Wednesday, November 17, 2010

သတင်းတိုထွာများ

DKBA တပ်ဖွဲ့တဖွဲ့ KNLA နှင့် ပူးပေါင်း
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ၉၀၉ တပ်ဖွဲ့သည် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ယနေ့ လာရောက် ပူးပေါင်းကြောင်း သတင်းရရှိသည်။ အင်အား ၁၀၀ ခန့်ရှိသည့် DKBA တပ်ရင်း ၉၀၉ ၏ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စတီးက ဦးဆောင်၍ လာရောက် ပူးပေါင်းခြင်းဖြစ်ပြီး ၎င်းတပ်ဖွဲ့သည် ကရင်ပြည်နယ် ကော့ ကရိတ် ဒေသ တ၀ိုက်တွင် အခြေချသည့် တပ်ဖွဲ့ဖြစ်ကြောင်း၊ နိုဝင်ဘာ ၇ ရက်နေ့က မြ၀တီမြို့တွင် စစ်အစိုးရ တပ်နှင့် တိုက်ပွဲဖြစ်ခဲ့သည့် ဗိုလ်မှူးကြီး စောလားပွယ် ၏ DKBA တပ်မဟာ ၅ မှ တပ်ဖွဲ့တဖွဲ့ဖြစ်ကြောင်း သိရသည်။ ဧရာဝတီ

ဘုရားသုံးဆူဒေသ တိုက်ပွဲ နအဖ ၄၀ကျော်ဒဏ်ရာရ
၁၇၊ နိုဝင်ဘာလ၊ ၂၀၁၀
- တပ်မဟာ (၆) ရှိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်စုများက နအဖ စစ်တပ် ခမရ ၂၈၄ တပ်သားများအား ကျောက်ကွဲကျေးရွာအပြင်ရှိ မိုင်းကွင်းများသို့ တိုက်ထုတ်မှုကြောင့် နအဖ စစ်တပ်မှ စစ်သား ၄၀ ယောက် ဒဏ်ရာအပြင်းအထန် ဒဏ်ရာရှိကြောင်း သိရှိရသည်။ နအဖ စစ်တပ်မှ ဒဏ်ရာရ စစ်သားအများအပြား ပြန်လည်ဆုတ်ခွာစဉ် နအဖ စစ်တပ်မှ စစ်သားအချို့ ထပ်မံ မိုင်းထိခဲ့ကြောင်းလည်း သိရှိရသည်။ ဒဏ်ရာရ တပ်သားများကို ဘုရားသုံးဆူအနီးရှိ ဗမာစစ်တပ်များ စခန်းချရာနေရာသို့ ကုန်ကားကြီးများဖြင့် ခေါ်ဆောင်သွားသည်။ ထိုတိုက်ပွဲများတွင် နအဖ စစ်တပ်မှ မည်မျှသေဆုံးသည်ကို မသိရသေးပေ။

- နအဖ စစ်တပ် ခမရ ၂၈၄ သည် ဘုရားဆုံးဆူအနီး သသိန်းရွာမှ မွန်လူမျိုး အရပ်သား ၁၅ဦးအား စစ်ကိရိယာများ နှင့်ရိက္ခာများသယ်ခိုင်းရန် ပေါ်တာဆွဲခဲ့သည်။ မျက်မြင်သက်သေတဦး အဆိုအရ ပေါ်တာ မလိုက်ပါက ရွာကို မီးရှို့မည်ဟု အစိုးရတပ်သားများက ခြိမ်းခြောက်သည်ဟု သိရှိရသည်။

- ဘုရားဆုံးဆူအနီးတွင် ယမန်နေ့ညနေက တပ်မဟာ ၆ မှ ကရင့်အမျိုးသားလွှတ်မြောက်ရေး တပ်မတော် KNLA ရဲ့ တိုက်ခိုက်မှုကြောင့် နအဖ စစ်တပ် ခမရ ၂၈၄ နဲ့ ၂၀၇ မှ စစ်သား ၄၀ ယောက် ဒဏ်ရာအပြင်းအထန် ရရှိသွားကြောင်း သိရှိရသည်။ (ကိုးကား - TaiFreedom)
(ဆုံဆည်းရာဘလော့မှ)

Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment