ချုံခိုတိုက်ခိုက်လုပ်ကြံမှုကြောင့် ကျဆုံးသွားသော DKBA။ အမှတ် (၉၉၉) တပ်မဟာ။ အခြေချစစ် ဗျူဟာ။ အမှတ် (၇) တပ်ရင်း။ တပ်ရင်းမှူး ဒုဗိုလ် မှူးကြီး စောစံပြုံးနှင့် အပေါင်းပါတို့အား အများ ပြည်သူနှင့် သတင်းမီဒီယာများ သိရှိနိုင်ရန် ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူမှ ထုတ်ပြန် ကြေငြာချက်
DKBAအဖွဲ့အစည်းကို ၁၉၉၄ ခုနှစ်။ ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်၊ (၁၅) နှစ် သက်တမ်း ရှိလာပြီဖြစ်သော DKBAအဖွဲ့အစည်းနှင့် KNUတို့မှာ ပြေလည်မမရရှိဘဲ အခြေအနေတင်းမာလျက်ရှိသည်၊ မိမိတို့အဖွဲ့အစည်းသည် KNUနှင့် ပြေလည်မှုမရမခြင်း အများပြည်သူအသက် အိုးအိမ်စည်းစိမ်နှင့် နယ်မြေဒေသ အေးချမ်းသာယာတည်ငြိမ်းရေးအတွက် ဆက်လက် တိုက်ပွဲဝင်ရပါဦးမည်၊ KNU လုပ်ဆောင်ချက်တစ်ရပ်ကို ဖေါ်ပြရလျှင် ခလယ်ဒေး ရွာ။ ခလယ်ကာရွာ။ ဝါးမီကလာရွာ။ ထီးလယ်သူးရွာ။ ထီးလန်ဒို့ရွာ။ ထိပန်ရွာ။ ကလေ့မိုခီးရွာ။ မဲလာအရွာနှင့် မဲလာအထရွာတို့မှ ရွာသားများကို ဒုက္ခသည်စခန်းသို့ အတင်းအဓမ္မ သွားရောက်စေခဲ့သည်၊ ရွာသူရွာသားများ ရွာသို့မပြန်လာရဲအောင် ရွာဝင်လမ်းများနှင့် အိမ်လှေခါးရင်းတို့တွင် မိုင်းများ ထောင်ထားကြသည်၊ DKBAကြောင့် ရွာသားများဒုက္ခသည်စခန်းသို့ တိမ်းရှောင်ကြရသည်ဟု သတင်းထုတ်ပြန်ခဲ့ကြသည်၊ စောစံပြုံးမကျဆုံးမီ ရက်အနည်းငယ်ခန့်ကလည်း အင်တာနက်မှ ထွက်ပေါ်လာသည့် သတင်းမှာ တိုးတက်သော ဗုဒဘာသာ ကရင်အမျိုးသား တပ်မတော်။ အမှတ် (၉၉၉) တပ်မဟာ။ အခြေချစစ်ဗျူဟာလက်အောက်ခံ။ အမှတ် (၇) တပ်ရင်း။ တပ်ရင်းမှူး စောစံပြုံးသေဆုံးသွားသည်ဟု မှားယွင်းစွာ ရေးသားထားပါသည်၊
၂၇,၆,၂၀ဝ၉ ရက်နေ့ညကလည်း နိုင်ငံခြားအသံလွင့်ဌာနမှ ဒုဗိုလ်မှူးကြီး စောစံပြုံးနှင့် အပေါင်းပါ (၁၀) ဦးအား
ရေ$ကုကို့တွင် သဂ္ဂင်္ုလ်လိုက်သည်ဟု ကြေငြာပြန်သည်၊ အမှန်တကယ်သေဆုံးသည်မှာ စောစံပြုံးနှင့် အပေါင်းပါ (၅)
ဦး။ အရပ်သားဝန်ထမ်း (၃) ဦး။ စုစုပေါင်း (၈) ဦးသာ ဖြစ်သည်၊အခြားသတင်းတစ်ရပ်မှာ မိမိတို့အဖွဲ့နှင့် ချစ်ကြည်စွာလက်တွဲနေသည့် KNU ခွဲထွက် (KNLA)ငြိမ်းချမ်းရေးကောင်စီမှ လုပ်ကြံသတ်ဖြတ်ခြင်း ဖြစ်နိုင်သည်ဟုဆိုပြန်သည်၊ အဆိုးရွားဆုံးအချက်မှာ စောစံပြုံးအားဗိုလ်မှူးကြီး စောချစ်သူမှ လုပ်ကြံလိုက်ခြင်းဖြစ်သည့် သတင်းထွက်ပေါ်လာခြင်း ဖြစ်ပါသည်၊ ၄င်းသတင်းမှာ လွန်စွာမှားယွင်းပြီး ကလေးဆန်လွန်းပါသည်၊ လွန်စွာလည်း အောက်တန်းကျလှပါသည်၊
ီDKBAအဖွဲ့အစည်းအနေဖြင့် ငြိမ်းချမ်းမတို့ကိုလိုလားပြီး မိမိတို့အမျိုးဘာသာ။ သာသနာထွန်းကားရေးအတွက် မြိုင်ကြီးငူဆရာတော် ဘုရားကြီး.လမ်းညွန်မှုဖြင့် ဘာသာရေး။ လူမရေးတို့ကို တတ်စွမ်းသမျှ လုပ်ဆောင်ခဲ့လုပ်ဆောင်ဆဲရှိနေပါသည်၊ မနာလိုမရစိမ့်သော နိုင်ငံရေးအချောင်သမားများက မိမိတို့အဖွဲ့အစည်းအားအမျိုးမျိုးပြောဆိုတိုက်ခိုက်နေကြသည်၊မိမိတိုီ့DKBAအဖွဲ့အစည်းအနေဖြင့် မိမိတို့တိုင်းရင်းသားဒေသနယ်မြေများ အေးချမ်းတည်ငြိမ်ရေးအတွက် ၂၀ဝ၉ ခုနှစ်။ ဇွန်လ (၁) ရက်နေဏ္ဍမှ (၂၅) ရက်နေ့အထိ KNU တို့ ခိုအောင်းရာ။ တပ်မဟာ (၇) နယ်မြေရှိလယ်ပေါ်ဟဲ။ ကွီးလားဟေး။ မဲတရေ။ မုအေဘူ စသည့်စခန်းများကို ချေမန်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စက်လှေဖြင့်အောင်ပွဲခံပြန်လာသော ဒုဗိုလ်မှူးကြီး စောစံပြုံးနှင့် တပ်ဖွဲ့ဝင်များအား ဇွန်လ (၂၆) ရက်နေ့။ နံနက် (၇း၂၀) နာရီအချိန့် မော်ကလာဝဲတွင် KNUတိုYက ထိုင်းဘက်ကမ်းမှနေ ပစ်ခတ်လုပ်ကြံခဲ့ကြသည်၊
KNUအနေဖြင့် မဲဆောက် မြို့တွင် နေထိုင်သော ၄င်းတို့ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာအားလုပ်ကြံသတ်ဖြတ်ရာတွင် စောစံပြုံးလက်ချက်ဖြစ်သည်ဟု တထစ်ချသတ်မှတ်ထားသောကြောင့် ယခကဲ့ ပြန်လည်လက်စားချေခြင်းသာ ဖြစ်နိုင်သည်၊ စောစံပြုံး လုပ်}ကံသတ်ဖြတ်ခံခဲ့ရခြင်းမှာ KNU လက်စားချေမဖြစ်နိုင်သည်ဟူသော ယူဆချက်များကို KNU တွဲဘက်အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက အဆိုပါယူဆချက်များကိုလက်မခံခြင်းမှာ ဆင်သေကောင် ကို ဆိတ်သားရေဖြင့် ဖုံးကွယ်နေရန်ကြိုးစားခြင်းသာ ဖြစ်ပါသည်၊မိမိတို့ဘက်မှ သက်သေအထောက်အထား အခိုင်အမာဖြင့်ဖေါ်ပြရလျှင် (၁၄ှ, ရ,၀ဝ၉) ရက်နေ့တွင် KNU ။ တပ်မဟာ (၇)။တပ်မဟာမှူး ဗိုလ်မှူးဂျော်နီမှ လော်သေထနှင့် ထလော့ကြားတွင်
မိုင်းများထောင်ရန် စေလွတ်လိုက်သည့် KNUတပ်သားအဆင့်ရှိစောမောင်အေး။ အသက် (၂၅) နှစ်ကို မိမိတို့ အမှတ် (၆) တပ်ရင်းမှလက်ရဖမ်းဆီးမိပြီး။ စစ်ဆေးချက်အရ ဒုဗိုလ်မှူးကြီး စောစံပြုံးနှင့်အဖွဲ့ကို လုပ်ကြံသူများမှာ KNU ။ တပ်မဟာ (၇)။ လက်အောက်ခံKNDO ။ တပ်ရင်း (၅) မှ ဒုရင်းမှူးအဆင့်ရှိ စောမီလာ (ခ)စောဖါးတိုတို။ ဝိမာလ (ဝါးဒူးညီ)။ စောဖိုးအဲ့။ စောတာဖိုးကွေးနှင့်အမည်မသိသူ (၂) ဦး။ စုစုပေါင်း (၆) ဦးတို့ ဖြစ်ကြသည်၊ ၄င်းတို့အသုံးပြုခဲ့သည့် လက်နက်မှာ M-၇၉ (၂) လက်နှင့် လက်နက်ငယ် (၄) လက် ဖြစ်သည်၊ ထိုမျှဆိုလျှင် ဒုဗိုလ်မှူးကြီးစောစံပြုံးနှင့်အဖွဲ့ ကျဆုံးမှုမှာ မည်သူ့လက်ချက်ဖြစ်သည်ကို အများပြည်သူတို့ သို့လောသို့လော သံသယဖြစ်နေရသည်မှာ ရှင်းလောက်ပြီဟု ယူဆပါသည်၊
သတင်းမီဒီယာများကို စေတနာအရင်းခံဖြင့် အကြံပြုလိုသည်မှာ နောင်တွင်ဖြစ်စဉ်သတင်းများကို တိကျမှန်ကန်မရရှိအောင် ကြိုးစားကြစေလိုပါသည်၊