဆိုတာ အဓိကကျတယ်။ အဲ့ဒါကို ထည့်မစဉ်း စားရင် နောက်ပိုင်း အရမ်းအန္တရာယ် ရှိတယ်။ အခုတော့ လေ့ လာတဲ့အဆင့် မှာပဲ ရှိသေးတယ်။ ဘာတိုးတက်မှုမှ မရှိသေးပါဘူး။ ပြီးတော့ နယ်မြေ ပြ ဿနာပေါ့။ ဆည်တည်ဆောက်ရေး လုပ်ငန်းခွင်ဟာ ဘယ်သူ့ထိန်း ချုပ်မှု အောက် မှာ ရှိမလဲဆိုတာနဲ့ ပတ်သက် ပြီး အမြင်တွေ ညှိနေကြတုန်းပါ။ အပြင် မှာသိထားသလို မဟုတ်ပါဘူး။ ပြီးတော့ KNU ရဲ့ တရားဝင် စီး ပွားရေးလုပ်ငန်းကတော့ ဘာမှ မရှိသေး ဘူး။ အခုမှ လေ့လာတုန်း။ ကျွန်တော် တို့ ကရင်တွေက စီးပွားရေးမှ မလုပ် တတ်တာ။ တစ်သက်လုံးစစ်တိုက်လာ တာ ဆိုတော့ ခရီးသွားလုပ်ငန်းဆိုတာက လည်း အခုမှကုမ္ပဏီဆိုင်းဘုတ် ထောင် တာပဲ ရှိသေးတယ်။ ခရီးသည် တစ် ယောက်မှတောင် မလာသေးဘူး။

► ပြီးတော့မန်းလက်ရှိပြည်နယ်အစိုး ရတွေရဲ့ လုပ်ပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့ရော KNU က ဘယ်လို ရှုမြင်လဲ။ ဘာလို့လဲဆိုတော့  ကဏ္ဍတော်တော်များများ မှာ ပြည်ထော င်စုအစိုးရက ချုပ်ကိုင်ထားတဲ့ အခြေအနေမျိုးဆိုတော့ ဥပမာသစ်တောကဏ္ဍတို့ သဘာဝသယံဇာတ ကဏ္ဍတို့မှာပေါ့။

ဖြေ - သေချာတာပေါ့။ ပြည်နယ်အစိုး ရတွေမှာ ဘာလုပ်ပိုင်ခွင့်မှ မယ်မယ်ရရ မရှိသေးဘူး။ အခု ပြည်နယ် အစိုးရ တို့ ပြည်ထောင်စုအစိုးရတို့ဆိုတာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥ ပဒေအရ တည် ဆောက်ထားတဲ့ ယန္တရားဖြစ်တယ်။ ပြည်နယ်ဝန်ကြီးချုပ် တော်တော်များများ  ဟာ စစ်ဗိုလ်ချုပ်လူထွက်တွေပဲဗျာ။ ဘာ ပြည်နယ်ရဲ့ အကျိုးစီးပွားမှ မရှိဘူး။ သူ တို့ရဲ့ အကျိုးစီးပွားပဲ ရှိတယ်။ နားလည် မှု အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲမှာကို ပြင်ဆင်ညှိနှိုင်းသွားရမယ့် အခြေအနေပဲ။ ဒီတိုင်းပြည်မှာ တိုင်း ရင်းသားေ တွ ဟာ သူ့နယ်၊ သူ့ဒေသကို သူတို့ ပိုင်တယ်ဆိုပြီး ခံယူထားတယ်။ ကျွန်တော်တို့ တိုက်နေတာကလည်း အဲဒါကြောင့်ပဲ။ အစိုးရကလည်း ခေတ် အဆက် ဆက်မှာ ကို မြေပေါ်မြေအောက် သယံဇာတကို နိုင်ငံတော်က ပိုင်ဆိုင် တယ်ဆိုပြီး ဥပဒေနဲ့ကို ပြဋ္ဌာန်းထား တယ်။ အဲဒီမှာပဲ အမြင်နှစ်ခု ချဉ်းကပ် ပုံနှစ်ခုက အခြေခံကစပြီး ကွဲနေတော့ တာပဲ။

► ပြီးတော့ ခေတ်အဆက်ဆက် အစိုးရတွေဟာ တိုင်းရင်းသားလူနည်းစု တွေအပေါ် ဘာသာရေးအရရော၊ လူမျိုးရေးအရရော ဖိနှိပ်ချုပ်ချယ်မှုတွေ ရှိခဲ့တယ်လို့ အများက ယူဆထားကြ ပါတယ်။ ဒီအပေါ် မန်းတို့အမြင်ကရော။

