Wednesday, November 17, 2010

ဒီကေဘီအေနှင့် ကေအဲန်ယူ ပူးတွဲ တိုက်တော့မည်။


သမိုင်းဝင်မှတ်တမ်းဓါတ်ပုံများ။

ဓါတ်ပုံ- သောသီခိုဘလော့
ဒီမှတ်တမ်း ဓါတ်ပုံကတော့ နအဖဘုံရန်သူကို မိခင် ကေအဲန်ယူနဲ့အတူ လက်တွဲ တိုက်ပွဲဝင်နေသော ဒီကေဘီအေ တပ်မဟာ ၅လက်အောက်ခံ တပ်ရင်း ၉၀၉တပ်ရင်းမှ ဗိုလ်မှူးကြီး စတီးဦးဆောင်တဲ့ အဖွဲ့ဝင် ၁၀၀ကျော်ပါ အဖွဲ့ကို နယ်မြေခံ ကရင်လူထုနှင့် ကေအဲန်ယူ တပ်ဖွဲ့ဝင်များက နွေးနွေးထွေးထွေး ကြိုဆိုပွဲ ပြုလုပ်ခဲ့တဲ့ အခမ်းအနားမှတ်တမ်း ဓါတ်ပုံတွေပဲ ဖြစ်ပါတယ်။ အဆိုပါအခမ်းအနားကို နိုဝင်ဘာလ ၁၇ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ဒီကေဘီအေမှ ဗိုလ်မှူးကြီးစတီး နှင့်အတူ တပ်ဗိုလ်တပ်မှူးများ၊ တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး ကေအဲန်ယူဘက်မှ ဗိုလ်မှူးကြီး နယ်ဒါးမြ၊ ဗိုလ်မှူးကြီး စောဖောဒိုနှင့် နယ်မြေခံ ကေအဲန်အယ်လ်အေ တပ်ဗိုလ်တပ်မှူး တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် ကရင့်တော်လှန်ရေးကို တောက်လျှောက် အားပေးထောက်ခံတဲ့ နာမည်ကြီး ကရင့် ဘုန်းတော်ကြီး ဦးဝိဇန(ရမ်ဘိုဘုန်းကြီး)နှင့် ဗုဒဘာသာ ကရင်ဘုန်းတော်ကြီးများ၊ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များနဲ့ နယ်မြေခံ ကရင်လူထုများလည်း တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါတယ်။ အဆိုပါ ဒီကေဘီအေ တပ်ရင်း ၉၀၉တပ်ရင်းဟာ ကော့ကရိတ်မြို့နယ်တွင်း အခြေချ လှုပ်ရှားနေပြီး နအဖကို ကမ္ဘာသိအောင် တွန်းလှန်တိုက်ပွဲ ၀င်နေတဲ့ ဗိုလ်နှုတ်ခမ်းမွေးရဲ့ တပ်မဟာ ၅လက်အောက်ခံမှ တပ်ရင်းတရင်း ဖြစ်ပါတယ်။ တပ်မဟာ ၅လက်အောက်တွင် ကလိုထူးဘော ဗျူဟာ၊ ၉၀၁၊ ၉၀၂၊ ၉၀၆၊ ၉၀၇၊ ၉၀၉စတဲ့ လက်အောက်ခံတပ်ရင်းများရှိပြီး တပ်ရင်းတိုင်းလိုလို နယ်ခြားစောင့် အသွင်ပြောင်းရေးကို လက်မခံပဲ ဆက်လက်တိုက်ပွဲဝင်နေကြပြီ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment