အဆိုပါသင်တန်းဆင်းပွဲကို ကရင်ပြည်နယ် ဖားအံမြို့အခြေစိုက် ကရင်စာပေနှင့်ယဉ်ကျေးမှု တိုးတက်ပြန့်ပွား ရေးအသင်းမှ နှစ်စဉ် ဖွင့်လှစ်ခြင်းဖြစ်ပြီး နယ်မြေတခုပြီးတခု အလှည့်ကျ တနှစ်တကြိမ် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါသင်တန်းဆင်းပွဲတွင် ကရင်စာပေနှင့် ပတ်သက်သည့် ကဗျာ၊ ဆောင်းပါး၊ ၀တ္တုစသည့် စာပေ ပြိုင်ပွဲများအပြင် ကရင့်ယဉ်ကျေးမှုနှင့်ပတ်သက်သည့် ဒုံးအက၊ ရိုးရာတူရိယာတီးပြိုင်ပွဲ၊ သရုပ်ဖော် ပြဇတ်နှင့် ပန်းချီပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါသင်တန်းဆင်းပွဲသို့ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ စာပေနှင့် ယဉ်ကျေးမှုမြတ်နိုးသူများ တက် ရောက်ခဲ့ကြသည်ဟု သိရှိရသည်။
သတင်း-အဲခေါင်သောင့်
ဓါတ်ပုံ-KDAဘလော့
အခြားပုံများကို အောက်တွင် ဆက်ကြည့်နိုင်သည်။