ဖြေ - အမှန်ပေါ့ဗျာ။ အစဉ်အဆက်ဆို တာ အခုမှမဟုတ်ဘူး။ ဟိုးပဒေသရာဇ် ခေတ်တွေကတည်းကပဲ။ ဗမာသမိုင်း ရေးဆရာတွေက အနော်ရထာတို့၊ ဘု ရင့်နောင်တို့ဆိုတာ တကယ့်တိုင်းပြု ပြည်ပြု မင်းကောင်းမင်းမြတ်တွေ၊ တ ကယ့် ခေါင်းဆောင်တွေအနေနဲ့ သတ် မှတ်ထားတယ်။ ဗမာသမိုင်းဆရာတွေ က။ ဒါပေမဲ့ ကျွန်တော်တို့တိုင်းရင်း သားတွေက ဒီမင်းတွေဟာ တိုင်းရင်း သားတွေကို မျိုးဖြုတ်ခဲ့တာလို့ မြင်ထား တာဆိုတော့ သမိုင်းအမြင်ချဉ်းကပ်ပုံ ကိုက မတူဘူး။ ကျွန်တော်တို့ ဒါကို အများကြီး ညှိရဦးမယ်။ ကျွန်တော်တို့ နေပြည်တော်ကအရုပ်ကြီးတွေက လူမျိုး ကြီးစိတ်ဓာတ်အရ အခြေခံပြီး ထုထား တာ။ အဲ့ဒီအရုပ်တွေက အခုဆို နေရာ တကာမှာ လည်း တွေ့ရတယ်။ အဲ့ဒီအ မြင်နဲ့ပတ်သက်ပြီး အများကြီး ညှိရဦး မယ်။

► အခု လက်ရှိအနေအထားကရော။

ခင်ဗျားမေးတာ ကျွန်တော် သဘောပေါက်တယ်။ နှစ်ပေါင်းထောင် နဲ့ချီရှိခဲ့တဲ့ ဒီစိတ်ဓာတ်မျိုးက လျော့ မယ်ဆိုလည်း နည်းနည်းပါးပါးပဲ လျော့နိုင်မှာပေါ့ဗျာ ဟုတ်တယ်မို့ လား။

► မြန်မာနိုင်ငံရဲ့အနာဂတ် ဘာဖြစ် မလဲဆိုတာ ဘာသာရေးနဲ့ တိုင်းရင်းသား ရေးရာတွေက အဖြေထုတ်ပေးလိမ့်မယ် လို့ အမေရိကန်ကော်မရှင်က ထုတ်ပြန် တဲ့ ရီပို့ထဲ မှာ ဖော်ပြထားပါတယ်။ အဲ့ဒီ အဆိုအပေါ် KNU က ဘယ်လို အကဲ ဖြတ်လိုပါသလဲ။

ဖြေ - ဘာသာရေးတော့ ကျွန်တော် မသိဘူး။ ဒီတိုင်းပြည်မှာ မတော်လှန်တဲ့ တိုင်းရင်းသားလူမျိုး တစ်ခုမှ မရှိဘူး။ ဟုတ်တယ်နော် ကျွန်တော်တို့ တိုင်းပြည် ရဲ့ အဓိက ပြဿ နာက တိုင်းရင်းသား ပြဿနာကို မဖြေရှင်းနိုင်တာပဲ။ အဲ့ဒါ ရဲ့ အကျိုးဆက်က ပြည်တွင်းစစ် မငြိမ်း တော့ဘူး။ တိုင်းရင်းသားအရေးကို မဖြေရှင်းပေးနိုင် ဘူးဆိုရင် ဒီတိုင်းပြည် မှာ ပြုပြင်ပြောင်းလဲရေးတို့၊ ဒီမိုကရေစီ ရေးတို့ လာမပြောနဲ့။ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ အိပ်မက်တောင် မက်လို့ မရဘူး။ ကျွန်တော်တို့ရဲ့ ကံကြမ္မာဟာ တိုင်းရင်းသားပြဿနာကို ဖြေရှင်းနိုင် ခြင်း ရှိ၊ မရှိအပေါ် လုံးဝမူတည်တယ်။ 

တိုင်းရင်းသားပြဿနာကို မဖြေရှင်းနိုင် ကြလို့လည်းကျွန်တော်တို့တွေ နှစ်ပေါင်း ၆ဝ ကျော် လက်နက်ကိုင် တိုက်ခဲ့ကြရ တယ်လေ။ အခု ခင်ဗျားတို့ မြင်တယ်မ ဟုတ်လား။ ကျွန်တော်တို့ တိုင်းပြည်သူ များထက်နောက်ကျကျန်ခဲ့ပြီလေ။ ပြည် တွင်းစစ်ရပ်စဲပြီး ပြည် တွင်းငြိမ်းချမ်းရေး မဖော်ဆောင်နိုင်ဘဲနဲ့ ဒီမိုကရေစီစနစ်ကို ဒီနိုင်ငံမှာမှ မဟုတ်ဘူး။ ဘယ်နိုင်ငံမှာမှ မဖော်ဆောင်နိုင်ဘူး။ ဒီမိုကရေစီသမား အများစုကတော့ ဒီမိုကရေစီအရေး မိုး မွှန်အောင်ပြောမှာပေါ့။ တကယ်က တိုင်းရင်းသား ပြဿနာက ပိုပြီး အဓိက ကျပါတယ်။ ဒီမိုကရေစီက ပါးစပ်နဲ့ အော်ပြီး ပါးစပ်နဲ့တိုက်တာ။ ကျွန်တော် တို့က သေနတ်နဲ့တိုက်တာ။ ဒီသေနတ် သံတွေ မတိတ်ဘဲ ဘယ်လိုလုပ် ဒီတိုင်း ပြည်မှာ ငြိမ်းချမ်းရေးတည်ဆောက်နိုင်မှာလဲဗျာ။ စဉ်းစားပါဦး။

ေ ကျာ် ရဲ လ င်းေ တွ့ ဆုံေ မး မြ န်း သ ည် 

14Like · ·