Wednesday, June 30, 2010

မြိုင်ကြီးငူဆရာတော် ဘန်ကောက်မှာ ဆေးကုသမှုခံယူ

Photo-KIC
တိုးတက်သော ဗုဒဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA)ရဲ့ ဦးဆောင် ဆရာတော် ဦးသုဇနဟာ အဆုတ်ရောဂါနဲ့ ဘန်ကောက်မြို့ (Bumrungrad)ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ ဆရာတော်ကို သွားရောက် ဖူးမြော်သူတဦးက ပြောပါတယ်။
ဆရာတော် အဲဒီဆေးရုံကို ရောက်နေတာ တပတ်လောက်ရှိပြီဖြစ်ပြီး စနေနေ့တုန်းက သူ့အခြေအနေသက်သာလာပြီလို့ ဆရာတော်ကို သွားရောက်ဖူးမြော်သူတဦးက ဆိုပါတယ်။ ဒါပေမယ့် ဆရာတော်ကို အခုဆေးရုံက ပြန်ခွင့်မပေးသေးတဲ့ အတွက် ဘယ်နေ့ ပြန်ခွင့်ပေးမလဲဆိုတာကို မသိရသေးဘူးလို့ ပြောပါတယ်။
အသက် ၆၀၀န်းကျင်ရှိပြီဖြစ်တဲ့ ဆရာတော် ဦးသုဇနဟာ အဆုတ်ရောဂါကြောင့် ပြိးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက အဆိုပါ ဆေးရုံမှာပဲ အဲဒီဆေးရုံမှာပဲ ဆေးကုသမှု ခံယူခဲ့ရပါတယ်။
ဆရာတော် ဦးသုဇနဟာ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသမှ သီတင်းသုံးနေထိုင်တာဖြစ်ပြီး ၁၉၉၅ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး (KNU)ကနေ ခွဲထွက်ခဲ့တဲ့ (DKBA)အဖွဲ့ရဲ့ နာယက ဆရာတော် ဖြစ်ပါတယ်။
ဒီဗီဘီ သတင်းဝက်ဆိုက်ဘ်စာမျက်နှာမှ ပြန်လည်ကူးယူထားပါသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment